မိုရာတာအနေနဲ့ လာမယ့် ယူရို ပွဲစဉ်မှာ (၃) ဂိုး သွင်းပြီး လူတိုင်းကို ပါးစပ်ပိတ်လိမ့်မယ်လို့ ပြောတဲ့ လာပေါ်တေး

စပိန် နောက်ခံလူ လာပေါ်တေးကတော့ စပိန် လက်ရွေးစင် အသင်းဖော် တိုက်စစ်မှူး မိုရာတာဟာ လာမယ့် ပွဲစဉ်တွေမှာ အသင်းအတွက် လိုအပ်တဲ့ ဂိုးတွေ သွင်းပြီး လူတိုင်းကို ပါးစပ်ပိတ်ပစ်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

စပိန်အသင်းဟာ ဆွီဒင်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲအပြီး ဘောလုံး ပိုင်ဆိုင်မှု (၈၅) ရာခိုင်နှုန်း ရရှိခဲ့ပေမယ့် တိုက်စစ်မှူး မိုရာတာ အပါအဝင် အခြား ကစားသမားတွေကလည်း သွင်းဂိုး ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

စပိန်အသင်းဟာ ဆွီဒင်အသင်းနဲ့ ပွဲစဉ်က ပထမပိုင်းမှာတင် ဘောလုံး ပေးပို့မှု (၄၁၉) ကြိမ် ပြုလုပ်ခဲ့တာကြောင့် ယူရို ပြိုင်ပွဲ တစ်လျှောက် ပထမပိုင်းအတွင်း ဘောလုံး ပေးပို့မှု အများဆုံး အဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်

နည်းပြ အင်းနရစ်ရဲ့ စပိန်အသင်းဟာ ဆွီဒင်အသင်းနဲ့ ပွဲစဉ် ပြီးနောက် ဘောလုံး ပေးပို့မှု စုစုပေါင်း (၉၁၇) ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ယူရို ပြိုင်ပွဲ တစ်လျှောက် ပွဲစဉ် (၁) ပွဲမှာ ဘောလုံး ပေးပို့မှု အများဆုံး ဖြစ်သွားခဲ့ပါတယ်။

 

စပိန်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသားစီး ရရှိခဲ့ပေမယ့်လည်း ဂိုးပေါက်ရှေ့မှာ တိကျတဲ့ အဆုံးသတ်မှုတွေ ကင်းမဲ့နေခဲ့ပြီး သွင်းဂိုး မရနိုင်ခဲ့တာကြောင့် အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုကို ခံခဲ့ရပါတယ်။

ဒါပေမယ့် နောက်ခံလူ လာပေါ်တေးက တိုက်စစ်မှူး မိုရာတာအနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ ဂိုးမြူးနိုင်တယ်လို့ ပြောခဲ့ပြီး စပိန် နည်းပြ အင်းနရစ်ကလည်း မိုရာတာအနေနဲ့ ကံမကောင်းခဲ့ဘူးလို့ ချေပသွားခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်း နဲ့ ဆီဒင်အသင်းတို့ရဲ့ ဂိုးမရှိ သရေ ပွဲစဉ် အပြီးမှာ နောက်ခံလူ လာပေါ်တေးက “သက်သေတွေ အများကြီး ပြခဲ့ပြီးပြီ ဖြစ်တဲ့ မိုရာတာလို တိုက်စစ်မှူးကို ကျွန်တော်တို့ သံသယမဝင်သင့်ပါဘူး။ နောက်ပွဲမှာ သူက သွင်းဂိုး (၃) ဂိုး သွင်းပြီးတော့ လူတိုင်းကို ပါးစပ်ပိတ်ပစ်ပါလိမ့်မယ်”လို့ ပြောသွားခဲ့ပါတယ်။

စပိန် နည်းပြ လူးဝစ် အင်းနရစ်ကလည်း “ကျွန်တော်လည်း မိုရာတာအတွက် လက်ခုပ်တီးပေးကြတာတွေကို ကြားခဲ့ပါတယ်။ ကျွန်တော် အဲဒီအားပေးမှုအပေါ်မှာ အာရုံစိုက်သွားပါမယ်။ မိုရာတာက ကောင်းစွာ ကစားတဲ့ ကစားသမားကောင်းပါ။ ဒီနေ့တော့ သူ ကံမကောင်းပါဘူး။ ဒီလိုမျိုး ဖြစ်တာက ဘောလုံးပါ၊ ဘဝပါ။ လူထုက ကိုယ့်ဖက်မှာ ရှိနေရင် ကစားရတာ ပို လွယ်ပါတယ်။ သူ ပြောင်းလဲလာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Zawgyi

မိုရာတာအေနနဲ႔ လာမယ့္ ယူ႐ို ပြဲစဥ္မွာ (၃) ဂိုး သြင္းၿပီး လူတိုင္းကို ပါးစပ္ပိတ္လိမ့္မယ္လို႔ ေျပာတဲ့ လာေပၚေတး

စပိန္ ေနာက္ခံလူ လာေပၚေတးကေတာ့ စပိန္ လက္ေ႐ြးစင္ အသင္းေဖာ္ တိုက္စစ္မႉး မိုရာတာဟာ လာမယ့္ ပြဲစဥ္ေတြမွာ အသင္းအတြက္ လိုအပ္တဲ့ ဂိုးေတြ သြင္းၿပီး လူတိုင္းကို ပါးစပ္ပိတ္ပစ္ႏိုင္လိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။

စပိန္အသင္းဟာ ဆြီဒင္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ပြဲအၿပီး ေဘာလုံး ပိုင္ဆိုင္မႈ (၈၅) ရာခိုင္ႏႈန္း ရရွိခဲ့ေပမယ့္ တိုက္စစ္မႉး မိုရာတာ အပါအဝင္ အျခား ကစားသမားေတြကလည္း သြင္းဂိုး ရရွိဖို႔အတြက္ ႐ုန္းကန္ခဲ့ရပါတယ္။

စပိန္အသင္းဟာ ဆြီဒင္အသင္းနဲ႔ ပြဲစဥ္က ပထမပိုင္းမွာတင္ ေဘာလုံး ေပးပို႔မႈ (၄၁၉) ႀကိမ္ ျပဳလုပ္ခဲ့တာေၾကာင့္ ယူ႐ို ၿပိဳင္ပြဲ တစ္ေလွ်ာက္ ပထမပိုင္းအတြင္း ေဘာလုံး ေပးပို႔မႈ အမ်ားဆုံး အျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

နည္းျပ အင္းနရစ္ရဲ႕ စပိန္အသင္းဟာ ဆြီဒင္အသင္းနဲ႔ ပြဲစဥ္ ၿပီးေနာက္ ေဘာလုံး ေပးပို႔မႈ စုစုေပါင္း (၉၁၇) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ယူ႐ို ၿပိဳင္ပြဲ တစ္ေလွ်ာက္ ပြဲစဥ္ (၁) ပြဲမွာ ေဘာလုံး ေပးပို႔မႈ အမ်ားဆုံး ျဖစ္သြားခဲ့ပါတယ္။

စပိန္အသင္းဟာ ေဘာလုံး ပိုင္ဆိုင္မႈ အသားစီး ရရွိခဲ့ေပမယ့္လည္း ဂိုးေပါက္ေရွ႕မွာ တိက်တဲ့ အဆုံးသတ္မႈေတြ ကင္းမဲ့ေနခဲ့ၿပီး သြင္းဂိုး မရႏိုင္ခဲ့တာေၾကာင့္ အသင္း ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ေအာ္ဟစ္မႈကို ခံခဲ့ရပါတယ္။

ဒါေပမယ့္ ေနာက္ခံလူ လာေပၚေတးက တိုက္စစ္မႉး မိုရာတာအေနနဲ႔ လာမယ့္ ပြဲစဥ္ေတြမွာ ဂိုးျမဴးႏိုင္တယ္လို႔ ေျပာခဲ့ၿပီး စပိန္ နည္းျပ အင္းနရစ္ကလည္း မိုရာတာအေနနဲ႔ ကံမေကာင္းခဲ့ဘူးလို႔ ေခ်ပသြားခဲ့တာ ျဖစ္ပါတယ္။

စပိန္အသင္း နဲ႔ ဆီဒင္အသင္းတို႔ရဲ႕ ဂိုးမရွိ သေရ ပြဲစဥ္ အၿပီးမွာ ေနာက္ခံလူ လာေပၚေတးက “သက္ေသေတြ အမ်ားႀကီး ျပခဲ့ၿပီးၿပီ ျဖစ္တဲ့ မိုရာတာလို တိုက္စစ္မႉးကို ကြၽန္ေတာ္တို႔ သံသယမဝင္သင့္ပါဘူး။ ေနာက္ပြဲမွာ သူက သြင္းဂိုး (၃) ဂိုး သြင္းၿပီးေတာ့ လူတိုင္းကို ပါးစပ္ပိတ္ပစ္ပါလိမ့္မယ္”လို႔ ေျပာသြားခဲ့ပါတယ္။

စပိန္ နည္းျပ လူးဝစ္ အင္းနရစ္ကလည္း “ကြၽန္ေတာ္လည္း မိုရာတာအတြက္ လက္ခုပ္တီးေပးၾကတာေတြကို ၾကားခဲ့ပါတယ္။ ကြၽန္ေတာ္ အဲဒီအားေပးမႈအေပၚမွာ အာ႐ုံစိုက္သြားပါမယ္။ မိုရာတာက ေကာင္းစြာ ကစားတဲ့ ကစားသမားေကာင္းပါ။ ဒီေန႔ေတာ့ သူ ကံမေကာင္းပါဘူး။ ဒီလိုမ်ိဳး ျဖစ္တာက ေဘာလုံးပါ၊ ဘဝပါ။ လူထုက ကိုယ့္ဖက္မွာ ရွိေနရင္ ကစားရတာ ပို လြယ္ပါတယ္။ သူ ေျပာင္းလဲလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။