မိုဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မော်ရင်ဟို ဆန္ဒရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဖြစ်တဲ့ လူကာမိုဒရစ်ဟာ အသင်းဟောင်းစပါးကို ပြန်သွားရတော့မယ့် အခြေ အနေရှိနေတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်လို့ သူဟာရာသီကုန်ချိန်မှာ အလွတ်ကြေးနဲ့ထွက်ခွာ နိုင်မယ့်သူဖြစ်ပါတယ်။

ဒါကြောင့်လည်း စပါးနည်းပြ မော်ရင်ဟိုဟာ မိုဒရစ်ကိုခေါ်ယူဖို့အံအားသင့်စရာကောင်းအောင် ကြံစည်နေတာလို့ စပိန်သတင်းတစ်ရပ်မှာ‌ ဖော်ပြသွားပါတယ်။ မော်ရင်ဟိုဟာ အခုရာသီအစပိုင်းကလည်း စပါးကစားသမားဟောင်းဖြစ်သူ ဂါရတ်ဘေးလ်နဲ့ ရီဂူလွန်တို့ကို ခေါ်ယူခဲ့သေးလို့ သူ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဆီကနေ တတိယမြောက်ခေါ်ယူမှုအဖြစ် စပါးရဲ့ကစားသမားဟောင်း ကိုခေါ်ယူဖို့ ဆက်လက်ကြံစည်နေတာပါ။

မော်ရင်ဟိုဟာ မိုဒရစ်ကိုအကြိုက်တွေ့သူဖြစ်ပြီး ၂၀၁၂ က ရီးရဲလ်နည်းပြဖြစ် စဉ်မှာ စပါးကနေပေါင်သန်း ၃၀ နဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက မိုဒရစ်ဟာ မန်ယူအသင်းကိုရောက်ဖို့ နီးစပ်ခဲ့ပေမယ့် အဆုံးသတ်မှာ ရီးရဲလ်ကိုဘဲ ရွေးချယ်သွားခဲ့တာပါ။

သူဟာ ၂၀၁၀-၁၁ ဘောလုံးရာသီမှာ စပါးအသင်းဖော်တွေက ရွေးချယ်တဲ့ကလပ်ရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ရီးရဲလ်ဟာ ချန်ပီယံလိဂ်ဖလားကို ၂၀၁၄၊ ၂၀၁၆ ၊ ၂၀၁၇ နဲ့ ၂၀၁၈ တို့မှာရရှိခဲ့တော့ မိုဒရစ်ဟာ ကစားဖော် တိုနီခရူးစ်နဲ့အတူ ကွင်းလယ်မှာ အဓိကကျ သူတွေဖြစ်ခဲ့ပါတယ်။

သူဟာ သူ့မိခင်အသင်းဖြစ်တဲ့ ခရိုအေးရှားကို ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲရောက်ရှိအောင် ကူညီပေးခဲ့လို့ အဲဒီနှစ်ရဲ့ Ballon d’Or ဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

မိုဒရစ်ဟာ လာမယ့်နွေရောက်မှ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်မှာ ဖြစ်ပေမယ့် စည်းမျဉ်းတွေအရ လာမယ့်ဇန်နဝါရီဈေးကွက်မှာ သူနှစ်သက်တဲ့ကလပ်တစ်ခုနဲ့ ဆွေးနွေးပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း မော်ရင်ဟိုက လာမယ့်ဆောင်းရာသီ အပြောင်းအရွေ့မှာ စပါးကွင်းလယ်လူဟောင်း မိုဒရစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး သိပ်မကြာသေးတဲ့ ရက်ပိုင်းကလည်း မိုဒရစ်ကို မော်ရင်ဟို ကိုယ်တိုင် ဖုန်းဆက်ပြီး စကားပြောခဲ့တယ်ဆိုတဲ့ သတင်းတွေက လည်း ထွက်ပေါ်နေပါတယ်။

သူဟာ ၂၀၀၈ မှာခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ဘ်ကနေ စပါးကိုပြောင်းလာတဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မိုဒရစ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ေမာ္ရင္ဟို ဆႏၵရွိေန

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူျဖစ္တဲ့ လူကာမိုဒရစ္ဟာ အသင္းေဟာင္းစပါးကို ျပန္သြားရေတာ့မယ့္ အေျခအေနရွိေနတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ မိုဒရစ္ဟာ လာမယ့္ေႏြရာသီမွာ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ေတာ့မွာျဖစ္လို႔ သူဟာရာသီကုန္ခ်ိန္မွာ အလြတ္ေၾကးနဲ႔ထြက္ခြာႏိုင္မယ့္သူျဖစ္ပါတယ္။

ဒါေၾကာင့္လည္း စပါးနည္းျပ ေမာ္ရင္ဟိုဟာ မိုဒရစ္ကိုေခၚယူဖို႔အံအားသင့္စရာေကာင္းေအာင္ ႀကံစည္ေနတာလို႔ စပိန္သတင္းတစ္ရပ္မွာ‌ ေဖာ္ျပသြားပါတယ္။ ေမာ္ရင္ဟိုဟာ အခုရာသီအစပိုင္းကလည္း စပါးကစားသမားေဟာင္းျဖစ္သူ ဂါရတ္ေဘးလ္နဲ႔ ရီဂူလြန္တို႔ကို ေခၚယူခဲ့ေသးလို႔ သူ႔အသင္းေဟာင္း ရီးရဲလ္မက္ဒရစ္ဆီကေန တတိယေျမာက္ေခၚယူမႈအျဖစ္ စပါးရဲ႕ကစားသမားေဟာင္း ကိုေခၚယူဖို႔ ဆက္လက္ႀကံစည္ေနတာပါ။

ေမာ္ရင္ဟိုဟာ မိုဒရစ္ကိုအႀကိဳက္ေတြ႕သူျဖစ္ၿပီး ၂၀၁၂ က ရီးရဲလ္နည္းျပျဖစ္စဥ္မွာ စပါးကေနေပါင္သန္း ၃၀ နဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။ အဲဒီတုန္းက မိုဒရစ္ဟာ မန္ယူအသင္းကိုေရာက္ ဖို႔နီးစပ္ခဲ့ေပမယ့္ အဆုံးသတ္မွာ ရီးရဲလ္ကိုဘဲ ေ႐ြးခ်ယ္သြားခဲ့တာပါ။ သူဟာ ၂၀၁၀-၁၁ ေဘာလုံးရာသီမွာ စပါးအသင္းေဖာ္ေတြက ေ႐ြးခ်ယ္တဲ့ကလပ္ရဲ႕တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့သူလည္းျဖစ္ပါတယ္။

ရီးရဲလ္ဟာ ခ်န္ပီယံလိဂ္ဖလားကို ၂၀၁၄၊ ၂၀၁၆ ၊ ၂၀၁၇ နဲ႔ ၂၀၁၈ တို႔မွာရရွိခဲ့ေတာ့ မိုဒရစ္ဟာ ကစားေဖာ္ တိုနီခ႐ူးစ္နဲ႔အတူ ကြင္းလယ္မွာ အဓိကက် သူေတြျဖစ္ခဲ့ပါတယ္။ သူဟာ သူ႔မိခင္အသင္းျဖစ္တဲ့ ခ႐ိုေအးရွားကို ၂၀၁၈ ကမာၻ႔ဖလားမွာ ဗိုလ္လုပြဲေရာက္ရွိေအာင္ ကူညီေပးခဲ့လို႔ အဲဒီႏွစ္ရဲ႕ Ballon d’Or ဆုကိုလည္း ဆြတ္ခူးခဲ့ပါတယ္။ မိုဒရစ္ဟာ လာမယ့္ေႏြေရာက္မွ ရီးရဲလ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္မွာ ျဖစ္ေပမယ့္ စည္းမ်ဥ္းေတြအရ လာမယ့္ဇန္နဝါရီေဈးကြက္မွာ သူႏွစ္သက္တဲ့ကလပ္တစ္ခုနဲ႔ ေဆြးေႏြးပိုင္ခြင့္ရွိမွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေမာ္ရင္ဟိုက လာမယ့္ေဆာင္းရာသီ အေျပာင္းအေ႐ြ႕မွာ စပါးကြင္းလယ္လူေဟာင္း မိုဒရစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ၿပီး သိပ္မၾကာေသးတဲ့ ရက္ပိုင္းကလည္း မိုဒရစ္ကို ေမာ္ရင္ဟို ကိုယ္တိုင္ ဖုန္းဆက္ၿပီး စကားေျပာခဲ့တယ္ဆိုတဲ့ သတင္းေတြက လည္း ထြက္ေပၚေနပါတယ္။ သူဟာ ၂၀၀၈ မွာခ႐ိုေအးရွားကလပ္ ဒိုင္နမိုဇာဂရက္ဘ္ကေန စပါးကိုေျပာင္းလာတဲ့သူျဖစ္ပါတယ္။