
ချဲလ်ဆီးတောင်ပံကစားသမားဟာကမ်ဇီယက်ချ်ကမော်ရိုကိုရဲ့
အာဖရိကဖလားလူစာရင်းတွင်ချန်လှပ်ခြင်းခံရမှုအပေါ်
ဂရုမစိုက်ကြောင်းပြောကြားလိုက်ပါတယ်။
အသက်၂၈နှစ်ရှိဇီယက်ချ်ဟာမော်ရိုကိုရဲ့အကောင်းဆုံးကစားသမားများထဲမှ
တစ်ဦးဖြစ်ပေမဲ့လည်းဇန်နဝါရီလ၉ရက်နေ့မှဖေဖော်ဝါရီလ၆ရက်နေ့အထိ
ကင်မရွန်းတွင်ကျင်းပမဲ့အာဖရိကဖလားပြိုင်ပွဲမျာရွေးချယ်ခြင်းမခံခဲ့ရပါဘူး။
အေဂျက်စ်တောင်ပံကစားသမားဟောင်းဟာဇူလိုင်လတုန်းက
ဘူကီနာဖာဆိုနှင့်ခြေစမ်းပွဲကတည်းကမော်ရိုကိုအသင်းမှာ
ချန်လှပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
မော်ရိုကိုနည်းပြဗာဟက်ဗလာဟိုဗစ်ဟာဒဏ်ရာအကြောင်းပြကာ
ပွဲကစားရန်ရှောင်ရှားခြင်းပြုလုပ်ကြောင်းဇီယက်ချ်ကိုစွပ်စွဲကာ
အသင်းရဲ့လူစာရင်းမှချန်လှပ်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ဇီယက်ချ်က “ကိုယ့်အလုပ်ကိုယ်လုပ်နေတယ်။
အကောင်းဆုံးကစားနိုင်ဖို့ကြိုးစားတယ်။
ကွင်းအပြင်ကအရာတွေကသူဟာနဲ့သူပါ။အခုအချိန်မှာ
ဘာမှအရေးမပါပါဘူး။ရိုးရိုးသားသားပြောရရင်
ဂရုလည်းမစိုက်ပါဘူး”လို့ပြောကြားသွားပါတယ်။
မော်ရိုကိုဟာလာမယ့်ဇန်နဝါရီလ၁၀ရက်နေ့မှာဂါနာနှင့်
အာဖရိကဖလားအုပ်စုအဖွင့်ပွဲကစားရပါမယ်။
ယင်းနောက်၎င်းတို့ဟာဇန်နဝါရီလ၁၄ရက်နေ့မှာအိမ်ရှင်ကင်မရွန်း၊
ဇန်နဝါရီလ၁၈ရက်နေ့မှာဂါဘွန်တို့နှင့်အသီးသီးရင်ဆိုင်ကစားရပါမယ်။
zawgyi
ေမာ္႐ိုကိုရဲ႕အာဖရိကဖလားလူစာရင္းတြင္ ခ်န္လွပ္ခံရမႈအေပၚ ဂ႐ုမစိုက္ေၾကာင္ ဇီယက္ခ်္ ေျပာၾကား
ခ်ဲလ္ဆီးေတာင္ပံကစားသမားဟာကမ္ဇီယက္ခ်္ကေမာ္႐ိုကိုရဲ႕
အာဖရိကဖလားလူစာရင္းတြင္ခ်န္လွပ္ျခင္းခံရမႈအေပၚ
ဂ႐ုမစိုက္ေၾကာင္းေျပာၾကားလိုက္ပါတယ္။
အသက္၂၈ႏွစ္ရွိဇီယက္ခ်္ဟာေမာ္႐ိုကိုရဲ႕အေကာင္းဆုံးကစားသမားမ်ားထဲမွ
တစ္ဦးျဖစ္ေပမဲ့လည္းဇန္နဝါရီလ၉ရက္ေန႔မွေဖေဖာ္ဝါရီလ၆ရက္ေန႔အထိ
ကင္မ႐ြန္းတြင္က်င္းပမဲ့အာဖရိကဖလားၿပိဳင္ပြဲမ်ာေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။
ေအဂ်က္စ္ေတာင္ပံကစားသမားေဟာင္းဟာဇူလိုင္လတုန္းက
ဘူကီနာဖာဆိုႏွင့္ေျခစမ္းပြဲကတည္းကေမာ္႐ိုကိုအသင္းမွာ
ခ်န္လွပ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။
ေမာ္႐ိုကိုနည္းျပဗာဟက္ဗလာဟိုဗစ္ဟာဒဏ္ရာအေၾကာင္းျပကာ
ပြဲကစားရန္ေရွာင္ရွားျခင္းျပဳလုပ္ေၾကာင္းဇီယက္ခ်္ကိုစြပ္စြဲကာ
အသင္းရဲ႕လူစာရင္းမွခ်န္လွပ္လာခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမဲ့ဇီယက္ခ်္က “ကိုယ့္အလုပ္ကိုယ္လုပ္ေနတယ္။
အေကာင္းဆုံးကစားႏိုင္ဖို႔ႀကိဳးစားတယ္။
ကြင္းအျပင္ကအရာေတြကသူဟာနဲ႔သူပါ။အခုအခ်ိန္မွာ
ဘာမွအေရးမပါပါဘူး။႐ိုး႐ိုးသားသားေျပာရရင္
ဂ႐ုလည္းမစိုက္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ေမာ္႐ိုကိုဟာလာမယ့္ဇန္နဝါရီလ၁၀ရက္ေန႔မွာဂါနာႏွင့္
အာဖရိကဖလားအုပ္စုအဖြင့္ပြဲကစားရပါမယ္။
ယင္းေနာက္၎တို႔ဟာဇန္နဝါရီလ၁၄ရက္ေန႔မွာအိမ္ရွင္ကင္မ႐ြန္း၊
ဇန္နဝါရီလ၁၈ရက္ေန႔မွာဂါဘြန္တို႔ႏွင့္အသီးသီးရင္ဆိုင္ကစားရပါမယ္။