
လေ့လာမှုအသစ်တစ်ခုက မော်ရင်ဟိုတစ်ယောက် ဘောလုံးကလပ်တွေကနေ
ဘယ်လောက်တောင်လျော်ကြေးရခဲ့တယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။
အဲဒီပေါ်တူဂီသားနည်းပြဟာ စာချုပ်မပြည့်ခင် အထုတ်ခံခဲ့ရလို့ ချဲလ်ဆီး၊
မန်ယူ၊ စပါးနဲ့ ရီးရဲလ်တို့လိုအသင်းတွေကနေ လျော်ကြေးများစွာရရှိခဲ့ပါတယ်။
မော်ရင်ဟိုဟာ အင်္ဂလိပ်ကလပ်တွေနဲ့ချည်းပဲ လျော်ကြေးအဖြစ်
ပေါင်သန်း ၁၀၀ ကျော်ရရှိခဲ့တာပါ။ အင်္ဂလန်မှာ မော်ရင်ဟိုစတင်နည်းပြခဲ့တာက
၂၀၀၄ မှာဖြစ်ပြီး ပေါ်တိုနဲ့ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့ပြီးတဲ့နောက် ချဲလ်ဆီးိကိုရောက်လာခဲ့တာပါ။
၂၀၁၇ မှာ ရာသီတာထွက်ဆိုးကြောင့် ထုတ်ပယ်ခြင်းမခံရခင် မော်ရင်ဟိုဟာ
ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ရခဲ့တာပါ။
အဲဒီနောက် သူဟာ အင်တာ၊ရီးရဲလ်တို့နဲ့ ပြည်တွင်းဆုဖလားတွေရယူနိုင်ခဲ့ပေမယ့်
၂၀၁၃ မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာခဲ့ပါတယ်။
၅၈ နှစ်အရွယ် မော်ရင်ဟိုဟာ ၂၀၁၅ မှာလည်း ပရီးမီးယားလိဂ်ဖလားကို
ထပ်မံကိုင်မြှောက်နိုင်ခဲ့ပေမယ့် ပထမအကြိမ်ချဲလ်ဆီးမှာတုန်းကလိုပဲ အဲဒီမှာ ကြာရှည်မခံခဲ့ပါဘူး။
အဲဒီနောက ၂၀၁၆ မှာ ဗန်ဂေါလ်နေရာဆက်ခံဖို့ မန်ယူကို ရောက်သွားခဲ့ပါတယ်။
မန်ယူနဲ့အတူ အင်္ဂလန်လိဂ်ဖလား၊ ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်းတို့ရခဲ့ပေမယ့်
အိုးလ်ထရက်ဖို့ဒ်မှာလည်း ၂ နှစ်သာ ခံခဲ့ပြီး စာချုပ်မပြည့်ခင်မှာပဲ ထုတ်ပယ်ခံခဲ့ရတာပါ။
ဆန်းစစ်မှုအသစ်အရတော့ မော်ရင်ဟိုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း
အင်္ဂလန်က သူ့အလုပ် ၃ ခုကနေ ပေါင် ၉၇ သန်းကျော်ရခဲ့ပါတယ်။
၂၀၁၁-၁၂ ရာသီစကတည်းက ထုတ်ပယ်ခံခဲ့ရတဲ့ ပရီးမီးယားလိဂ်နည်းပြ
တစ်ယောက်ချင်းစီရဲ့လျော်ကြေးထက် အများကြီးများပါတယ်။
လျော်ကြေးအများဆုံးရနည်းပြစာရင်းမှာ ဒုတိယနေရာချိတ်တဲ့
စပါးနည်းပြဟောင်းပိုချက်တီနိုထက်တောင် မော်ရင်ဟိုက ပေါင်သန်း ၅၀ ကျော်ပိုများနေတာပါ။
နောက်ဆုံးစာရင်းသစ်အရ အဲဒီပရီးမီးယားလိဂ် ၃ ထပ်ကွမ်းနည်းပြဟာ
အင်္ဂလန်မှာ ၂၃၁၅ ရက်ကြာနည်းပြခဲ့ပြီး တစ်ရက်ကို ပျဉ်းမျှအနေနဲ့ ၄၂၁၉၂ ပေါင်
ရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီကာလအတွင်း မော်ရင်ဟိုဟာ
တစ်ပွဲကို ၂၆၆၈၇၀ ပေါင်ရခဲ့ပြီး သူဟာ အင်္ဂလန်က ၃၃၆ ပွဲမှာ ၂၀၉ ပွဲအနိုင်ရခဲ့တာပါ။
တစ်နည်းအားဖြင့် မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဈေးအကြီးဆုံးနည်းပြဖြစ်ပါတယ်။
zawgyi
ေမာ္ရင္ဟိုဟာ ဘယ္နည္းျပထက္မဆို ေလ်ာ္ေၾကးရတဲ့ေနရာမွာ ေပါင္သန္း ၅၀ ေက်ာ္ပိုမ်ား
ေလ့လာမႈအသစ္တစ္ခုက ေမာ္ရင္ဟိုတစ္ေယာက္ ေဘာလုံးကလပ္ေတြကေန
ဘယ္ေလာက္ေတာင္ေလ်ာ္ေၾကးရခဲ့တယ္ဆိုတာကို ေဖာ္ျပလိုက္ပါတယ္။
အဲဒီေပၚတူဂီသားနည္းျပဟာ စာခ်ဳပ္မျပည့္ခင္ အထုတ္ခံခဲ့ရလို႔ ခ်ဲလ္ဆီး၊
မန္ယူ၊ စပါးနဲ႔ ရီးရဲလ္တို႔လိုအသင္းေတြကေန ေလ်ာ္ေၾကးမ်ားစြာရရွိခဲ့ပါတယ္။
ေမာ္ရင္ဟိုဟာ အဂၤလိပ္ကလပ္ေတြနဲ႔ခ်ည္းပဲ ေလ်ာ္ေၾကးအျဖစ္
ေပါင္သန္း ၁၀၀ ေက်ာ္ရရွိခဲ့တာပါ။ အဂၤလန္မွာ ေမာ္ရင္ဟိုစတင္နည္းျပခဲ့တာက
၂၀၀၄ မွာျဖစ္ၿပီး ေပၚတိုနဲ႔ခ်န္ပီယံလိဂ္ဗိုလ္စြဲခဲ့ၿပီးတဲ့ေနာက္ ခ်ဲလ္ဆီးိကိုေရာက္လာခဲ့တာပါ။
၂၀၁၇ မွာ ရာသီတာထြက္ဆိုးေၾကာင့္ ထုတ္ပယ္ျခင္းမခံရခင္ ေမာ္ရင္ဟိုဟာ
ခ်ဲလ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ရခဲ့တာပါ။
အဲဒီေနာက္ သူဟာ အင္တာ၊ရီးရဲလ္တို႔နဲ႔ ျပည္တြင္းဆုဖလားေတြရယူႏိုင္ခဲ့ေပမယ့္
၂၀၁၃ မွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ျပန္လာခဲ့ပါတယ္။
၅၈ ႏွစ္အ႐ြယ္ ေမာ္ရင္ဟိုဟာ ၂၀၁၅ မွာလည္း ပရီးမီးယားလိဂ္ဖလားကို
ထပ္မံကိုင္ေျမႇာက္ႏိုင္ခဲ့ေပမယ့္ ပထမအႀကိမ္ခ်ဲလ္ဆီးမွာတုန္းကလိုပဲ အဲဒီမွာ ၾကာရွည္မခံခဲ့ပါဘူး။
အဲဒီေနာက ၂၀၁၆ မွာ ဗန္ေဂါလ္ေနရာဆက္ခံဖို႔ မန္ယူကို ေရာက္သြားခဲ့ပါတယ္။
မန္ယူနဲ႔အတူ အဂၤလန္လိဂ္ဖလား၊ ယူ႐ိုပါလိဂ္နဲ႔ ကြန္ျမဴနတီဒိုင္းတို႔ရခဲ့ေပမယ့္
အိုးလ္ထရက္ဖို႔ဒ္မွာလည္း ၂ ႏွစ္သာ ခံခဲ့ၿပီး စာခ်ဳပ္မျပည့္ခင္မွာပဲ ထုတ္ပယ္ခံခဲ့ရတာပါ။
ဆန္းစစ္မႈအသစ္အရေတာ့ ေမာ္ရင္ဟိုဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္အတြင္း
အဂၤလန္က သူ႔အလုပ္ ၃ ခုကေန ေပါင္ ၉၇ သန္းေက်ာ္ရခဲ့ပါတယ္။
၂၀၁၁-၁၂ ရာသီစကတည္းက ထုတ္ပယ္ခံခဲ့ရတဲ့ ပရီးမီးယားလိဂ္နည္းျပ
တစ္ေယာက္ခ်င္းစီရဲ႕ေလ်ာ္ေၾကးထက္ အမ်ားႀကီးမ်ားပါတယ္။
ေလ်ာ္ေၾကးအမ်ားဆုံးရနည္းျပစာရင္းမွာ ဒုတိယေနရာခ်ိတ္တဲ့
စပါးနည္းျပေဟာင္းပိုခ်က္တီႏိုထက္ေတာင္ ေမာ္ရင္ဟိုက ေပါင္သန္း ၅၀ ေက်ာ္ပိုမ်ားေနတာပါ။
ေနာက္ဆုံးစာရင္းသစ္အရ အဲဒီပရီးမီးယားလိဂ္ ၃ ထပ္ကြမ္းနည္းျပဟာ
အဂၤလန္မွာ ၂၃၁၅ ရက္ၾကာနည္းျပခဲ့ၿပီး တစ္ရက္ကို ပ်ဥ္းမွ်အေနနဲ႔ ၄၂၁၉၂ ေပါင္
ရခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဲဒီကာလအတြင္း ေမာ္ရင္ဟိုဟာ
တစ္ပြဲကို ၂၆၆၈၇၀ ေပါင္ရခဲ့ၿပီး သူဟာ အဂၤလန္က ၃၃၆ ပြဲမွာ ၂၀၉ ပြဲအႏိုင္ရခဲ့တာပါ။
တစ္နည္းအားျဖင့္ ေမာ္ရင္ဟိုဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ေဈးအႀကီးဆုံးနည္းျပျဖစ္ပါတယ္။