မီလန်ဒါဘီမှာ ဖိုက်တာလို ပွဲကြမ်းခဲ့ကြတဲ့အတွက် တစ်ပွဲစီပယ်ခံရမယ့် မိုဗစ် နဲ့ လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ် နဲ့ အင်တာမီလန်တိုက်စစ်မှူး လူကာကူတို့ဟာ အင်္ဂါနေ့ညက မီလန်ဒါဘီမှာ ပြဿနာဖြစ်ပွားခဲ့တာကြောင့် တစ်ပွဲစီပယ်ခံရမှာဖြစ်ပါတယ်။
အဆိုပါကစားသမား ၂ ဦးစလုံးဟာ ကိုပါအီတာလီယာဖလားပွဲစဉ်ရဲ့ပထမပိုင်းမှာ ပြဿနာဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

အင်တာမီလန်တိုက်စစ်မှူး လူကာကူဟာ အဝါကတ်ပြသခံထားရပြီးဖြစ်တာကြောင့် လာမယ့်အပတ် ဂျူဗင်တပ်စ်နဲ့ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

မိုဗစ်ကတော့ ပွဲအတွင်း ၂ ဝါ ၁ နီထိခဲ့တာကြောင့် လာမယ့်ရာသီမှာကစားမယ့်ကိုပါအီတာလီယာပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ဒါပေမဲ့ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ မိုဗစ် နဲ့ လူကာကူအဖြစ်အပျက်နဲ့ပတ်သက်ပြီး စစ်ဆေးဆဲဖြစ်ကာ ကွင်းလယ်ဒိုင်ရဲ့အစီရင်ခံစာလည်း မရသေးတာဖြစ်ပါတယ်။

အဆိုပါပွဲမှာတော့ အင်တာမီလန်အသင်းဟာ အေစီမီလန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

လူကာကူနဲ့ အီဘရာဟီမိုဗစ်တို့ဟာ ပွဲကစားချိန်အတွင်း ခေါင်းချင်းတိုက်ပြီး အချင်းများခဲ့ကာ ကွင်းလယ်ဒိုင် ဗီလာရီက အဝါကတ်ပြသပြီး သတိပေးခဲ့ရပါတယ်။

အီဘရာဟီမိုဗစ်ဟာ လူကာကူနဲ့ ပြဿာဖြစ်ပွားစဉ် “Go do your voodoo s*** “ဆိုပြီး ဆဲရေးခဲ့ပါတယ်။ လူကာကူကလည်း အေစီမီလန်တိုက်စစ်မှူး မိုဗစ်ကို “F*** you and your wife”ဆိုပြီး ဆဲရေးတိုင်းထွာခဲ့ပါတယ်။

မိုဗစ်ဟာ ဒုတိယပိုင်းမှာ နောက်ထပ်တစ်ကြိမ်အဝါကတ်ပြသခံခဲ့ရတာကြောင့် ၂ ဝါ ၁ နီနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အဆိုပါရလဒ်ကြောင့် အင်တာမီလန်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



