မေဆင်မောင့်က သူအသက် ၂၂ နှစ်တုန်းကထက်ပိုကောင်းတယ်လို့ လမ်းပတ် ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖူလ်ဟမ်အသင်းကို ၁-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ လမ်းပတ်က ကွင်းလယ်လူမေဆင်မောင့်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားလိုက်ပါတယ်။

အသက် ၂၂ နှစ်သားဟာ ချဲလ်ဆီးအတွက်အရေးပါတဲ့အဖိုးတန်အနိုင်ဂိုးကို ပွဲကစားချိန် ၇၈ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တစ်ယောက်လျော့နေတဲ့ ဖူလ်ဟမ်ကို ချဲလ်ဆီးအသင်းအနိုင်ရရှိဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရကာ ဘန်ချီဝဲလ်ရဲ့ပေးပို့မှုကနေ မေဆင်မောင့်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လမ်းပတ်က မေဆင်မောင့်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး သူအသက် ၂၂ နှစ်တုန်းကထက်ပိုကောင်းတယ်လို့ ဆိုခဲ့ပါတယ်။

“မေဆင်က တကယ်ကောင်းတဲ့ကွင်းလယ်လူတစ်ဦးပါ။ သူကအလျင်အမြန်နဲ့တိုးတက်လာပါတယ်။ သူဂိုးတွေပိုသွင်းဖို့ လိုအပ်ပါတယ်။

ပွဲအပေါ်အာရုံစူးစိုက်မှုကလည်း အရမ်းကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ဒီနှစ်မှာ ပိုတိုးတက်လာပါတယ်။ လက်ရှိသူ့ရဲ့စွမ်းဆောင်ရည်က ကျွန်တော်ချဲလ်ဆီးအသင်းမှာ အသက် ၂၂ နှစ်အရွယ်နဲ့ကစားတုန်းကထက်ပိုကောင်းပါတယ်”လို့ လမ်းပတ်က ချီးကျူးခဲ့ပါတယ်။

မေဆင်မောင့်ရဲ့စွမ်းဆောင်ရည်ကို စကိုင်းစပေါ့တ်အစီအစဉ်တင်ဆက်သူ ဟာ်ရီရက်ပ်နက်ကလည်း ချီးကျူးခဲ့တာဖြစ်ပါတယ်။

“သွင်းဂိုးတင်မကပါဘူး သူက ချဲလ်ဆီးရဲ့ဒီနေ့ပွဲမှာအကောင်းဆုံးကစားသမားတစ်ဦးပါ။ အမြဲတမ်းဘောလုံးကိုလက်ခံချင်နေပြီး ကွင်းလယ်ကိုလည်းအကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့ပါတယ်။

ဖရန့်ဆီမှာ ကစားသမားကောင်းအချို့ပဲရှိပါတယ်။ အဲ့ထဲမှာ မေဆင်မောင့်လည်း ပါဝင်နေပါတယ်။ မန်ဒီ ၊ သီယာဂိုဆေးလ်ဗား ။ ဘန်ချီဝဲလ်တို့ကလည်း ကစားသမားကောင်းတွေပါ”လို့ ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။

ရာသီမှာတော့ မေဆင်မောင့်ဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၃ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမဆင္ေမာင့္က သူအသက္ ၂၂ ႏွစ္တုန္းကထက္ပိုေကာင္းတယ္လို႔ လမ္းပတ္ ခ်ီးက်ဴး

ဖူလ္ဟမ္အသင္းကို ၁-၀ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ပြဲအျပီးမွာ ခ်ဲဲလ္ဆီးနည္းျပ လမ္းပတ္က ကြင္းလယ္လူေမဆင္ေမာင့္ရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။ အသက္ ၂၂ ႏွစ္သားဟာ ခ်ဲလ္ဆီးအတြက္အေရးပါတဲ့အဖိုးတန္အႏိုင္ဂိုးကို ပြဲကစားခ်ိန္ ၇၈ မိနစ္မွာ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ တစ္ေယာက္ေလ်ာ့ေနတဲ့ ဖူလ္ဟမ္ကို ခ်ဲလ္ဆီးအသင္းအႏိုင္ရရွိဖို႔ ခက္ခက္ခဲခဲၾကိဳးစားခဲ့ရကာ ဘန္ခ်ီ၀ဲလ္ရဲ႕ေပးပို႔မႈကေန ေမဆင္ေမာင့္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပြဲအျပီးမွာေတာ့ လမ္းပတ္က ေမဆင္ေမာင့္ရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ျပီး သူအသက္ ၂၂ ႏွစ္တုန္းကထက္ပိုေကာင္းတယ္လို႔ ဆိုခဲ့ပါတယ္။

“ေမဆင္က တကယ္ေကာင္းတဲ့ကြင္းလယ္လူတစ္ဦးပါ။ သူကအလ်င္အျမန္နဲ႔တိုးတက္လာပါတယ္။ သူဂိုးေတြပိုသြင္းဖို႔ လိုအပ္ပါတယ္။ ပြဲအေပၚအာရံုစူးစိုက္မႈကလည္း အရမ္းေကာင္းပါတယ္။ ျပီးခဲ့တဲ့ႏွစ္ကထက္ ဒီႏွစ္မွာ ပိုတိုးတက္လာပါတယ္။ လက္ရွိသူ႕ရဲ႕စြမ္းေဆာင္ရည္က ကြ်န္ေတာ္ခ်ဲလ္ဆီးအသင္းမွာ အသက္ ၂၂ ႏွစ္အရြယ္နဲ႔ကစားတုန္းကထက္ပိုေကာင္းပါတယ္”လို႔ လမ္းပတ္က ခ်ီးက်ဴးခဲ့ပါတယ္။ေမဆင္ေမာင့္ရဲ႕စြမ္းေဆာင္ရည္ကို စကိုင္းစေပါ့တ္အစီအစဥ္တင္ဆက္သူ ဟာ္ရီရက္ပ္နက္ကလည္း ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“သြင္းဂိုးတင္မကပါဘူး သူက ခ်ဲလ္ဆီးရဲ႕ဒီေန႔ပြဲမွာအေကာင္းဆံုးကစားသမားတစ္ဦးပါ။ အျမဲတမ္းေဘာလံုးကိုလက္ခံခ်င္ေနျပီး ကြင္းလယ္ကိုလည္းအေကာင္းဆံုးထိန္းေက်ာင္းႏိုင္ခဲ့ပါတယ္။ ဖရန္႔ဆီမွာ ကစားသမားေကာင္းအခ်ိဳ႕ပဲရွိပါတယ္။ အဲ့ထဲမွာ ေမဆင္ေမာင့္လည္း ပါ၀င္ေနပါတယ္။ မန္ဒီ ၊ သီယာဂိုေဆးလ္ဗား ။ ဘန္ခ်ီ၀ဲလ္တို႔ကလည္း ကစားသမားေကာင္းေတြပါ”လို႔ ရက္ပ္နက္က ေျပာၾကားခဲ့ပါတယ္။ဒီရာသီမွာေတာ့ ေမဆင္ေမာင့္ဟာ ခ်ဲလ္ဆီးအတြက္ ျပိဳင္ပြဲစံု ၂၅ ပြဲမွာ ၃ ဂိုးအထိသြင္းယူေပးထားႏုိင္ခဲ့ပါတယ္။