ပွဲမကစားမီ အင်တာဗျူးတစ်ခုမှာ ယူနိုက်တက်အသင်းဟာ အကောင်းဆုံး ပုံစံမှာ
ရှိနေတယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့ နည်းပြ အပြောင်းအလဲ အခြေအနေတွေကိုလည်း
၎င်းတို့ အသင်းရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုသွားခဲ့ပါသေတးယ်။
” ကျွန်တော်တို့အသင်းလည်း နည်းပြအပြောင်းအလဲ ကာလမှ အခက်အခဲတွေနဲ့
ရင်ဆိုင်ရပြီး သူတို့လို အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာအကောင်းဆုံး ပုံစံမှာ ရှိနေတဲ့ အသင်းတစ်သင်းပါ။
ကစားသမားတွေကလည်း သူတို့ ရဲ့ လုပ်နိုင်စွမ်းကို အကောင်းဆုံး သက်သေပြချင်နေကြတယ်”
” ဒီအသင်းရဲ့ ကစားသမားတွေဟာ ဘယ်လို အခြေအနေမျိုးကိုမဆို ပြောင်းလဲပစ်နိုင်တဲ့
အရည်အချင်းတွေရှိတယ်။ သူတို့ဟာ ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့
အသင်းဖြစ်လို့ အကောင်းဆုံး ပုံစံတစ်ခုမှာရှိနေဆဲပါပဲ။ ပြီးခဲ့တဲ့ ဗီလာရီးရဲလ်အသင်းနဲ့ ပွဲမှာ
ကစားသွားတဲ့ ခြေစွမ်းကို ကြည့်ရင် မြင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့
အနေနဲ့ကလည်း သူတို့နဲ့ ရင်ဆိုင်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပြီးသားပါ” လို့
မေဆင်မောင့်က ပြောဆိုခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်
ဇယားကို ရမှတ် (၂၉) မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ယူနိုက်တက်အသင်းထက်
(၁၂) မှတ်အသာစီး ရထားတာကြောင့် ယူနိုက်တက်အနေနဲ့ ရမှတ်ကွာဟမှုကို
လျှော့ချဖို့ဆိုရင် ဒီနေ့ညပွဲကို မဖြစ်မနေ အနိုင် (၃) မှတ်ရရှိအောင် ကစားပြဖို့ လိုအပ်နေပါတယ်။
zawgyi
မေဆင်မောင့်ကတော့ယူနိုက်တက်အသင်းဟာ အကောင်းဆုံး ပုံစံမှာရှိနေတယ်လို့ ချီးကျူးပြောဆိုခဲ့