မော်ရင်ဟိုရဲ့အကြံနဲ့ နာကျင်အချိန်ပိုမှာ အဝါကတ်ကို တမင်ကြံရွယ် လုပ်ယူခဲ့တဲ့ ပယ်လီဂရီနီ

ဆမ်ဒိုးရီးယားကို ၀-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရိုးမားကွင်းလယ်ကစားသမား

ပယ်လီဂရီနီဟာ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အဝါကတ်ကို

တမင်ကြံရွယ် လုပ်ယူခဲ့ပြီး ဒီလိုလုပ်ယူခဲ့တာဟာ

နည်းပြ မော်ရင်ဟိုရဲ့ အကြံကြောင့်ဖြစ်တယ်လို့

လူမှုကွန်ရက်တွေမှာ ဝေဖန်မှတ်ချက်ပေးနေကြပါတယ်။။

ရိုးမားဟာ ဆမ်ဒိုးရီးယားကို မက်ခီတာယန်းရဲ့ ပထမပိုင်းသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ရိုးမားအသင်းခေါင်းဆောင်လည်းဖြစ်တဲ့

ပယ်လီဂရီနီကလည်း အဲဒိပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၉၃ မိနစ်မှာတော့ မော်ရင်ဟိုက

ပယ်လီဂရီနီနဲ့ အိုလီဗီရာကို လူစားလဲခဲ့ပါတယ်။

ပယ်လီဂရီနီဟာ ကွင်းထဲက ထွက်ခွာချိန်မှာ တတ်နိုင်သမျှ အချိန်ဆွဲခဲ့ပါတယ်။

ပယ်လီဂရီနီဟာ အသင်းခေါင်းဆောင်လက်ပါတ်ကို မန်စီနီရဲ့ လက်မောင်းမှာ

အေးအေးဆေးဆေးသွားတပ်ပေးခဲ့ပြီး ဒိုင်က အမြန်ထွက်သွားဖို့ပြောခဲ့ရပါတယ်။

ဒါပေမယ့်ပယ်လီဂရီနီဟာကွင်းထဲမှာ ထိုင်ချပြီးတော့တောင်

ဖိနပ်ကို ချွတ်ခဲ့လို့ ဒိုင်က အဝါကတ်ပြခဲ့ပါတယ်။

အခုလိုမျိုး ပယ်လီဂရီနီ အဝါကတ်ယူသွားပုံ က သိသာလွန်းနေခြင်းနဲ့အတူ

ဘာကြောင့်ဆိုတဲ့သုံးသပ်မှုတွေကလည်း ထွက်ပေါ်လာပါတယ်။

ပယ်လီဂရီနီဟာ ဒီရာသီစီးရီးအေ ၂၂ ပွဲကစားပြီး ၈ ဂိုးသွင်းကာ ၄ဂိုးဖန်တီးထားသူပါ။

ဆမ်ဒိုးရီးယားပွဲမှာ ရခဲ့တဲ့အဝါကတ်ကြောင့်

အဝါကတ် ၅ ကတ်ပြည့်ခဲ့ပြီး ၁ ပွဲအပယ်ခံရတော့မှာပါ။

ရိုးမားဟာ ဒီတစ်ပတ်မှာ ဆာလာနီတာနာကို အိမ်ကွင်းလက်ခံကစားရမှာပါ။

ရိုးမားအတွက် လုံးဝ ပြသာနာမရှိတဲ့ပွဲပါ။

အဲ့ဒိနောက်စီးရီးအေမှာ နာပိုလီနဲ့ အင်တာကို အဝေးကွင်းမှာ ကစားရမှာပါ။

ပယ်လီဂရီနီဟာ ဆာလာနီတာနာပွဲမှာ ပွဲပယ်ခံရမှာမို့

နာပိုလီပွဲမှာ ပြန်ကစားနိုင်မှာဖြစ်ပါတယ်။

ပယ်လီဂရီနီကို ဒိုင်ကအဝါကတ်ပြနေချိန်မှာ

မော်ရင်ဟိုက ပြုံးဖြီးဖြီးကြီး ဖြစ်နေမှုကို ထောက်ပြကြပြီး

ဒီ အဝါကတ်ဟာ မော်ရင်ဟိုရဲ့ အကြံနဲ့ ပယ်လီဂရီနီ

တမင် လုပ်ယူခဲ့တဲ့အဝါကတ်အဖြစ် သတ်မှတ်ကြတာပါ။

မော်ရင်ဟိုဟာ ရီးရဲလ်ကိုတာဝန်ယူခဲ့စဥ် ၂၀၁၀ နိုဝင်ဘာလအတွင်းက

အေဂျက်စ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဇာဘီအလွန်ဆိုနဲ့ ရာမို့စ်တို့ကို

တမင် အဝါကတ်ရအောင် ညွန်ကြားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

zawgyi

ေမာ္ရင္ဟိုရဲ႕အႀကံနဲ႔ နာက်င္အခ်ိန္ပိုမွာ အဝါကတ္ကို တမင္ႀကံ႐ြယ္ လုပ္ယူခဲ့တဲ့ ပယ္လီဂရီနီ

ဆမ္ဒိုးရီးယားကို ၀-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ႐ိုးမားကြင္းလယ္ကစားသမား

ပယ္လီဂရီနီဟာ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ အဝါကတ္ကို

တမင္ႀကံ႐ြယ္ လုပ္ယူခဲ့ၿပီး ဒီလိုလုပ္ယူခဲ့တာဟာ

နည္းျပ ေမာ္ရင္ဟိုရဲ႕ အႀကံေၾကာင့္ျဖစ္တယ္လို႔

လူမႈကြန္ရက္ေတြမွာ ေဝဖန္မွတ္ခ်က္ေပးေနၾကပါတယ္။။

႐ိုးမားဟာ ဆမ္ဒိုးရီးယားကို မက္ခီတာယန္းရဲ႕ ပထမပိုင္းသြင္းဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။

႐ိုးမားအသင္းေခါင္းေဆာင္လည္းျဖစ္တဲ့

ပယ္လီဂရီနီကလည္း အဲဒိပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၉၃ မိနစ္မွာေတာ့ ေမာ္ရင္ဟိုက

ပယ္လီဂရီနီနဲ႔ အိုလီဗီရာကို လူစားလဲခဲ့ပါတယ္။

ပယ္လီဂရီနီဟာ ကြင္းထဲက ထြက္ခြာခ်ိန္မွာ တတ္ႏိုင္သမွ် အခ်ိန္ဆြဲခဲ့ပါတယ္။

ပယ္လီဂရီနီဟာ အသင္းေခါင္းေဆာင္လက္ပါတ္ကို မန္စီနီရဲ႕ လက္ေမာင္းမွာ

ေအးေအးေဆးေဆးသြားတပ္ေပးခဲ့ၿပီး ဒိုင္က အျမန္ထြက္သြားဖို႔ေျပာခဲ့ရပါတယ္။

ဒါေပမယ့္ပယ္လီဂရီနီဟာကြင္းထဲမွာ ထိုင္ခ်ၿပီးေတာ့ေတာင္

ဖိနပ္ကို ခြၽတ္ခဲ့လို႔ ဒိုင္က အဝါကတ္ျပခဲ့ပါတယ္။

အခုလိုမ်ိဳး ပယ္လီဂရီနီ အဝါကတ္ယူသြားပုံ က သိသာလြန္းေနျခင္းနဲ႔အတူ

ဘာေၾကာင့္ဆိုတဲ့သုံးသပ္မႈေတြကလည္း ထြက္ေပၚလာပါတယ္။

ပယ္လီဂရီနီဟာ ဒီရာသီစီးရီးေအ ၂၂ ပြဲကစားၿပီး ၈ ဂိုးသြင္းကာ ၄ဂိုးဖန္တီးထားသူပါ။

ဆမ္ဒိုးရီးယားပြဲမွာ ရခဲ့တဲ့အဝါကတ္ေၾကာင့္

အဝါကတ္ ၅ ကတ္ျပည့္ခဲ့ၿပီး ၁ ပြဲအပယ္ခံရေတာ့မွာပါ။

႐ိုးမားဟာ ဒီတစ္ပတ္မွာ ဆာလာနီတာနာကို အိမ္ကြင္းလက္ခံကစားရမွာပါ။

႐ိုးမားအတြက္ လုံးဝ ျပသာနာမရွိတဲ့ပြဲပါ။

အဲ့ဒိေနာက္စီးရီးေအမွာ နာပိုလီနဲ႔ အင္တာကို အေဝးကြင္းမွာ ကစားရမွာပါ။

ပယ္လီဂရီနီဟာ ဆာလာနီတာနာပြဲမွာ ပြဲပယ္ခံရမွာမို႔

နာပိုလီပြဲမွာ ျပန္ကစားႏိုင္မွာျဖစ္ပါတယ္။

ပယ္လီဂရီနီကို ဒိုင္ကအဝါကတ္ျပေနခ်ိန္မွာ

ေမာ္ရင္ဟိုက ၿပဳံးၿဖီးၿဖီးႀကီး ျဖစ္ေနမႈကို ေထာက္ျပၾကၿပီး

ဒီ အဝါကတ္ဟာ ေမာ္ရင္ဟိုရဲ႕ အႀကံနဲ႔ ပယ္လီဂရီနီ

တမင္ လုပ္ယူခဲ့တဲ့အဝါကတ္အျဖစ္ သတ္မွတ္ၾကတာပါ။

ေမာ္ရင္ဟိုဟာ ရီးရဲလ္ကိုတာဝန္ယူခဲ့စဥ္ ၂၀၁၀ ႏိုဝင္ဘာလအတြင္းက

ေအဂ်က္စ္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဇာဘီအလြန္ဆိုနဲ႔ ရာမို႔စ္တို႔ကို

တမင္ အဝါကတ္ရေအာင္ ၫြန္ၾကားခဲ့ဖူးသူလည္း ျဖစ္ပါတယ္။