
ဘောလုံးပရိသတ်များဟာလီယွန်နယ်မက်ဆီ ခုနှစ်ကြိမ်မြောက်
Ballon d’Or ဆုကိုဆွတ်ခူးသွားနိုင်မှုမှာ ဘရိုက်တန်တိုက်စစ်မှူး
နီရယ်မူပေးကြောင့်ဆိုတဲ့ အမိုက်စားသီအိုရီကိုရေးသားနေကြပါတယ်။
ဘောလုံးပရိသတ်များက၂၀၂၀ခုနှစ်၊ဇွန်လတုန်းကမူပေးက
အာဆင်နယ်နံပါတ်တစ်ဂိုးသမားနီနိုကိုဒဏ်ရာရရှိအောင်ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကြောင့်
မက်ဆီမှာ Ballon d’Or ဆုကိုရရှိသွားခဲ့ခြင်းဖြစ်ကြောင်း
ယုံကြည်နေကြတာလည်းဖြစ်ပါတယ်။မူပေးဟာ၂၀၂၀ခုနှစ်၊ဇွန်လတုန်းက
အာဆင်နယ်ဂိုးသမားလီနိုကို ဒဏ်ရာရရှိအောင်ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။
ဂျာမန်ဂိုးသမားဟာဒဏ်ရာရရှိကာကွင်းပြင်သို့လူနာတင်ထမ်းစဉ်ဖြင့်ထွက်ခဲ့ရပါတယ်။
ဒါကြောင့်လည်းအာဆင်နယ်ဟာအရန်ဂိုးသမားဖြစ်တဲ့အာဂျင်တီးနားဂိုးသမား
မာတီနက်ဇ်ကိုပွဲထွက်ဂိုးသမားအဖြစ်အသုံးပြုခဲ့ပါတယ်။
မာတီနက်ဇ်ဟာအာဆင်နယ်ကိုအက်ဖ်အေဖလားရရှိအောင်ကူညီနိုင်ခဲ့ပြီး
နွေရာသီတွင်နံပါတ်တစ်ဂိုးသမားနေရာရရှိရန်ဗီလာသို့ပြောင်းရွှေ့ခဲ့ပါတယ်။
မာတီနက်ဇ်ဟာဗီလာတွင်လည်းဆက်လက်လက်စွမ်းပြနိုင်မှုနဲ့အတူ
အာဂျင်တီးနားအသင်းတွင်ပထမဆုံးအကြိမ်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ယင်းနောက်သူဟာနွေရာသီမှာကျင်းပတဲ့ကိုပါအမေရိကဖလားပြိုင်ပွဲတွင်
အာဂျင်တီးနားနှင့်အတူဆက်လက်လက်စွမ်းပြခဲ့ပြီးကိုလံဘီယာနှင့်
ဆီမီးဖိုင်နယ်မှာပင်နယ်တီနှစ်ကြိမ်ကာကွယ်ခဲ့ပါတယ်။
သူဟာဘရာဇီးကို၁-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ဗိုလ်လုပွဲမှာဂိုးမပေးရအောင်
စွမ်းဆောင်နိုင်ခဲ့မှုနဲ့အတူ မက်ဆီဟာအာဂျင်တီးနားနှင့်အတူ
ပထမဆုံးနိုင်ငံတကာဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
မက်ဆီဟာအာဂျင်တီးနားနှင့်အတူ ကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခြင်းကြောင့်သာ
လီဝန်ဒေါ့စကီးကိုမဲအနည်းငယ်အသာဖြင့် Ballon d’Or ဆုကိုဆွတ်ခူးခဲ့တာပါ။
ဒါကြောင့်လည်းပရိသတ်များကဘရိုက်တန်တိုက်စစ်မှူးမူပေးကလီနိုကို
ကြမ်းတမ်းစွာမကစားခဲ့ဘူးဆိုရင်မက်ဆီရဲ့ကံကြမ္မာဟာယခုကဲ့သို့
ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုဆွတ်ခူးနိုင်မှာမဟုတ်ဘူးလို့
သီအိုရီထုတ်လာကြတာလည်းဖြစ်ပါတယ်။
zawgyi
မူေပးက လီႏိုကို ၾကမ္းတမ္းစြာမကစားခဲ့ဘူးဆိုရင္ မက္ဆီ Ballon d’Or ဆုကို ဆြတ္ခူးႏိုင္မွာမဟုတ္ဘူး
ေဘာလုံးပရိသတ္မ်ားဟာလီယြန္နယ္မက္ဆီ ခုႏွစ္ႀကိမ္ေျမာက္
Ballon d’Or ဆုကိုဆြတ္ခူးသြားႏိုင္မႈမွာ ဘ႐ိုက္တန္တိုက္စစ္မႉး
နီရယ္မူေပးေၾကာင့္ဆိုတဲ့ အမိုက္စားသီအိုရီကိုေရးသားေနၾကပါတယ္။
ေဘာလုံးပရိသတ္မ်ားက၂၀၂၀ခုႏွစ္၊ဇြန္လတုန္းကမူေပးက
အာဆင္နယ္နံပါတ္တစ္ဂိုးသမားနီႏိုကိုဒဏ္ရာရရွိေအာင္ျပစ္ဒဏ္က်ဴးလြန္ခဲ့မႈေၾကာင့္
မက္ဆီမွာ Ballon d’Or ဆုကိုရရွိသြားခဲ့ျခင္းျဖစ္ေၾကာင္း
ယုံၾကည္ေနၾကတာလည္းျဖစ္ပါတယ္။မူေပးဟာ၂၀၂၀ခုႏွစ္၊ဇြန္လတုန္းက
အာဆင္နယ္ဂိုးသမားလီႏိုကို ဒဏ္ရာရရွိေအာင္ျပစ္ဒဏ္က်ဴးလြန္ခဲ့ပါတယ္။
ဂ်ာမန္ဂိုးသမားဟာဒဏ္ရာရရွိကာကြင္းျပင္သို႔လူနာတင္ထမ္းစဥ္ျဖင့္ထြက္ခဲ့ရပါတယ္။
ဒါေၾကာင့္လည္းအာဆင္နယ္ဟာအရန္ဂိုးသမားျဖစ္တဲ့အာဂ်င္တီးနားဂိုးသမား
မာတီနက္ဇ္ကိုပြဲထြက္ဂိုးသမားအျဖစ္အသုံးျပဳခဲ့ပါတယ္။
မာတီနက္ဇ္ဟာအာဆင္နယ္ကိုအက္ဖ္ေအဖလားရရွိေအာင္ကူညီႏိုင္ခဲ့ၿပီး
ေႏြရာသီတြင္နံပါတ္တစ္ဂိုးသမားေနရာရရွိရန္ဗီလာသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
မာတီနက္ဇ္ဟာဗီလာတြင္လည္းဆက္လက္လက္စြမ္းျပႏိုင္မႈနဲ႔အတူ
အာဂ်င္တီးနားအသင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။
ယင္းေနာက္သူဟာေႏြရာသီမွာက်င္းပတဲ့ကိုပါအေမရိကဖလားၿပိဳင္ပြဲတြင္
အာဂ်င္တီးနားႏွင့္အတူဆက္လက္လက္စြမ္းျပခဲ့ၿပီးကိုလံဘီယာႏွင့္
ဆီမီးဖိုင္နယ္မွာပင္နယ္တီႏွစ္ႀကိမ္ကာကြယ္ခဲ့ပါတယ္။
သူဟာဘရာဇီးကို၁-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ဗိုလ္လုပြဲမွာဂိုးမေပးရေအာင္
စြမ္းေဆာင္ႏိုင္ခဲ့မႈနဲ႔အတူ မက္ဆီဟာအာဂ်င္တီးနားႏွင့္အတူ
ပထမဆုံးႏိုင္ငံတကာဆုဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။မက္ဆီဟာ
အာဂ်င္တီးနားႏွင့္အတူ ကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ျခင္းေၾကာင့္သာ
လီဝန္ေဒါ့စကီးကိုမဲအနည္းငယ္အသာျဖင့္ Ballon d’Or ဆုကိုဆြတ္ခူးခဲ့တာပါ။
ဒါေၾကာင့္လည္းပရိသတ္မ်ားကဘ႐ိုက္တန္တိုက္စစ္မႉးမူေပးကလီႏိုကို
ၾကမ္းတမ္းစြာမကစားခဲ့ဘူးဆိုရင္မက္ဆီရဲ႕ကံၾကမၼာဟာယခုကဲ့သို႔
ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္မွာမဟုတ္ဘူးလို႔
သီအိုရီထုတ္လာၾကတာလည္းျဖစ္ပါတယ္။