မီလန်ဒါဘီမှာ ဒေါသတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ မန်ယူအသင်းဖော်ဟောင်းနှစ်ယောက်

ကိုပါအီတာလီယာကွာတားဖိုင်နယ်က မီလန်ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အီဘရာဟီမိုဗစ်နဲ့လူကာကူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဒေါသတကြီးပြောဆိုမှုတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

အဲဒီမန်ယူအသင်းဖော်ဟောင်းနှစ်ယောက်ဟာ ဆန်စီရိုကွင်းက ပထမပိုင်းပြီးခါနီးလေးမှာ တစ်ယောက်နဲ့တစ်ယောက် အချင်းများခဲ့ကြတာပါ။

အပြန်အလှန်ပြောဆိုမှုတွေနဲ့ ခေါင်းချင်းတိုက်ခဲ့တဲ့ သူတို့နှစ်ယောက်ကို ကွင်းလယ်ဒိုင်ဗလာရီက အဝါကတ်ပြသတိပေးခဲ့ရတာပါ။

ဒါ့အပြင် အသင်းဖော်တွေက ကြားဝင်လူခွဲချိန်မှာလည်း မိုဗစ်က ”မင်းရဲ့စုန်းကဝေအလုပ်သာ သွားလုပ်စမ်းပါ မြည်းလေးရာ”လို့ လှမ်းအော်ခဲ့ပါတယ်။

ပထမပိုင်းပွဲသိမ်းခရာမှုတ်လို့ ဥမင်ထဲဝင်နေချိန်မှာလည်း လူကာကူတစ်ယောက် ဒေါသမပြေနိုင်ဖြစ်နေပြီး မိုဗစ်က သူ့အမေအကြောင်း မကောင်းပြောလို့ ပိုပြီးပေါက်ကွဲနေပုံပေါက်ကာ အဲဒီဆွီဒင်သားကို လိုက်ထိုးမယ့်ပုံစံရှိနေလို့ အသင်းဖော်တွေက ထပ်ဆွဲခဲ့ရသေးတယ်။

အဲဒီအချိန်မှာ လူကာကူက မိုဗစ်ကို ”မင်းနဲ့မင်းမိန်းမကို F*** ပဲကွာ။ မိန်းမလို မိန်းမရနဲ့ မင်းက ငါ့အမေကြောင်းပြောချင်နေတာလား”လို့ အသင်းဖော်တွေဆွဲနေတဲ့ကြားကပဲ လှမ်းအော်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာ အခြေအနေပြန်လည်တည်ငြိမ်သွားပေမယ့် ၁၃ မိနစ်အကြာမှာ မိုဗစ်ဟာ နောက်ထပ်တစ်ဝါထိသွားပြီး ၂ ဝါ တစ်နီနဲ့ အထုတ်ခံလိုက်ရပါတယ်။

အဲဒီနောက်ပိုင်း တစ်ယောက်သာသွားတဲ့ အင်တာ ပင်နယ်တီရတော့ လူကာကူဟာ ဒေါသပါတဲ့အားပြင်းပြင်းကန်ချက်နဲ့ ချေပဂိုးဖြစ်စေခဲ့ပါတယ်။

နာကျင်အချိန်ပို ၉၇ မိနစ်အရောက်မှာတော့ လူစားဝင်ကွင်းလယ်လူအဲရစ်ဆင်က အင်တာအတွက် အနိုင်ဂိုးကို ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းပေးခဲ့တာပါ။

Zawgyi

မီလန်ဒါဘီမှာ ဒေါသတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ မန်ယူအသင်းဖော်ဟောင်းနှစ်ယောက်

ကိုပါအီတာလီယာကြာတားဖုိင္နယ္က မီလန္ဒါဘီပြဲစဥ္မွာ ၿပိဳင္ဘက္တိုက္စစ္မႈးေတြျဖစ္ၾကတဲ့ အီဘရာဟီမိုဗစ္နဲ႔လူကာကူတုိ႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ေဒါသတႀကီးေျပာဆုိမႈေတြနဲ႔ ထိပ္တိုက္ေတြ႕ခဲ့ၾကပါတယ္။

အဲဒီမန္ယူအသင္းေဖာ္ေဟာင္းႏွစ္ေယာက္ဟာ ဆန္စီရိုကြင္းက ပထမပိုင္းၿပီးခါနီးေလးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်င္းမ်ားခဲ့ၾကတာပါ။

အျပန္အလွန္ေျပာဆုိမႈေတြနဲ႔ ေခါင္းခ်င္းတိုက္ခဲ့တဲ့ သူတို႔ႏွစ္ေယာက္ကို ကြင္းလယ္ဒိုင္ဗလာရီက အ၀ါကတ္ျပသတိေပးခဲ့ရတာပါ။

ဒါ့အျပင္ အသင္းေဖာ္ေတြက ၾကား၀င္လူခြဲခ်ိန္မွာလည္း မိုဗစ္က ”မင္းရဲ႕စုန္းကေ၀အလုပ္သာ သြားလုပ္စမ္းပါ ျမည္းေလးရာ”လို႔ လွမ္းေအာ္ခဲ့ပါတယ္။

ပထမပိုင္းပြဲသိမ္းခရာမႈတ္လို႔ ဥမင္ထဲ၀င္ေနခ်ိန္မွာလည္း လူကာကူတစ္ေယာက္ ေဒါသမေျပႏိုင္ျဖစ္ေနၿပီး မိုဗစ္က သူ႔အေမအေၾကာင္း မေကာင္းေျပာလုိ႔ ပိုၿပီးေပါက္ကြဲေနပုံေပါက္ကာ အဲဒီဆြီဒင္သားကို လုိက္ထုိးမယ့္ပုံစံရွိေနလုိ႔ အသင္းေဖာ္ေတြက ထပ္ဆြဲခဲ့ရေသးတယ္။

အဲဒီအခ်ိန္မွာ လူကာကူက မိုဗစ္ကို ”မင္းနဲ႔မင္းမိန္းမကို F*** ပဲကြာ။ မိန္းမလို မိန္းမရနဲ႔ မင္းက ငါ့အေမေၾကာင္းေျပာခ်င္ေနတာလား”လုိ႔ အသင္းေဖာ္ေတြဆြဲေနတဲ့ၾကားကပဲ လွမ္းေအာ္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စခ်ိန္မွာ အေျခအေနျပန္လည္တည္ၿငိမ္သြားေပမယ့္ ၁၃ မိနစ္အၾကာမွာ မိုဗစ္ဟာ ေနာက္ထပ္တစ္၀ါထိသြားၿပီး ၂ ၀ါ တစ္နီနဲ႔ အထုတ္ခံလုိက္ရပါတယ္။

အဲဒီေနာက္ပိုင္း တစ္ေယာက္သာသြားတဲ့ အင္တာ ပင္နယ္တီရေတာ့ လူကာကူဟာ ေဒါသပါတဲ့အားျပင္းျပင္းကန္ခ်က္နဲ႔ ေခ်ပဂိုးျဖစ္ေစခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၉၇ မိနစ္အေရာက္မွာေတာ့ လူစား၀င္ကြင္းလယ္လူအဲရစ္ဆင္က အင္တာအတြက္ အႏိုင္ဂိုးကို ဖရီးကစ္ကေန တုိက္ရိုက္ကန္သြင္းေပးခဲ့တာပါ။