မော်ရင်ဟိုဟာယူရိုပါလိဂ်ကွန်ဖရင့်မှာအရှက်တကွဲရှုံးပွဲကြုံတွေ့ရပြီး နည်းပြဘဝ ပထမဆုံးအကြိမ်အဖြစ် ၆ ဂိုးပေးခဲ့ရ

ဟိုဆေးမော်ရင်ဟိုဟာယူရိုပါလိဂ်ကွန်ဖရင့်မှာအရှက်တကွဲရှုံးပွဲကြုံတွေ့ရပြီးနောက်

ရိုးမားကစားသမားများအားအပြင်းအထန်ဝေဖန်မှုပြုလုပ်လာပါတယ်။

ရိုးမားဟာကြာသပတေးနေ့ညတုန်းကနော်ဝေကလပ်ဘိုဒို/ဂလမ့်ကို

အဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားခဲ့ရပါတယ်။

ဒါပေမယ့်မော်ရင်ဟိုရဲ့ရိုးမားဟာနော်ဝေမှာအိပ်မက်ဆိုးညနဲ့ကြုံတွေ့ခဲ့ရပြီး

၆-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။မော်ရင်ဟိုဟာနည်းပြဘဝပွဲပေါင်း

၁၀၀၈ပွဲကိုင်တွယ်ခဲ့ရာမှာပထမဆုံးအကြိမ်အဖြစ်၆ဂိုးပေးခဲ့ရပါတယ်။

မော်ရင်ဟိုက “ဒီလူစာရင်းနဲ့ရင်ဆိုင်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။

ဒီတော့ ကျွ်တော့်မှာတာဝန်အရှိဆုံးပါ။ကျွန်တော်ဟာအလုပ်ကြိုးစားတဲ့

ကစားသမားတွေကိုအခွင့်အရေးပေးတဲ့အနေနဲ့၊ရာသီဥတုအေးလို့ကွင်းဆိုးမှုကြောင့်

ကစားသမားအချို့ကိုအနားပေးတဲ့အနေနဲ့ဒီလူစာရင်းနဲ့ရင်ဆိုင်ခဲ့တာပါ။

ကျွန်တော်တို့ဟာဒီညမှာအရည်အချင်းကိုပြသနိုင်တဲ့အသင်းကိုရှုံးနိမ့်ခဲ့တာပါ။

ရှင်းရှင်းလေးပါ။ပထမအသင်းနဲ့ဒီအသင်းအကြားမှာအရည်အသွေးကွာဟမှုက

အရမ်းကြီးတယ်။ဒီအသင်းရဲ့အရည်အချင်းအကန့်အသတ်ကိုသိတယ်။

ဒါကအထူးအဆန်းမဟုတ်ပါဘူး။ဒါပေမယ့်ပိုကောင်းတဲ့တုံ့ပြန်မှုရမယ်လို့

ထင်မှတ်ထားခဲ့တယ်။သူတို့ကိုကျွန်တော်ကစားဖို့ရွေးခဲ့တယ်။ဒီတော့ကျွန်တော့်မှာ

တာဝန်ရှိတယ်”လို့ပြောကြားသွားပါတယ်။

မော်ရင်ဟိုရဲ့ရိုးမားဟာဘိုဒို/ဂလမ့်ကို ရှုံးနိမ့်မှုကြောင့်ယူရိုပါကွန်ဖရင့်လိဂ်ရဲ့အုပ်စု

(ဂ)တွင်သုံးပွဲကစားချိန်မှာဘိုဒို/ဂလမ့်နှင့်  တစ်မှတ်အကွာဖြင့်ဒုတိယနေရာမှာ

ရပ်တည်နေပါတယ်။ရိုးမားဟာလာမယ့် နိုဝင်ဘာလ၄ရက်နေ့မှာအိုလံပီကိုကွင်းမှာ

ဘိုဒို/ဂလမ့်ကိုပြန်လည်ဧည့်ခံကစားရပါမယ်။

zawgyi

ေမာ္ရင္ဟိုဟာယူ႐ိုပါလိဂ္ကြန္ဖရင့္မွာအရွက္တကြဲရႈံးပြဲႀကဳံေတြ႕ရၿပီး နည္းျပဘဝ ပထမဆုံးအႀကိမ္အျဖစ္ ၆ ဂိုးေပးခဲ့ရ

ဟိုေဆးေမာ္ရင္ဟိုဟာယူ႐ိုပါလိဂ္ကြန္ဖရင့္မွာအရွက္တကြဲရႈံးပြဲႀကဳံေတြ႕ရၿပီးေနာက္

႐ိုးမားကစားသမားမ်ားအားအျပင္းအထန္ေဝဖန္မႈျပဳလုပ္လာပါတယ္။

႐ိုးမားဟာၾကာသပေတးေန႔ညတုန္းကေနာ္ေဝကလပ္ဘိုဒို/ဂလမ့္ကို

အေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားခဲ့ရပါတယ္။

ဒါေပမယ့္ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာေနာ္ေဝမွာအိပ္မက္ဆိုးညနဲ႔ႀကဳံေတြ႕ခဲ့ရၿပီး

၆-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။ေမာ္ရင္ဟိုဟာနည္းျပဘဝပြဲေပါင္း

၁၀၀၈ပြဲကိုင္တြယ္ခဲ့ရာမွာပထမဆုံးအႀကိမ္အျဖစ္၆ဂိုးေပးခဲ့ရပါတယ္။

ေမာ္ရင္ဟိုက “ဒီလူစာရင္းနဲ႔ရင္ဆိုင္ဖို႔ကြၽန္ေတာ္ဆုံးျဖတ္ခဲ့တာပါ။

ဒီေတာ့ ကြၽ္ေတာ့္မွာတာဝန္အရွိဆုံးပါ။ကြၽန္ေတာ္ဟာအလုပ္ႀကိဳးစားတဲ့

ကစားသမားေတြကိုအခြင့္အေရးေပးတဲ့အေနနဲ႔၊ရာသီဥတုေအးလို႔ကြင္းဆိုးမႈေၾကာင့္

ကစားသမားအခ်ိဳ႕ကိုအနားေပးတဲ့အေနနဲ႔ဒီလူစာရင္းနဲ႔ရင္ဆိုင္ခဲ့တာပါ။

ကြၽန္ေတာ္တို႔ဟာဒီညမွာအရည္အခ်င္းကိုျပသႏိုင္တဲ့အသင္းကိုရႈံးနိမ့္ခဲ့တာပါ။

ရွင္းရွင္းေလးပါ။ပထမအသင္းနဲ႔ဒီအသင္းအၾကားမွာအရည္အေသြးကြာဟမႈက

အရမ္းႀကီးတယ္။ဒီအသင္းရဲ႕အရည္အခ်င္းအကန႔္အသတ္ကိုသိတယ္။

ဒါကအထူးအဆန္းမဟုတ္ပါဘူး။ဒါေပမယ့္ပိုေကာင္းတဲ့တုံ႔ျပန္မႈရမယ္လို႔

ထင္မွတ္ထားခဲ့တယ္။သူတို႔ကိုကြၽန္ေတာ္ကစားဖို႔ေ႐ြးခဲ့တယ္။ဒီေတာ့ကြၽန္ေတာ့္မွာ

တာဝန္ရွိတယ္”လို႔ေျပာၾကားသြားပါတယ္။ ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာဘိုဒို/ဂလမ့္ကို

ရႈံးနိမ့္မႈေၾကာင့္ယူ႐ိုပါကြန္ဖရင့္လိဂ္ရဲ႕အုပ္စု(ဂ)တြင္သုံးပြဲကစားခ်ိန္မွာဘိုဒို/ဂလမ့္ႏွင့္

တစ္မွတ္အကြာျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။႐ိုးမားဟာလာမယ့္

ႏိုဝင္ဘာလ၄ရက္ေန႔မွာအိုလံပီကိုကြင္းမွာဘိုဒို/ဂလမ့္ကိုျပန္လည္ဧည့္ခံကစားရပါမယ္။