မော်ရင်ဟိုက နယူးကာဆယ်နည်းပြရာထူးကိုရယူသွားမည်မဟုတ်ကြောင်း ပြောကြား

ဟိုဆေးမော်ရင်ဟိုကနယူးကာဆယ်နှင့်သူ့အကြားတွင် ဆက်နွယ်မှုများ

ရှိနေပေမယ့်လည်းနယူးကာဆယ်နည်းပြရာထူးကို ရယူသွားမည်

မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

နယူးကာဆယ်အသင်းကို စတိဗ်ဘရုစ်ကိုင်တွယ်နေဆဲဖြစ်ပေမယ့်

အသင်းပိုင်ရှင်သစ်များဟာများမကြာမီအပြောင်းအလဲပြုလုပ်သွားဖို့ရှိနေပါတယ်။

နယူးကာဆယ်နည်းပြရာထူးအတွက်လျာထားစာရင်းတွင်နည်းပြများစွာ

ပါဝင်နေပြီးမော်ရင်ဟိုလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဒါပေမယ့်ပေါ်တူဂီလူမျိုးနည်းပြကရိုးမားအတွက်သာအပြည့်အဝ

အာရုံစိုက်နေပြီးနယူးကာဆယ်ကိုကိုင်တွယ်မှာမဟုတ်ကြောင်းဆိုလာပါတယ်။

မော်ရင်ဟိုက “နယူးကာဆယ်နဲ့ပတ်သက်ပြီးကျွန်တော့်မှာများများစားစား

ပြောစရာမရှိပါဘူး။ဘာမှမရှိတာပါ။ပြောစရာရှိတာကတော့အလွန်ခဲ့တဲ့

နှစ်တော်ကြာတုန်းကနယူးကာဆယ်သမိုင်းမှာအရေးအပါဆုံးသူတွေထဲက

တစ်ဦးဖြစ်တဲ့ဆာဘော်ဘီရော့ဘ်ဆင်နဲ့အလုပ်လုပ်ခဲ့တာပါ။

ဒီတော့ကျွန်တော်နဲ့ ဒီမြို့၊ဒီပရိသတ်တွေအကြားမှာဆက်နွယ်မှုကရှိနေပြီးသားပါ။

ဒီထက်မပိုပါဘူး။အခုဒီမှာ(ရောမ)ပျော်ပါတယ်။ရိုးမားစီမံကိန်းဖရိုင်းကင်

စီမံကိန်းအပေါ်ရာနှုန်းပြည့်အာရုံစိုက်နေတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ေမာ္ရင္ဟိုက နယူးကာဆယ္နည္းျပရာထူးကိုရယူသြားမည္မဟုတ္ေၾကာင္း ေျပာၾကား

ဟိုေဆးေမာ္ရင္ဟိုကနယူးကာဆယ္ႏွင့္သူ႔အၾကားတြင္ ဆက္ႏြယ္မႈမ်ား

ရွိေနေပမယ့္လည္းနယူးကာဆယ္နည္းျပရာထူးကို ရယူသြားမည္

မဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

နယူးကာဆယ္အသင္းကို စတိဗ္ဘ႐ုစ္ကိုင္တြယ္ေနဆဲျဖစ္ေပမယ့္

အသင္းပိုင္ရွင္သစ္မ်ားဟာမ်ားမၾကာမီအေျပာင္းအလဲျပဳလုပ္သြားဖို႔ရွိေနပါတယ္။

နယူးကာဆယ္နည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္နည္းျပမ်ားစြ

ာပါဝင္ေနၿပီးေမာ္ရင္ဟိုလည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။

ဒါေပမယ့္ေပၚတူဂီလူမ်ိဳးနည္းျပက႐ိုးမားအတြက္သာအျပည့္အဝ

အာ႐ုံစိုက္ေနၿပီးနယူးကာဆယ္ကိုကိုင္တြယ္မွာမဟုတ္ေၾကာင္းဆိုလာပါတယ္။

ေမာ္ရင္ဟိုက “နယူးကာဆယ္နဲ႔ပတ္သက္ၿပီးကြၽန္ေတာ့္မွာမ်ားမ်ားစားစား

ေျပာစရာမရွိပါဘူး။ဘာမွမရွိတာပါ။ေျပာစရာရွိတာကေတာ့အလြန္ခဲ့တဲ့

ႏွစ္ေတာ္ၾကာတုန္းကနယူးကာဆယ္သမိုင္းမွာအေရးအပါဆုံးသူေတြထဲက

တစ္ဦးျဖစ္တဲ့ဆာေဘာ္ဘီေရာ့ဘ္ဆင္နဲ႔အလုပ္လုပ္ခဲ့တာပါ။

ဒီေတာ့ကြၽန္ေတာ္နဲ႔ ဒီၿမိဳ႕၊ဒီပရိသတ္ေတြအၾကားမွာဆက္ႏြယ္မႈကရွိေနၿပီးသားပါ။

ဒီထက္မပိုပါဘူး။အခုဒီမွာ(ေရာမ)ေပ်ာ္ပါတယ္။႐ိုးမားစီမံကိန္းဖ႐ိုင္းကင္

စီမံကိန္းအေပၚရာႏႈန္းျပည့္အာ႐ုံစိုက္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။