မော်ရင်ဟိုဟာ ဂွါဒီယိုလာထက်ပိုကောင်းတဲ့နည်းပြလို့ အီတူး အခိုင်အမာပြောကြား

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာတိုက်စစ်မှူးဟောင်း အီတူးကတော့ မက်ဆီ ၊ ရော်နယ်ဒင်ဟိုတို့လို နာမည်ကျော်တွေနဲ့ တွဲဖက်ကစားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာ နဲ့ မော်ရင်ဟိုလက်အောက်မှာလည်း ကစားခဲ့ဖူးတာဖြစ်ကာ မော်ရင်ဟိုက ဂွါဒီယိုလာထက်ပိုကောင်းတဲ့နည်းပြတစ်ဦးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ မကြာသေးခင်က ပီလီရဲ့စံချိန်ကိုကျော်ဖြတ်ခဲ့တာဖြစ်ပြီး အီတူးကလည်း မက်ဆီနဲ့အတူ ဘာစီလိုနာမှာ တွဲကစားခဲ့ဖူးတာဖြစ်ပါတယ်။

“ကျွန်တော့်ကစားသမားဘဝမှာ အကောင်းဆုံးတွေနဲ့ ကစားခဲ့ရပါတယ်။ မက်ဆီကလည်း တကယ်ကောင်းတဲ့ကစားသမားပါ။ ကွင်းတွင်းကော ကွင်းပြင်ပမှာပါ တကယ်ကောင်းပါတယ်”လို့ အီတူးက ပြောကြားခဲ့ပါတယ်။

အီတူးကတော့ ၂၀၀၅ ခုနှစ်က ဂျူဗင်တပ်စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲအကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်မှတ်မိတာက ၂၀၀၅ ခုနှစ်မှာ ဂျူဗင်တပ်စ်နဲ့ ဂမ်ပါဖလားကစားခဲ့ရတာကိုပါ။ ဗီယားရားက ပြိုင်ဘက်အသင်းမှာပါ။

သူကကျွန်တော်နဲ့ညီအကိုလိုပါပဲ။ အဲ့အချိန်မှာ သူ့ကိုငါတို့အသင်းမှာ အနာဂတ်ကစားသမားတစ်ဦးပါလာတယ်။သူ့နာမည်က မက်ဆီလို့ ကျွန်တော်ပြောလိုက်ပါတယ်။

အဲ့တာကို သူက စိတ်မပူနဲ့ငါဂရုစိုက်လိုက်မယ်လို့ ပြန်ပြောခဲ့ပါတယ်။ ပွဲအပြီးမှာ ဗီယားရားက ကျွန်တော့်ကိုလာပြန်ပြောပါတယ်။ တားဖို့ဘယ်လိုမှမဖြစ်နိုင်ခဲ့ဘူး။သူက အနာဂတ်ကစားသမားပါ”လို့ ဗီယားရားက ပြောကြားခဲ့ပါတယ်။

အီတူးဟာ မော်ရင်ဟိုရှိတဲ့အင်တာအသင်းကိုမပြောင်းခင် ဘာစီလိုနာမှာ မက်ဆီနဲ့အတူ ဖလား ၃ လုံးချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

“ဘယ်သူပိုကောင်းတယ်ဆိုတာကို ကျွန်တော်မပြောချင်ပါဘူး။ ဖြေရှင်းရခက်တဲ့ မေးခွန်းတစ်ခုပါ။ ကျွန်တော်ကတော့ မော်ရင်ဟိုကိုရွေးချယ်ချင်ပါတယ်။ မော်ရင်ဟို နဲ့ ကျွန်တော်က သူငယ်ချင်းကောင်းတွေပါ။ ကျွန်တော့်ရဲ့နည်းစနစ်က မော်ရင်ဟိုနဲ့ အံဝင်ပါတယ်။ ဒါပေမဲ့ ပက်ကလည်း နည်းပြကောင်းတစ်ဦးပါ။ ကမ္ဘာပေါ်မှာ နည်းပြကောင်းတွေအများကြီးရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်စတိုင်က မော်ရင်ဟိုနဲ့ပဲအံဝင်ပါတယ်။ ကျွန်တော့်အတွက်တော့ မော်ရင်ဟိုက ပက်ထက်ပိုကောင်းတဲ့နည်းပြတစ်ဦးပါ။ ကျွန်တော့်ဘဝမှာ နည်းပြတစ်ယောက်အတွက်ဘဲ ကစားတဲ့နေရာပြောင်းပြီး ကစားဖို့ဆုံးဖြတ်ခဲ့ဘူးပါတယ်။ ဘာကြောင့်လဲဆိုရင် ပေါ်တိုလိုအသင်းနဲ့ ချန်ပီယံလိဂ်ဖလားယူပြခဲ့တဲ့နည်းပြကို ယုံကြည်လို့ပါ။ ”လို့ အီတူးက ပြောကြားခဲ့ပါတယ်။

လာလီဂါရဲ့သံတမန်တစ်ဦးဖြစ်တဲ့ အီတူးက မက်ဆီအနေနဲ့ ဘာစီလိုနာမှာပဲ ဆက်နေလိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီတူးက ဘာစီလိုနာစတား ဖာတီကလည်း အနာဂတ်မှာ အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။

“ဖာတီက ကစားသမားကောင်းတစ်ဦးဖြစ်လာနိုင်ပြီး အနာဂတ်မှာ မက်ဆီရဲ့နေရာကို ဆက်ခံနိုင်မယ့်သူလို့ ကျွန်တော်ထင်ပါတယ်”လို့ အီတူးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi





