မိုင်ယာမီမှာ ဇိမ်ခံတိုက်ခန်းဝယ်လိုက်ပြီးနောက် ဘက်ဟမ်းရဲ့အသင်းကို မက်ဆီပြောင်းတော့မှာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုအသင်းတိုက်စစ်မှူး မက်ဆီဟာ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့မှာ ပေါင် ၇.၂၅ သန်းတန်ကြေးရှိတဲ့ တိုင်ခန်းတွဲတစ်ခု ဝယ်ယူလိုက်လို့ မေဂျာလိဂ်မှာသူပြောင်းမယ့် အသင်းက ဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ ဖြစ်ဖို့ပိုမိုနီးစပ်လာနေပြီဖြစ်ကြောင်း သတင်းတွေမှာဖော်ပြနေကြပါတယ်။

အသက် ၃၃ နှစ်ရှိ ပြီဖြစ်တဲ့ မက်ဆီရဲ့အနာဂတ်ဟာ ဘောလုံးလောကရဲ့ လူစိတ်ဝင်စားမှုအရှိဆုံးသတင်းဖြစ်နေတာပါ။ လာမယ့်နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ အမေရိကန်အခြေစိုက် မေဂျာလိဂ်ကိုသွားပြီး ဘောလုံးနဲ့ပတ်သက်တဲ့ အတွေ့အကြုံသစ်တွေကို ရယူလိုတယ်လို့ ပြောထားတာပါ။

သူဒီလိုပြောပြီး သိပ်မကြာခင်မှာ မိုင်ယာမီမှာရှိတဲ့ Porsche Design Tower မှာရှိတဲ့ ဇိမ်ခံတိုက်ခန်းတွဲတစ်ခုကို ပေါင် ၇.၂၅ သန်းနဲ့ဝယ်ထားတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာပါ။ ဒီတိုက်ခန်းမှာ ကားကိုဘဲသီးသန့်အတင်အချလုပ်ပေးမယ့် ဓါတ်လှေကားတစ်ခုစီလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဖလော်ရီဒါပြည်နယ်ရဲ့ ရာသီဥတု နွေးထွေးသာယာတဲ့ Sunny Isles Beach မှာတည်ရှိတဲ့ ဒီအဆောက်အဦဟာ အဲဒီဒေသမှာတော့ အမြင့်ဆုံးဖြစ်ပြီး အထပ်ပေါင်း ၆၀ ပါရှိကာ မက်ဆီဝယ်ထားတာ ၁၈ လတောင်ရှိနေပြီလို့ လည်း ဆိုကြပါတယ်။သမုဒ္ဒရာကို မျက်နှာမူထားပြီး ရှုခင်းတွေသာယာလှပတဲ့ အဲဒီအဆောက်အဦကို ၂၀၁၇အတွင်းက ဖွင့်လှစ်ထားတာပါ။

ထူးခြားတာက အဲဒီနေရာဟာ အင်တာမိုင်ယာမီအသင်းရဲ့ကွင်းနဲ့ ခဲတစ်ပစ်စာ ဘဲဝေးပြီး ၂၅ မိနစ်လောက် ကားမောင်းသွားရင်ရောက်ပါပြီ။ ဒါကြောင့် ဘက်ဟမ်းရဲ့အသင်းဆီ မက်ဆီပြောင်း နိုင်တယ်ဆိုတာ အများကြီးဖြစ်နိုင်တယ်လို့ ဆိုကြတာပါ။

နောက်ပြီး မက်ဆီဟာ သူ့ကလေးတွေရဲ့ ပညာရေးကိုလည်း ထည့်တွက်နေပြီး တက္ကသိုလ်မတက်ခင်မှာ အမေရိကန်အထက်တန်းကျောင်းတွေမှာ ထားဖို့လည်း စိတ်ကူးရှိနေတာဖြစ်ပါတယ်။

စပိန်သတင်းအချို့ကတော့ မက်ဆီဟာ သူ ၁၉ နှစ်ကြာ လက်တွဲခဲ့တဲ့ ဘာစီလိုနာမှာ ၂ နှစ်ထပ်ကစားဦးမှာဖြစ်ပြီး ၂၀၂၃ မှသာ အင်တာမိုင်ယာမီကို ပြောင်းလိမ့်မယ်လို့ ဖော်ပြနေကြပါတယ်။ ဘာဘဲဖြစ်ဖြစ် ဘောလုံးလောကရဲ့ မင်းသားတစ်ပါးဖြစ်ခဲ့တဲ့ ဘက်ဟမ်းနဲ့ မက်ဆီ လက်တွဲမှာလားဆိုတာ သိပ်ကို စိတ်ဝင်စားစရာ ဖြစ်နေတာအမှန်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မိုင္ယာမီမွာ ဇိမ္ခံတိုက္ခန္းဝယ္လိုက္ၿပီးေနာက္ ဘက္ဟမ္းရဲ႕အသင္းကို မက္ဆီေျပာင္းေတာ့မွာလား

ဘာစီလိုအသင္းတိုက္စစ္မႉး မက္ဆီဟာ အေမရိကန္ႏိုင္ငံ မိုင္ယာမီၿမိဳ႕မွာ ေပါင္ ၇.၂၅ သန္းတန္ေၾကးရွိတဲ့ တိုင္ခန္းတြဲတစ္ခု ဝယ္ယူလိုက္လို႔ ေမဂ်ာလိဂ္မွာသူေျပာင္းမယ့္ အသင္းက ေဒးဗစ္ဘက္ဟမ္းပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီ ျဖစ္ဖို႔ပိုမိုနီးစပ္လာေနၿပီျဖစ္ေၾကာင္း သတင္းေတြမွာေဖာ္ျပေနၾကပါတယ္။ အသက္ ၃၃ ႏွစ္ရွိ ၿပီျဖစ္တဲ့ မက္ဆီရဲ႕အနာဂတ္ဟာ ေဘာလုံးေလာကရဲ႕ လူစိတ္ဝင္စားမႈအရွိဆုံးသတင္းျဖစ္ေနတာပါ။ လာမယ့္ေႏြရာသီမွာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ မက္ဆီဟာ မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ အေမရိကန္အေျခစိုက္ ေမဂ်ာလိဂ္ကိုသြားၿပီး ေဘာလုံးနဲ႔ပတ္သက္တဲ့ အေတြ႕အႀကဳံသစ္ေတြကို ရယူလိုတယ္လို႔ ေျပာထားတာပါ။

သူဒီလိုေျပာၿပီး သိပ္မၾကာခင္မွာ မိုင္ယာမီမွာရွိတဲ့ Porsche Design Tower မွာရွိတဲ့ ဇိမ္ခံတိုက္ခန္းတြဲတစ္ခုကို ေပါင္ ၇.၂၅ သန္းနဲ႔ဝယ္ထားတယ္ဆိုတဲ့သတင္း ထြက္ေပၚလာတာပါ။ ဒီတိုက္ခန္းမွာ ကားကိုဘဲသီးသန႔္အတင္အခ်လုပ္ေပးမယ့္ ဓါတ္ေလွကားတစ္ခုစီလည္း ပါဝင္တယ္လို႔ သိရပါတယ္။ ဖေလာ္ရီဒါျပည္နယ္ရဲ႕ ရာသီဥတု ေႏြးေထြးသာယာတဲ့ Sunny Isles Beach မွာတည္ရွိတဲ့ ဒီအေဆာက္အဦဟာ အဲဒီေဒသမွာေတာ့ အျမင့္ဆုံးျဖစ္ၿပီး အထပ္ေပါင္း ၆၀ ပါရွိကာ မက္ဆီဝယ္ထားတာ ၁၈ လေတာင္ရွိေနၿပီလို႔ လည္း ဆိုၾကပါတယ္။သမုဒၵရာကို မ်က္ႏွာမူထားၿပီး ရႈခင္းေတြသာယာလွပတဲ့ အဲဒီအေဆာက္အဦကို ၂၀၁၇အတြင္းက ဖြင့္လွစ္ထားတာပါ။

ထူးျခားတာက အဲဒီေနရာဟာ အင္တာမိုင္ယာမီအသင္းရဲ႕ကြင္းနဲ႔ ခဲတစ္ပစ္စာ ဘဲေဝးၿပီး ၂၅ မိနစ္ေလာက္ ကားေမာင္းသြားရင္ေရာက္ပါၿပီ။ ဒါေၾကာင့္ ဘက္ဟမ္းရဲ႕အသင္းဆီ မက္ဆီေျပာင္း ႏိုင္တယ္ဆိုတာ အမ်ားႀကီးျဖစ္ႏိုင္တယ္လို႔ ဆိုၾကတာပါ။ ေနာက္ၿပီး မက္ဆီဟာ သူ႔ကေလးေတြရဲ႕ ပညာေရးကိုလည္း ထည့္တြက္ေနၿပီး တကၠသိုလ္မတက္ခင္မွာ အေမရိကန္အထက္တန္းေက်ာင္းေတြမွာ ထားဖို႔လည္း စိတ္ကူးရွိေနတာျဖစ္ပါတယ္။ စပိန္သတင္းအခ်ိဳ႕ကေတာ့ မက္ဆီဟာ သူ ၁၉ ႏွစ္ၾကာ လက္တြဲခဲ့တဲ့ ဘာစီလိုနာမွာ ၂ ႏွစ္ထပ္ကစားဦးမွာျဖစ္ၿပီး ၂၀၂၃ မွသာ အင္တာမိုင္ယာမီကို ေျပာင္းလိမ့္မယ္လို႔ ေဖာ္ျပေနၾကပါတယ္။ ဘာဘဲျဖစ္ျဖစ္ ေဘာလုံးေလာကရဲ႕ မင္းသားတစ္ပါးျဖစ္ခဲ့တဲ့ ဘက္ဟမ္းနဲ႔ မက္ဆီ လက္တြဲမွာလားဆိုတာ သိပ္ကို စိတ္ဝင္စားစရာ ျဖစ္ေနတာအမွန္ပါ။