မော်ရင်ဟိုကို ဘာမှတ်လို့ ဒေါသဆွနေကြတာလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲစဉ်တစ်ပွဲမှာ ရလဒ်ဆိုးနေရင် နည်းပြရဲ့ဦးဆောင်မှု ညံ့လို့ဖြစ်နိုင်သလို၊ ကစားသမားတွေ လုပ်ပုံမဟုတ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အခုချိန်မှာတော့ စပါးနည်းပြမော်ရင်ဟိုတစ်ယောက် သူ့အသင်းသားတွေအပေါ် တော်တော်ဒေါသပေါက်ကွဲနေပါတယ်။ စပါးဟာ ယမန်နေ့ ညက ရိုင်ရယ်အန်တွပ် အသင်း နဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်ကိုယှဉ်ပြိုင်ကစားခဲ့ပြီး ၁ – ၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။အဲဒီပွဲမှာစပါးကစားသမားတွေဟာ အချိတ်အဆက်မမိခဲ့ကြဘဲ ကစားပုံဆိုးရွားခဲ့ကြပါတယ် ။

မော်ရင်ဟိုဟာ ဒုတိယပိုင်းပွဲအစမှာ ကစားသမား ၄ ဦး အထိ အပြောင်းအလဲ ပြုလုပ်ပြီး ဆက်လက် ယှဉ်ပြိုင်ခဲ့ပြီး ၅၈ မိနစ်မှာတော့ ဟယ်ရီကိန်းကိုပါ ဘေးနဲ့လူစားလဲပြီး ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ရှုံးနိမ့်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။

အဆိုပါ ရှုံးပွဲနဲ့ ပတ်သက်ပြီး စပါးအသင်းနည်းပြ မော်ရင်ဟို ကတော့ ဘာမှ စောဒက တက်စရာ မရှိဘူးလို့ ဆိုပါတယ်။ မောင်ရင်ဟို အနေနဲ့ ဒုတိယပိုင်းမှာ ဖြစ်နိုင်ရင် ကစားသမား ၁၁ ယောက်လောက် အထိ လူစားလဲချင်ကြောင်းနဲ့ ရှုံးနိမ့်ခဲ့ရတာ ကို ထိုက်တန်တယ်လို့ မြင်ကြောင်း ဆိုသွားခဲ့ပါတယ်။

” ဖြစ်နိုင်ရင် ဒီ ၁၁ ယောက်စလုံး လူစားလဲလိုက်ချင်တယ်။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး အပြစ်တင်ရမယ့်သူက တစ်ဦးပဲ ရှိပါတယ်။ အဲဒီ လူက ကျွန်တော်ပါပဲ။ ကျွန်တော် ကိုယ်တိုင် ပွဲအစပိုင်းအတွက် လူတွေ ရွေးခဲ့တယ်။ ဒုတိယပိုင်းမှာ ကျွန်တော် ကစားပုံကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက မလုံလောက်ခဲ့ပါဘူး။”

“ပထမပိုင်းမှာ ကစားရတာ ပိုချောင်ပါတယ် ။နေရာလွတ်တွေ လည်း အများကြီး ပေါ်ခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာတော့အန်တွပ်က ကစားပုံ ပြောင်းသွား ပါတယ် ။ ပို ကစားရ ခက်သွားပြီး ထိုးဖောက်လို့လည်း မရ တော့ပါဘူး။ နောက်ဆုံးမှာတော့ ရိုင်ရယ်အန်တွပ် အသင်းက ထိုက်တန်တဲ့ နိုင်ပွဲကိုရသွားခဲ့တာပါ။ ကျွန်တော်တို့လည်း ကိုယ်နဲ့ ထိုက်တာကိုပဲရခဲ့ပါတယ်”

“ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းအများကြီး ပိုင်ဆိုင်ထားပါတယ်။ သူတို့ကို အခွင့်အရေးပေးရမှာက ကျွန်တော့်တာဝန်ပါ။ နောက်ပွဲတွေ ထပ်ကစားနိုင်ဖို့ ကြိုးစားရမှာက သူတို့ တာဝန်ပါ။ ဒီနေ့ညပွဲစဉ်ကြောင့် ကျွန်တော့်အတွက် နောက်ပွဲတွေမှာ လူရွေးချယ်ဖို့ လွယ်ကူသွားပါပြီ။ ဒါပေမယ့်တာဝန်ယူမှု တစ်ခုတော့ ရှိနေပါသေးတယ်။ ကစားသမားတွေ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ တာဝန်ယူမှုပါ”လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ ပါတယ်။

နည်းပြမော်ရင်ဟိုဟာ အရင်တုန်းကလိုမျိုး ကစား သမား တစ်ဦးတစ်ယောက်ချင်းကို အမည်တပ် ဝေဖန် သွားတာမျိုး မပြုလုပ်ခဲ့ဘဲ အသုံးမကျတဲ့ ကစားသမားတွေကို ရွေးမိခဲ့တဲ့ ကိုယ့်ဘာသာပဲ အပြစ်တင်နေပါတယ်။ စပါးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့ မှာတော့ ဘရိုက်တန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အန်တွပ်ပွဲမှာပါဝင်ခဲ့တဲ့ ကစားသမားအတော်များများကတော့ အဲဒီပွဲမှာအနားယူရဖို့ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေမာ္ရင္ဟိုကို ဘာမွတ္လို႔ ေဒါသဆြေနၾကတာလဲ

ပြဲစဥ္တစ္ပြဲမွာ ရလဒ္ဆိုးေနရင္ နည္းျပရဲ႕ဦးေဆာင္မႈ ညံ့လို႔ျဖစ္ႏိုင္သလို၊ ကစားသမားေတြ လုပ္ပုံမဟုတ္တာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ အခုခ်ိန္မွာေတာ့ စပါးနည္းျပေမာ္ရင္ဟိုတစ္ေယာက္ သူ႔အသင္းသားေတြအေပၚ ေတာ္ေတာ္ေဒါသေပါက္ကြဲေနပါတယ္။ စပါးဟာ ယမန္ေန႔ ညက ႐ိုင္ရယ္အန္တြပ္ အသင္း နဲ႔ ယူ႐ိုပါလိဂ္ အေဝးကြင္းပြဲစဥ္ကိုယွဥ္ၿပိဳင္ကစားခဲ့ၿပီး ၁ – ၀ နဲ႔ ရႈံးနိမ့္ ခဲ့ပါတယ္။အဲဒီပြဲမွာစပါးကစားသမားေတြဟာ အခ်ိတ္အဆက္မမိခဲ့ၾကဘဲ ကစားပုံဆိုး႐ြားခဲ့ၾကပါတယ္ ။

ေမာ္ရင္ဟိုဟာ ဒုတိယပိုင္းပြဲအစမွာ ကစားသမား ၄ ဦး အထိ အေျပာင္းအလဲ ျပဳလုပ္ၿပီး ဆက္လက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ၅၈ မိနစ္မွာေတာ့ ဟယ္ရီကိန္းကိုပါ ေဘးနဲ႕လူစားလဲၿပီး ထည့္သြင္းခဲ့ပါတယ္။ ဒါေပမယ့္ ရႈံးနိမ့္မႈကို မတားဆီးႏိုင္ခဲ့ပါဘူး။

အဆိုပါ ရႈံးပြဲနဲ႔ ပတ္သက္ၿပီး စပါးအသင္းနည္းျပ ေမာ္ရင္ဟို ကေတာ့ ဘာမွ ေစာဒက တက္စရာ မရွိဘူးလို႔ ဆိုပါတယ္။ ေမာင္ရင္ဟို အေနနဲ႔ ဒုတိယပိုင္းမွာ ျဖစ္ႏိုင္ရင္ ကစားသမား ၁၁ ေယာက္ေလာက္ အထိ လူစားလဲခ်င္ေၾကာင္းနဲ႔ ရႈံးနိမ့္ခဲ့ရတာ ကို ထိုက္တန္တယ္လို႔ ျမင္ေၾကာင္း ဆိုသြားခဲ့ပါတယ္။

” ျဖစ္ႏိုင္ရင္ ဒီ ၁၁ ေယာက္စလံုး လူစားလဲလိုက္ခ်င္တယ္။ ဒီရႈံးပြဲနဲ႔ ပတ္သက္ၿပီး အျပစ္တင္ရမယ့္သူက တစ္ဦးပဲ ရွိပါတယ္။ အဲဒီ လူက ကြၽန္ေတာ္ပါပဲ။ ကၽြန္ေတာ္ ကိုယ္တိုင္ ပြဲအစပိုင္းအတြက္ လူေတြ ေ႐ြးခဲ့တယ္။ ဒုတိယပိုင္းမွာ ကြၽန္ေတာ္ ကစားပုံကို ျမႇင့္တင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက မလုံေလာက္ခဲ့ပါဘူး။”

“ပထမပိုင္းမွာ ကစားရတာ ပိုေခ်ာင္ပါတယ္ ။ေနရာလြတ္ေတြ လည္း အမ်ားႀကီး ေပၚခဲ့ ပါတယ္ ။ ဒုတိယပိုင္း မွာေတာ့အန္တြပ္က ကစားပုံ ေျပာင္းသြား ပါတယ္ ။ ပို ကစားရ ခက္သြားၿပီး ထိုးေဖာက္လို႔လည္း မရ ေတာ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ ႐ိုင္ရယ္အန္တြပ္ အသင္းက ထိုက္တန္တဲ့ ႏိုင္ပြဲကိုရသြားခဲ့တာပါ။ ကြၽန္ေတာ္တို႔လည္း ကိုယ္နဲ႔ ထိုက္တာကိုပဲရခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔အသင္းမွာ ကစားသမားေကာင္းအမ်ားႀကီး ပိုင္ဆိုင္ထားပါတယ္။ သူတို႔ကို အခြင့္အေရးေပးရမွာက ကြၽန္ေတာ့္တာဝန္ပါ။ ေနာက္ပြဲေတြ ထပ္ကစားႏိုင္ဖို႔ ႀကိဳးစားရမွာက သူတို႔ တာဝန္ပါ။ ဒီေန႔ညပြဲစဥ္ေၾကာင့္ ကြၽန္ေတာ့္အတြက္ ေနာက္ပြဲေတြမွာ လူေ႐ြးခ်ယ္ဖို႔ လြယ္ကူသြားပါၿပီ။ ဒါေပမယ့္တာဝန္ယူမႈ တစ္ခုေတာ့ ရွိေနပါေသးတယ္။ ကစားသမားေတြ မဟုတ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ တာဝန္ယူမႈပါ”လို႔ ေမာ္ရင္ဟိုက ေျပာဆိုသြားခဲ့ ပါတယ္။

နည္းျပေမာ္ရင္ဟိုဟာ အရင္တုန္းကလိုမ်ိဳး ကစား သမား တစ္ဦးတစ္ေယာက္ခ်င္းကို အမည္တပ္ ေဝဖန္ သြားတာမ်ိဳး မျပဳလုပ္ခဲ့ဘဲ အသုံးမက်တဲ့ ကစားသမားေတြကို ေ႐ြးမိခဲ့တဲ့ ကိုယ့္ဘာသာပဲ အျပစ္တင္​ေနပါတယ္။ စပါးအသင္းဟာ လာမယ့္တနဂၤေႏြေန႔ မွာေတာ့ ဘ႐ိုက္တန္အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး အန္တြပ္ပြဲမွာပါဝင္ခဲ့တဲ့ ကစားသမားအေတာ္မ်ားမ်ားက​ေတာ့ အဲဒီပြဲမွာအနားယူရဖို႔ ေသခ်ာသေလာက္ရွိေနၿပီ ျဖစ္ပါတယ္။