မောရင်ဟိုကတော့ ပွဲရွှေ့ဆိုင်းခဲ့တာနဲ့ပတ်သက်ပြီး သတင်းအချိန်မီမထုတ်ပြန်နိုင်တဲ့ ပရီးမီးယားလိဂ်အဖွဲ့ကို ခနဲ့လိုက်တဲ့ပို့စ်ကို သူ့ရဲ့ အင်စတာဂရမ်မှာတင်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းသားတွေဟာ ဖူလ်ဟမ်အသင်းနဲ့ကစားမယ့်ပွဲစဉ်အတွက် ဗုဒ္ဓဟူးနေ့၊ နေ့လယ်၂နာရီမှာ တော့တင်ဟမ်ဟော့စပါးကွင်းထဲမှာ ရောက်ရှိနေခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ပွဲစီစဉ်သူတွေက ပွဲကန်ဖို့လေးနာရီအလိုမှာ ဖူလ်ဟမ်အသင်းရဲ့ တောင်းဆိုချက်အရပွဲ ရပ်နားရွှေ့ဆိုင်းလိုက်ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုရဲ့အသင်းကတော့ ဒီသတင်းကို အချိန်မီမရလိုက်တာကြောင့် အသင်းရဲ့ ဧည့်ခန်းမထဲမှာ ရောက်ရှိနေခဲ့ကြပြီး ဆက်ကန်ရမှာလား၊ မကန်ရဘူးလား ဇဝေဇဝါဖြစ်နေခဲ့ကြပါတယ်။ သတင်းအချိန်မီမသိလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မော်ရင်ဟိုက ပရီးမီးယားလိဂ်အဖွဲ့ကို ခနဲ့လိုက်တဲ့ပို့စ်ကို သူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

“ပွဲက ညနေ၆နာရီ။ ကျနော်တို့ကစားရမှာလား မကစားရဘူးလားဆိုတာ ကျနော်တို့ကခုထိမသိကြရသေးဘူး၊ ဒါက ကမ္ဘာပေါ်မှာအကောင်းဆုံးလိဂ်တဲ့။” ဆိုတဲ့စာသားနဲ့အတူ ပွဲကစားဖို့ ဧည့်ခန်းထဲမှာ စောင့်ဆိုင်းနေတဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ ရဲ့ ရုပ်သံဖိုင်ကို မော်ရင်ဟိုက တင်ထားခဲ့ပါတယ်။ ဒီရွှေ့ဆိုင်းခဲ့တဲ့ပွဲဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ကိုဗစ်ကြောင့်ရွှေ့ဆိုင်းလိုက်ရတဲ့ သုံးပွဲမြောက်ပွဲ ဖြစ်ပါတယ်။

ဗီဒီယိုပို့စ်မှာ မော်ရင်ဟိုက အနားမှာရှိတဲ့ တီဗီမှာပြနေတဲ့ အချိန်ကို Zoom ဆွဲပြခဲ့ပါတယ်။

စပါးအသင်းဘက်က ကြေငြာချက်မှာ “ဒီဇင်ဘာ ၃၀၊ ဗုဒ္ဓဟူးနေ့ညနေမှာကျင်းပဖို့ စီစဉ်ထားတဲ့၊ ဖူလ်ဟမ်နဲ့ကစားမယ့် ပွဲကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မိမိတို့အသင်းကိုအကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ကစားမယ့် ပွဲဟာ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

ဖူလ်ဟမ်အသင်းမှာ ကစားသမားတွေနဲ့ဝန်ထမ်းတွေကြားမှာ ကိုဗစ် ပေါ့စတစ်များစွာဖြစ်နေတာ ကြောင့် ပွဲရွှေ့ဆိုင်းမှုကိုလုပ်ပေးဖို့ ဖူလ်ဟမ်အသင်းဘက်က ပရီးမီးယားလိဂ် အဖွဲ့ချုပ်ကို တောင်းဆိုခဲ့တာကြောင့် ဒီနေ့နေ့လယ်ခင်းမှာ ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဒီဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။”

“ကိုဗစ်ကူးစက်ခံခဲ့ရတဲ့သူအားလုံး ဘေးကင်းပြီးလျင်မြန်စွာပြန်လည်ကျန်းမာလာစေဖို့ တော့တင်ဟမ်ဟော့စပါးကလူတိုင်းက ဖူလ်ဟမ်အသင်းအတွက် အကောင်းဆုံးဆုတောင်းများ ဆုတောင်းပေးပါတယ်။” လို့ စပါးတို့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ စပါးအသင်းရဲ့ ၂၀၂၀အတွက် နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ဟာကိုဗစ်ကြောင့်ရပ်နားလိုက်ရပြီလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမာရင္ဟိုကေတာ့ ပြဲေ႐ႊ႕ဆိုင္းခဲ့တာနဲ႕ပတ္သက္ၿပီး သတင္းအခ်ိန္မီမထုတ္ျပန္ႏိုင္တဲ့ ပရီးမီးယားလိဂ္အဖြဲ႕ကို ခနဲ႔လိုက္တဲ့ပို႔စ္ကို သူ႕ရဲ႕ အင္စတာဂရမ္မွာတင္ထားပါတယ္။

စပါးအသင္းသားေတြဟာ ဖူလ္ဟမ္အသင္းနဲ႔ကစားမယ့္ပြဲစဥ္အတြက္ ဗုဒၶဟူးေန႔၊ ေန႔လယ္၂နာရီမွာ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းထဲမွာ ေရာက္ရွိေနခဲ့ၾကပါတယ္။ ပရီးမီးယားလိဂ္ပြဲစီစဥ္သူေတြက ပြဲကန္ဖို႔ေလးနာရီအလိုမွာ ဖူလ္ဟမ္အသင္းရဲ႕ ေတာင္းဆိုခ်က္အရပြဲ ရပ္နားေ႐ႊ႕ဆိုင္းလိုက္ပါတယ္။ ဒါေပမယ့္ ေမာ္ရင္ဟိုရဲ႕အသင္းကေတာ့ ဒီသတင္းကို အခ်ိန္မီမရလိုက္တာေၾကာင့္ အသင္းရဲ႕ ဧည့္ခန္းမထဲမွာ ေရာက္ရွိေနခဲ့ၾကၿပီး ဆက္ကန္ရမွာလား၊ မကန္ရဘူးလား ဇေဝဇဝါျဖစ္ေနခဲ့ၾကပါတယ္။ သတင္းအခ်ိန္မီမသိလိုက္ရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေမာ္ရင္ဟိုက ပရီးမီးယားလိဂ္အဖြဲ႕ကို ခနဲ႔လိုက္တဲ့ပို႔စ္ကို သူ႔ရဲ႕အင္စတာဂရမ္မွာတင္ခဲ့ပါတယ္။

“ပြဲက ညေန၆နာရီ။ က်ေနာ္တို႔ကစားရမွာလား မကစားရဘူးလားဆိုတာ က်ေနာ္တို႔ကခုထိမသိၾကရေသးဘူး၊ ဒါက ကမာၻေပၚမွာအေကာင္းဆုံးလိဂ္တဲ့။” ဆိုတဲ့စာသားနဲ႔အတူ ပြဲကစားဖို႔ ဧည့္ခန္းထဲမွာ ေစာင့္ဆိုင္းေနတဲ့ ကစားသမားေတြနဲ႕ နည္းျပအဖြဲ႕ဝင္ေတြ ရဲ႕ ႐ုပ္သံဖိုင္ကို ေမာ္ရင္ဟိုက တင္ထားခဲ့ပါတယ္။ ဒီေ႐ႊ႕ဆိုင္းခဲ့တဲ့ပြဲဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ကိုဗစ္ေၾကာင့္ေ႐ႊ႕ဆိုင္းလိုက္ရတဲ့ သုံးပြဲေျမာက္ပြဲ ျဖစ္ပါတယ္။ ဗီဒီယိုပို႔စ္မွာ ေမာ္ရင္ဟိုက အနားမွာရွိတဲ့ တီဗီမွာျပေနတဲ႕ အခ်ိန္ကို Zoom ဆြဲျပခဲ့ပါတယ္။

စပါးအသင္းဘက္က ေၾကျငာခ်က္မွာ “ဒီဇင္ဘာ ၃၀၊ ဗုဒၶဟူးေန႔ညေနမွာက်င္းပဖို႔ စီစဥ္ထားတဲ့၊ ဖူလ္ဟမ္နဲ႔ကစားမယ့္ ပြဲကို ေ႐ႊ႕ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း ပရီးမီးယားလိဂ္အဖြဲ႔ခ်ဳပ္က မိမိတို႔အသင္းကိုအေၾကာင္းၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ဒီေန႔ကစားမယ့္ ပြဲဟာ ေ႐ႊ႕ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားလိုက္ပါတယ္။

ဖူလ္ဟမ္အသင္းမွာ ကစားသမားေတြနဲ႔ဝန္ထမ္းေတြၾကားမွာ ကိုဗစ္ ေပါ့စတစ္မ်ားစြာျဖစ္ေနတာ ေၾကာင့္ ပြဲေ႐ႊ႕ဆိုင္းမႈကိုလုပ္ေပးဖို႕ ဖူလ္ဟမ္အသင္းဘက္က ပရီးမီးယားလိဂ္ အဖြဲ႕ခ်ဳပ္ကို ေတာင္းဆိုခဲ့တာေၾကာင့္ ဒီေန႔ေန႔လယ္ခင္းမွာ ပရီးမီးယားလိဂ္ အဖြဲ႕ခ်ဳပ္ ဒီဆုံးျဖတ္ခ်က္ကိုခ်ခဲ့တာျဖစ္တယ္လို႕ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။”

“ကိုဗစ္ကူးစက္ခံခဲ့ရတဲ့သူအားလုံး ေဘးကင္းၿပီးလ်င္ျမန္စြာျပန္လည္က်န္းမာလာေစဖို႔ ေတာ့တင္ဟမ္ေဟာ့စပါးကလူတိုင္းက ဖူလ္ဟမ္အသင္းအတြက္ အေကာင္းဆုံးဆုေတာင္းမ်ား ဆုေတာင္းေပးပါတယ္။” လို႔ စပါးတို႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ စပါးအသင္းရဲ႕ ၂၀၂၀အတြက္ ေနာက္ဆုံး ပရီးမီးယားလိဂ္ပြဲစဥ္ဟာကိုဗစ္ေၾကာင့္ရပ္နားလိုက္ရၿပီလည္း ျဖစ္ပါတယ္။