မေဂျာလိဂ်ကို သွားကစားနိုင်တယ်လို့ ဆိုလာပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီစူပါစတားလီယွန်နယ်မက်ဆီကအနာဂတ်တွင်အမေရိကန်သို့သွား

ရောက်ကာအမေရိကန်မေဂျာလိဂ်တွင်ကစားနိုင်ကြောင်းထုတ်ဖော်ပြောကြား

လာပါတယ်။

မက်ဆီဟာဘာစီလိုနာဘဝတစ်ခုလုံးနီးပါးကိုဘာစီလိုနာတွင်ကုန်ဆုံးလာခဲ့ပြီး

နောက်နွေရာသီတုန်းကပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာ

ခဲ့သူဖြစ်ပါတယ်။ မက်ဆီဟာပီအက်စ်ဂျီနှင့်၂နှစ်စာချုပ်ချုပ်ဆိုထားပြီး၂၀၂၃ခုနှစ်၊

နွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

အသက်၃၄နှစ်ရှိမက်ဆီရဲ့စာချုပ်တွင်တစ်နှစ်သက်တမ်းတိုးနိုင်တဲ့အချက်ပါဝင်

သေးတာကြောင့်ယင်းထက်ပိုကစားနိုင်ပါသေးတယ်။ဒါပေမဲ့မက်ဆီက

သူ့ကစားသမားဘဝကိုအမေရိကန်တွင်အဆုံးသတ်လာနိုင်ကြောင်းအရိပ်

အမြွက်ဆိုလာပါတယ်။

မက်ဆီက “အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့အတွေ့အကြုံနဲ့ ပျော်ရွှင်မှု

ရရှိဖို့အမြဲဆန္ဒရှိတယ်။လိဂ်ကဘယ်လိုလဲ။နေထိုင်ရတာယ်လိုလဲသိချင်တယ်။

ကစားသမားဘဝနှောင်းပိုင်းမှာကစားနိုင်တယ်။ဒါပေမဲ့ဖြစ်လာမလား၊မဖြစ်

လာဘူးလားမသိသေးပါဘူး”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာအားလပ်ရက်အတွင်းအာဂျင်တီးနားသို့ပြန်ကာခရစ္စမတ်နှင့်

နှစ်သစ်ကူးပါတီများသို့တက်ရောက်စဉ်အတွင်းကိုဗစ်ကူးစက်ခြင်းခံထားရကာ

အာဂျင်တီးနားတွင်ပင်ကွာရန်တင်းဝင်နေပါတယ်။

Zawgyi

ေမဂ်ာလိဂ္ကို သြားကစားႏိုင္တယ္လို႔ ဆိုလာျပန္တဲ့ မက္ဆီ
ပီအက္စ္ဂ်ီစူပါစတားလီယြန္နယ္မက္ဆီကအနာဂတ္တြင္အေမရိကန္သို႔သြား

ေရာက္ကာအေမရိကန္ေမဂ်ာလိဂ္တြင္ကစားႏိုင္ေၾကာင္းထုတ္ေဖာ္ေျပာၾကား

လာပါတယ္။

မက္ဆီဟာဘာစီလိုနာဘဝတစ္ခုလုံးနီးပါးကိုဘာစီလိုနာတြင္ကုန္ဆုံးလာခဲ့ၿပီး

ေနာက္ေႏြရာသီတုန္းကပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာ

ခဲ့သူျဖစ္ပါတယ္။ မက္ဆီဟာပီအက္စ္ဂ်ီႏွင့္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး၂၀၂၃ခုႏွစ္၊

ေႏြရာသီတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။

အသက္၃၄ႏွစ္ရွိမက္ဆီရဲ႕စာခ်ဳပ္တြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္တဲ့အခ်က္ပါဝင္

ေသးတာေၾကာင့္ယင္းထက္ပိုကစားႏိုင္ပါေသးတယ္။ဒါေပမဲ့မက္ဆီက

သူ႔ကစားသမားဘဝကိုအေမရိကန္တြင္အဆုံးသတ္လာႏိုင္ေၾကာင္းအရိပ္

အႁမြက္ဆိုလာပါတယ္။

မက္ဆီက “အေမရိကန္ျပည္ေထာင္စုမွာေနထိုင္တဲ့အေတြ႕အႀကဳံနဲ႔ ေပ်ာ္႐ႊင္မႈ

ရရွိဖို႔အၿမဲဆႏၵရွိတယ္။လိဂ္ကဘယ္လိုလဲ။ေနထိုင္ရတာယ္လိုလဲသိခ်င္တယ္။

ကစားသမားဘဝေႏွာင္းပိုင္းမွာကစားႏိုင္တယ္။ဒါေပမဲ့ျဖစ္လာမလား၊မျဖစ္

လာဘူးလားမသိေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာအားလပ္ရက္အတြင္းအာဂ်င္တီးနားသို႔ျပန္ကာခရစၥမတ္ႏွင့္

ႏွစ္သစ္ကူးပါတီမ်ားသို႔တက္ေရာက္စဥ္အတြင္းကိုဗစ္ကူးစက္ျခင္းခံထားရကာ

အာဂ်င္တီးနားတြင္ပင္ကြာရန္တင္းဝင္ေနပါတယ္။