မောင့်ပယ်လီယာနဲ့ပွဲမှာ သွင်းယူသွားတဲ့ ဘာပေရဲ့ ရူးသွပ်ဖွယ် ဆိုလိုဂိုး

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေဟာ ယနေ့ညကကစားခဲ့တဲ့ မောင့်ပယ်လီယာနဲ့ပွဲမှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားခဲ့ပြီးနောက် ရူးလောက်တဲ့သွင်းဂိုးနဲ့အတူ သူ့ရဲ့တန်ဖိုးကို ထပ်မံပြသသွားပါတယ်။
ပြင်သစ်လက်ရွေးစင် ဘာပေဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရာကနေ မောင့်ပယ်လီယာနဲ့ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဖလားဆီမီးဖိုင်နယ်မှာ ပြန်လည်ပါဝင်နိုင်ပြီးနောက် ပွဲချိန် ၁၀မိနစ်မှာ ဦးဆောင်ဂိုးပါသွင်းယူခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ အိမ်ရှင်အသင်းက ချေပဂိုးသွင်းယူခဲ့ပေမယ့် ဘာပေက ပွဲချိန်မိနစ် ၅၀ မှာ အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေတဲ့ဂိုး သွင်းပြရင်း အသင်းကို ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။
ဘာပေဟာ ပီအက်စ်ဂျီကွင်းတစ်ဝက်လောက်ကနေ အသင်းဖော် ဂူယေးထိုးပေးတာကို ကွင်းလယ်ဘယ်တောင်ပံမှာ လက်ခံရရှိပြီးနောက် တောက်လျှောက်ဆွဲပြေးကာ ပြိုင်ဘက်နောက်ခံလူကို လှည့်စားခဲ့ပါတယ်။


သူဟာ ပထမအကြိမ်မှာ အတွင်းထဲဝင်ဆွဲပြေးမလိုနဲ့ ဘယ်ဘက်ကိုပဲ ဘောစအရှည်ကြီးထုတ် ဆွဲပြေးသွားပြီး ပင်နယ်တီဧရိယာထဲအရောက်မှာတော့ အဲဒီနောက်ခံလူကိုပဲ အချိန်တိုအတွင်း ခြေယောင် ၃ကြိမ်ပြလိုက်ပါတယ်။

ဒီတော့ ပြိုင်ဘက်နောက်ခံလူလည်း ဘယ်လိုမှမခန့်မှန်းနိုင်တော့ဘဲ ကျော်ဖြတ်ခံလိုက်ရပြီး ဘာပေက ဂိုးသမားနဲ့အနီးကပ်အတွေ့မှာ အမှားအယွင်းမရှိကန်သွင်းယူလိုက်တာပါ။


သူဟာ ဂိုးသွင်းယူပြီးနောက် ကွင်းဘေးမှာမတ်တပ်ရပ်နေတဲ့ နည်းပြပိုချက်တီနိုဆီ ပြေးသွားပြီး ပွေ့ဖက်အောင်ပွဲခံခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ပွဲချိန် ၈၃ မိနစ်မှာ ချေပဂိုးပေးလိုက်ရပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာတော့ ၅-၄ဂိုးနဲ့အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။


ဘာပေဟာ ဒီပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီပြိုင်ပွဲစုံ ၄၄ပွဲမှာ ၃၉ဂိုးအထိသွင်းယူထားပြီး ရွှေဘောလုံးဆုရှင်ဖြစ်ဖို့လည်း ရေပန်းစားနေပါတယ်။

Zawgyi
ေမာင့္ပယ္လီယာနဲ႔ပြဲမွာ သြင္းယူသြားတဲ့ ဘာေပ႐ဲ႕ ႐ူးသြပ္ဖြယ္ ဆိုလိုဂိုး
ပီအက္စ္ဂ်ီတိုက္စစ္မွဴး ဘာေပဟာ ယေန႔ညကကစားခဲ့တဲ့ ေမာင့္ပယ္လီယာနဲ႔ပဲြမွာ အသင္းအတြက္ ျပန္လည္ပါ၀င္ကစားခဲ့ၿပီးေနာက္ ႐ူးေလာက္တဲ့သြင္းဂိုးနဲ႔အတူ သူ႕ရဲ႕တန္ဖိုးကို ထပ္မံျပသသြားပါတယ္။
ျပင္သစ္လက္ေရြးစင္ ဘာေပဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူေနရာကေန ေမာင့္ပယ္လီယာနဲ႔ကစားခဲ့တဲ့ ျပင္သစ္လိဂ္ဖလားဆီမီးဖိုင္နယ္မွာ ျပန္လည္ပါ၀င္ႏိုင္ၿပီးေနာက္ ပြဲခ်ိန္ ၁၀မိနစ္မွာ ဦးေဆာင္ဂိုးပါသြင္းယူခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ အိမ္ရွင္အသင္းက ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ ဘာေပက ပြဲခ်ိန္မိနစ္ ၅၀ မွာ အားလုံးကို ပါးစပ္အေဟာင္းသားျဖစ္ေစတဲ့ဂိုး သြင္းျပရင္း အသင္းကို ျပန္လည္ဦးေဆာင္ေစခဲ့ပါတယ္။
ဘာေပဟာ ပီအက္စ္ဂ်ီကြင္းတစ္၀က္ေလာက္ကေန အသင္းေဖာ္ ဂူေယးထိုးေပးတာကို ကြင္းလယ္ဘယ္ေတာင္ပံမွာ လက္ခံရရွိၿပီးေနာက္ ေတာက္ေလွ်ာက္ဆြဲေျပးကာ ၿပိဳင္ဘက္ေနာက္ခံလူကို လွည့္စားခဲ့ပါတယ္။
သူဟာ ပထမအႀကိမ္မွာ အတြင္းထဲ၀င္ဆြဲေျပးမလိုနဲ႔ ဘယ္ဘက္ကိုပဲ ေဘာစအရွည္ႀကီးထုတ္ ဆြဲေျပးသြားၿပီး ပင္နယ္တီဧရိယာထဲအေရာက္မွာေတာ့ အဲဒီေနာက္ခံလူကိုပဲ အခ်ိန္တိုအတြင္း ေျခေယာင္ ၃ႀကိမ္ျပလိုက္ပါတယ္။
ဒီေတာ့ ၿပိဳင္ဘက္ေနာက္ခံလူလည္း ဘယ္လိုမွမခန္႔မွန္းႏိုင္ေတာ့ဘဲ ေက်ာ္ျဖတ္ခံလိုက္ရၿပီး ဘာေပက ဂိုးသမားနဲ႔အနီးကပ္အေတြ႕မွာ အမွားအယြင္းမရွိကန္သြင္းယူလိုက္တာပါ။
သူဟာ ဂိုးသြင္းယူၿပီးေနာက္ ကြင္းေဘးမွာမတ္တပ္ရပ္ေနတဲ့ နည္းျပပိုခ်က္တီႏိုဆီ ေျပးသြားၿပီး ေပြ႕ဖက္ေအာင္ပြဲခံခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ပဲြခ်ိန္ ၈၃ မိနစ္မွာ ေခ်ပဂိုးေပးလိုက္ရေပမယ့္ ပင္နယ္တီအဆုံးအျဖတ္မွာေတာ့ ၅-၄ဂိုးနဲ႔အႏိုင္ရကာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ပါတယ္။
ဘာေပဟာ ဒီပြဲမွာ ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ယခုရာသီၿပိဳင္ပြဲစုံ ၄၄ပြဲမွာ ၃၉ဂိုးအထိသြင္းယူထားၿပီး ေရႊေဘာလုံးဆုရွင္ျဖစ္ဖို႔လည္း ေရပန္းစားေနပါတယ္။