မော်ရင်ဟိုလို ဆိုးလ်ရှားလည်း ဘတ်စ်ကားပိတ်လို့ စိတ်ပျက်ခဲ့တဲ့ သရဲနီကြယ်ပွင့်ဟောင်း

ဆိုးလ်ရှားဟာလည်း မော်ရင်ဟိုလိုပဲ လီဗာပူးကို ဘတ်စ်ကားပိတ်ကစားတယ်လို့ မန်ယူကြယ်ပွင့်ဟောင်း ပေါလ်အင့်စ်က ပြောကြားလိုက်ပြီး ခံစစ်အသားပေးဗျူဟာအတွက် ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့ပါတယ်။

မန်ယူဟာ အဲဒီပွဲမှာ အမှတ်ပြည့်မယူနိုင်ခဲ့လို့ လက်ရှိချန်ပီယံအသင်းကို ၆ မှတ်ဖြတ်နိုင်မယ့်အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ ပထမပိုင်းတစ်လျှောက်လုံး အိမ်ကို ဘောလုံးပေးကိုင်ခဲ့ပြီး ပွဲချိန်နောက်ဆုံးမိနစ် ၂၀ ရောက်မှသာ အပြန်အလှန်ကစားခဲ့တာပါ။

အရင်အသင်းနည်းပြဟောင်းမော်ရင်ဟိုခေတ်တုန်းကလည်း မန်ယူဟာ လီဗာပူးနဲ့ရင်ဆိုင်တွေ့တဲ့ပွဲတွေမှာဆိုရင် ခံစားအသားပေးပုံစံနဲ့ပဲ ချဉ်းကပ်တတ်ပါတယ်။

ဆိုးလ်ရှားဟာလည်း မော်ရင်ဟိုရဲ့ပုံစံအတိုင်း လီဗာပူးကို ချဉ်းကပ်ခဲ့တာမို့ ပေါ့လ်အင့်စ်က စိတ်ပျက်နေတာ ဖြစ်ပါတယ်။

”အဲဒီပွဲက မန်ယူရဲ့game plan ကို ပထမဆုံးမိနစ်ကတည်းက တွေ့ရမှာပါ။ ခံစစ်ကို အရမ်းပိတ်လွန်းပါတယ်။ ပထမပိုင်းမှာ မန်ယူရဲ့ခြေစွမ်းက တော်တော်ကိုအားနည်းတယ်လို့ ထင်ပါတယ်”လို့ မန်ယူကွင်းလယ်လူဟောင်းပေါလ်အင့်စ်က ဆိုပါတယ်။

ဆက်လက်ပြီး ပေါလ်အင့်စ်က”မော်ရင်ဟိုရှိစဉ် လွန်ခဲ့တဲ့နှစ်အနည်းငယ် အန်ဖီးလ်က ပွဲတစ်ပွဲကို ကျွန်တော်မှတ်မိပါသေးတယ်။ သူက အဲဒီမှာ ဘတ်စ်ကားပိတ်ခဲ့တာဖြစ်ပြီး ဆိုးလ်ရှားလည်း ပထမပိုင်းမှာ အဲဒီအတိုင်း အတိအကျလုပ်ခဲ့တာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါလ်အင့်စ်က”မာရှယ်နဲ့ရက်ရှ်ဖို့ဒ်တို့လို လျင်မြန်တဲ့ကစားသမားတွေကို မှီခိုပြီး လီဗာပူးကို တန်ပြန်တိုက်စစ်နဲ့ကစားမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ မန်ယူမှာ ကျွန်တော်တို့ကစားစဉ်က ခံစစ်ပိတ်ဖို့ အန်ဖီးလ်ကို မသွားခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

Zawgyi

ေမာ္ရင္ဟိုလုိ ဆိုးလ္ရွားလည္း ဘတ္စ္ကားပိတ္လို႔ စိတ္ပ်က္ခဲ့တဲ့ သရဲနီၾကယ္ပြင့္ေဟာင္း

ဆုိးလ္ရွားဟာလည္း ေမာ္ရင္ဟိုလုိပဲ လီဗာပူးကို ဘတ္စ္ကားပိတ္ကစားတယ္လုိ႔ မန္ယူၾကယ္ပြင့္ေဟာင္း ေပါလ္အင့္စ္က ေျပာၾကားလုိက္ၿပီး ခံစစ္အသားေပးဗ်ဴဟာအတြက္ ေ၀ဖန္ျပစ္တင္မႈျပဳလုပ္ခဲ့ပါတယ္။

မန္ယူဟာ အဲဒီပြဲမွာ အမွတ္ျပည့္မယူႏိုင္ခဲ့လို႔ လက္ရွိခ်န္ပီယံအသင္းကို ၆ မွတ္ျဖတ္ႏိုင္မယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့ရပါတယ္။

ဆုိးလ္ရွားရဲ႕အသင္းဟာ ပထမပိုင္းတစ္ေလွ်ာက္လုံး အိမ္ကို ေဘာလုံးေပးကိုင္ခဲ့ၿပီး ပြဲခ်ိန္ေနာက္ဆုံးမိနစ္ ၂၀ ေရာက္မွသာ အျပန္အလွန္ကစားခဲ့တာပါ။

အရင္အသင္းနည္းျပေဟာင္းေမာ္ရင္ဟိုေခတ္တုန္းကလည္း မန္ယူဟာ လီဗာပူးနဲ႔ရင္ဆုိင္ေတြ႕တဲ့ပြဲေတြမွာဆုိရင္ ခံစားအသားေပးပုံစံနဲ႔႔ပဲ ခ်ဥ္းကပ္တတ္ပါတယ္။

ဆိုးလ္ရွားဟာလည္း ေမာ္ရင္ဟိုရဲ႕ပုံစံအတိုင္း လီဗာပူးကို ခ်ဥ္းကပ္ခဲ့တာမို႔ ေပါ့လ္အင့္စ္က စိတ္ပ်က္ေနတာ ျဖစ္ပါတယ္။

”အဲဒီပြဲက မန္ယူရဲ႕game plan ကို ပထမဆုံးမိနစ္ကတည္းက ေတြ႕ရမွာပါ။ ခံစစ္ကို အရမ္းပိတ္လြန္းပါတယ္။ ပထမပိုင္းမွာ မန္ယူရဲ႕ေျခစြမ္းက ေတာ္ေတာ္ကုိအားနည္းတယ္လုိ႔ ထင္ပါတယ္”လုိ႔ မန္ယူကြင္းလယ္လူေဟာင္းေပါလ္အင့္စ္က ဆိုပါတယ္။

ဆက္လက္ၿပီး ေပါလ္အင့္စ္က”ေမာ္ရင္ဟိုရွိစဥ္ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ အန္ဖီးလ္က ပြဲတစ္ပြဲကို ကၽြန္ေတာ္မွတ္မိပါေသးတယ္။ သူက အဲဒီမွာ ဘတ္စ္ကားပိတ္ခဲ့တာျဖစ္ၿပီး ဆုိးလ္ရွားလည္း ပထမပိုင္းမွာ အဲဒီအတိုင္း အတိအက်လုပ္ခဲ့တာပါ”လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ေပါလ္အင့္စ္က”မာရွယ္နဲ႔ရက္ရွ္ဖို႔ဒ္တို႔လို လ်င္ျမန္တဲ့ကစားသမားေတြကို မွီခိုၿပီး လီဗာပူးကို တန္ျပန္တိုက္စစ္နဲ႔ကစားမယ္ဆုိတာ ကၽြန္ေတာ္တုိ႔ သိပါတယ္။ ဒါေပမဲ့ မန္ယူမွာ ကၽြန္ေတာ္တို႔ကစားစဥ္က ခံစစ္ပိတ္ဖုိ႔ အန္ဖီးလ္ကို မသြားခဲ့ပါဘူး”လို႔ ဆုိခဲ့ပါတယ္။