မော်ရင်ဟိုကို ကျေနပ်စေခဲ့ပြီး၊ မှတ်တမ်းကောင်းတွေယူသွားတဲ့ လူငယ်ကစားသမားလေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မော်ရင်ဟိုရဲ့ စပါးအသင်း ဟာ အက်ဖ်အေဖလားတတိယအဆင့်မှာ အပျော်တန်းကလပ် မာရင်းအသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဆယ်ကျော်သက်လူငယ်ကစားသမား အယ်လ်ဖိုင်းဒီဗိုင်းကတော့ ထင်ပေါ်တဲ့ ကောင်လေး ဖြစ်ခဲ့ပါတယ်။ ဒီဗိုင်းဟာ အသက်၁၆နှစ်၊ ၁၆၃ ရက်နဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်ရော၊ အသက်အငယ်ဆုံး ဂိုးသွင်းသူ အဖြစ် ပါ မှတ်တမ်းရသွားခဲ့ပါတယ်။ အဲဒီကောင်လေးက ၂၀၀၄ခုနှစ်၊ ဩဂုတ်လ ၁ရက်မှာမွေးခဲ့တာဖြစ်ပြီး မနေ့ညက အက်ဖ်အေဖလားပွဲမှာ သူ့ရဲ့ စီနီယာအသင်းပွဲဦးထွက်ကို လူစားဝင်ရောက် ကစားခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ ပထမပိုင်းမှာတင် အသင်းငယ်လေးကို ၄ဂိုးပြတ် အနိုင်ရနေခဲ့ပြီး နည်းပြ မော်ရင်ဟိုက လူငယ်ကစားသမားလေး ဒီဗိုင်းကို အခွင့်အရေးပေးခဲ့တာ ဖြစ်ပါတယ်။ မာရင်းအသင်းကို အနိုင်ရတဲ့ပွဲမှာ စပါးအတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်မှူး ကားလိုစ့်က ၃ဂိုး၊ လူးကပ်စ်မိုရာက ၁ဂိုး၊ ဒီဗိုင်းက ၁ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဲဒီကစားသမားလေးဟာ ကွင်းလယ်လူ မူဆာဆစ်ဆိုကိုရဲ့ နေရာကို ဒုတိယပိုင်းမှာ ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပွဲချိန် မိနစ် ၆၀မှာ လူးကပ်စ်မိုရာရဲ့ ပေးပို့မှုကနေ တစ်ဆင့် မာရင်းနောက်ခံလူတွေကို ကျော်ဖြတ်ကာ ဒီဗိုင်းတစ်ယောက်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကောင်လေးဟာ အသက်၁၁နှစ်အရွယ်မှာလီဗာပူးအသင်းမှာ ကစားခဲ့ဖူးပြီး ယူ၁၆ အင်္ဂလန် အသင်းမှာလည်း ပါဝင်ကစားခဲ့ဖူးပါတယ်။ သူ့ရဲ့ ဖခင်ဟာ ရူဘီကစားသမားဟောင်း တစ်ဦး ဖြစ်ပါတယ်။

စပါးအသင်းထံ ရောက်လာပြီးနောက် ယူ၁၈အသင်းမှာ ဒီဗိုင်းဟာ ၇ပွဲ ကစားထားပါတယ်။ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလက ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ MK ဒွန်းအသင်းအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ဂျော်ဂျီဝီလီယံ နောက်ပိုင်း ဒီဗိုင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

နည်းပြမော်ရင်ဟိုရဲ့ စပါးအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ကစားရဖို့ရှိနေသလို လာမယ့် တနင်္ဂနွေနေ့မှာလည်း ဇယားအောက်ဆုံးက ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေမာ္ရင္ဟိုကို ​ေက်နပ္​ေစခဲ့ၿပီး၊ မွတ္တမ္း​ေကာင္း​ေတြယူသြားတဲ့ လူငယ္ကစားသမား​ေလး ေမာ္ရင္ဟိုရဲ႕ စပါးအသင္း ဟာ အက္ဖ္ေအဖလားတတိယအဆင့္မွာ အေပ်ာ္တန္းကလပ္ မာရင္းအသင္းကို အႏိုင္ယူႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာ ဆယ္ေက်ာ္သက္လူငယ္ကစားသမား အယ္လ္ဖိုင္းဒီဗိုင္းက​ေတာ့ ထင္​ေပၚတဲ့ ​ေကာင္​ေလး ျဖစ္ခဲ့ပါတယ္။ဒီဗိုင္းဟာ အသက္၁၆ႏွစ္၊ ၁၆၃ ရက္နဲ႔ အသက္အငယ္ဆုံးကစားသမားအျဖစ္​ေရာ၊ အသက္အငယ္ဆုံး ဂိုးသြင္းသူ အျဖစ္ ပါ မွတ္တမ္းရသြားခဲ့ပါတယ္။ အဲဒီ​​ေကာင္​​ေလးက ၂၀၀၄ခုႏွစ္၊ ဩဂုတ္လ ၁ရက္မွာေမြးခဲ့တာျဖစ္ၿပီး မေန႔ညက အက္ဖ္ေအဖလားပြဲမွာ သူ႔ရဲ႕ စီနီယာအသင္းပြဲဦးထြက္ကို လူစားဝင္ေရာက္ ကစားခဲ့တာျဖစ္ပါတယ္။

စပါးအသင္းဟာ ပထမပိုင္းမွာတင္ အသင္းငယ္ေလးကို ၄ဂိုးျပတ္ အႏိုင္ရေနခဲ့ၿပီး နည္းျပ ေမာ္ရင္ဟိုက လူငယ္ကစားသမား​ေလး ဒီဗိုင္းကို အခြင့္အေရးေပးခဲ့တာ ျဖစ္ပါတယ္။ မာရင္းအသင္းကို အႏိုင္ရတဲ့ပြဲမွာ စပါးအတြက္ အႏိုင္ဂိုးေတြကိုေတာ့ တိုက္စစ္မႉး ကားလိုစ့္က ၃ဂိုး၊ လူးကပ္စ္မိုရာက ၁ဂိုး၊ ဒီဗိုင္းက ၁ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။အဲဒီကစားသမားေလးဟာ ကြင္းလယ္လူ မူဆာဆစ္ဆိုကိုရဲ႕ ေနရာကို ဒုတိယပိုင္းမွာ ဝင္ေရာက္ကစားခဲ့တာျဖစ္ပါတယ္။ အဲဒီ​ေနာက္ ပြဲခ်ိန္ မိနစ္ ၆၀မွာ လူးကပ္စ္မိုရာရဲ႕ ေပးပို႔မႈကေန တစ္ဆင့္ မာရင္းေနာက္ခံလူေတြကို ေက်ာ္ျဖတ္ကာ ဒီဗိုင္းတစ္​ေယာက္ဂိုးသြင္းယူခဲ့တာ ျဖစ္ပါတယ္။ အဲဒီ ​ေကာင္​ေလးဟာ အသက္၁၁ႏွစ္အ႐ြယ္မွာလီဗာပူးအသင္းမွာ ကစားခဲ့ဖူးၿပီး ယူ၁၆ အဂၤလန္ အသင္းမွာလည္း ပါဝင္ကစားခဲ့ဖူးပါတယ္။ သူ႔ရဲ႕ ဖခင္ဟာ ႐ူဘီကစားသမားေဟာင္း တစ္ဦး ျဖစ္ပါတယ္။ စပါးအသင္းထံ ေရာက္လာၿပီး​ေနာက္ ယူ၁၈အသင္းမွာ ဒီဗိုင္းဟာ ၇ပြဲ ကစားထားပါတယ္။

၂၀၁၁ခုႏွစ္၊ ႏိုဝင္ဘာလက ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ MK ဒြန္းအသင္းအတြက္ ဂိုးသြင္းယူေပးခဲ့တဲ့ ေဂ်ာ္ဂ်ီဝီလီယံ ေနာက္ပိုင္း ဒီဗိုင္းဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲရဲ႕ အသက္အငယ္ဆုံး ဂိုးသြင္းႏိုင္တဲ့ ကစားသမားျဖစ္လာခဲ့ပါတယ္။ နည္းျပေမာ္ရင္ဟိုရဲ႕ စပါးအသင္းဟာ လာမယ့္ ဗုဒၶဟူးေန႔မွာ ပရီးမီးယားလိဂ္ပြဲအျဖစ္ အက္စတြန္ဗီလာအသင္းနဲ႔ ကစားရဖို႔ရွိေနသလို လာမယ့္ တနဂၤေႏြေန႔မွာလည္း ဇယားေအာက္ဆုံးက ရွက္ဖီးယူႏိုက္တက္နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။