
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မဲခွဲမှုတွေကို တနင်္လာနေ့က ဒုတိယအကြိမ်ကျင်းပခဲ့ရာမှာ
မန်ယူအသင်းဟာ အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ပထမအကြိမ်မဲခွဲမှုမှာ အငြင်းပွားစရာတွေနဲ့အမှားအယွင်းတွေဖြစ်ခဲ့ပြီးနောက်
မဲခွဲမှုကိုဒုတိယအကြိမ်ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။
ပထမအကြိမ်မဲခွဲမှုမှာ မန်ယူဟာ ပီအက်စ်ဂျီနဲ့တွေ့ဆုံနေပေမယ့်
နောက်တစ်ခါမှာတော့ အက်သလက်တီကိုနဲ့တွေ့ခဲ့တာဖြစ်ပါတယ်။
ပထမအကြိမ်တုန်းက မဲခွဲမှုမှာအက်သလက်တီကိုနဲ့တွေ့ရမယ့်အသင်းတွေကို
စုစည်းထားတဲ့မဲအိုးထဲမှာ မန်ယူမပါဝင်ခဲ့ဘဲ အုပ်စုအဆင့်မှာ
တစ်အုပ်စုတည်းကျရောက်ခဲ့တဲ့ လီဗာပူးအသင်းပါဝင်နေခဲ့တာပါ။
နောက်တစ်ချက်ကတော့ မန်ယူဟာ အစောပိုင်းမဲခွဲမှုမှာ
သူတို့နဲ့တစ်အုပ်တည်းကျခဲ့တဲ့ ဗီလာရီးရဲလ်အသင်းနဲ့တွေ့နေခဲ့တာပါဘဲ။
ဒါဟာ မဲအိုးတွေထဲမှာဘောလုံးထည့်သွင်းတဲ့အမှားကြောင့်ဖြစ်ပြီး
မဲခွဲရာမှာကြိုတင်ကြံစည်မှုတွေရှိနေတယ်လို့ ပရိသတ်တွေကဆိုခဲ့ကြပါတယ်။
ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းအရ ၁၆ သင်းအဆင့်မှာ တစ်အုပ်စုတည်းကျခဲ့တဲ့အသင်းတွေနဲ့
တစ်နိုင်ငံတည်းကအသင်းတွေမတွေ့ရဘူးလို့ သတ်မှတ်ထားတာပါ။
ဒီမဲခွဲမှုကို ပြုလုပ်ပေးခဲ့သူကတော့ အာဆင်နယ်နဲ့
ရုရှား တိုက်စစ်မှူးဟောင်း အာရှာဗင်ဖြစ်ပါတယ်။
ဒါကြောင့်နောက်တစ်ကြိမ်မဲခွဲခဲ့ရပြီး ဆဲလ်ဘတ်နဲ့ ဘိုင်ယန်မြူးနစ်၊
ဘင်ဖီကာနဲ့အေဂျက်၊ အက်သလက်တီကိုနဲ့ မန်ယူ၊
အင်တာမီလန်နဲ့ လီဗာပူး၊ စပို့တင်းလစ္စဘွန်းနဲ့ မန်စီးတီ၊ ချဲလ်ဆီးနဲ့လိုင်လီ၊
ဗီလာရီးရဲလ်နဲ့ ဂျူဗင်တပ်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် တို့တွေ့ခဲ့ကြပါတယ်။
ပထမအကျော့ကိုဖေဖေါ်ဝါရီ ၁၅၊ ၁၆ ၊ ၂၂ နဲ့ ၂၃ တို့မှာကစားမှာဖြစ်ပြီး
ဒုတိယအကျော့ကို မတ် ၈၊ ၉၊ ၁၅၊ ၁၆ တို့မှာကစားကြမှာပါ။
နောက်တစ်ကြိမ်မဲခွဲမှုမှာ ကံမကောင်းခဲ့တာကတော့ ရီးရဲလ်ဖြစ်ပြီး
အစောပိုင်းမှာ ဘင်ဖီကာနဲ့သာကျ ခဲ့ပေမယ့် အခုတော့
ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
ဒီမဲခွဲမှုဟာ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီအတွက်ထူးခြားနေပြီး
ရန်သူတော်တွေနဲ့ ရေစက်မကုန်သေးဘူးလို့လည်းဆိုကြပါတယ်။
ပီအက်စ်ဂျီဟာ မန်ယူနဲ့တွေ့ရင်လည်း မက်ဆီဟာ စီရော်နယ်ဒိုနဲ့
ပြန်တွေ့ရမှာဖြစ်သလို၊ ဘိုင်ယန်မြူးနစ်နဲ့တွေ့ရင်လည်း
Ballon d’Or ပြိုင်ဘက်ဖြစ်တဲ လီဝန်ဒေါစကီးနဲ့ရင်ဆိုင်ရမှာပါ။
အခုရီးရဲလ်မက်ဒရစ်နဲ့တွေ့တော့လည်း ဘာစီလိုနာမှာရှိနေတုန်း က
မဟာပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်ကိုထပ်ပြီးရင်ဆိုင်ရဦးမှာပါ။
ဒါကြောင့်လည်း မဲပြန်ခွဲသည်ဖြစ်စေ၊ မခွဲသည်ဖြစ်စေ မက်ဆီ အတွက်တော့
ရန်သူတော်တွေနဲ့ ရေစက်ကိုမကုန်နိုင်ဘဲဖြစ်နေတယ်လို့ ဆိုကြပါတာပါ။
နောက်ထပ်ထူးခြားချက်က ပြီးခဲ့တဲ့နွေရာသီကမှ ပီအက်စ်ဂျီကိုရောက်လာတဲ့
ရာမို့စ်ဟာ သူနဲ့နှစ်ပေါင်းများစွာလက်တွဲခဲပြီး
အသင်းခေါင်းဆောင်လည်းလုပ်ခဲ့တဲ့ ရီးရဲလ်နဲ့ရင်ဆိုင်ရတာပါ။
အခုမဲခွဲမှုမှာ ကံအကောင်းဆုံးကချဲလ်ဆီးဖြစ်ပြီး နှစ်ကြိမ်စလုံးမှာ
လိုင်လီနဲ့ဘဲတွေ့ခဲ့ရတာဖြစ်ပါတယ်။
zawgyi
ရန္သူေတာ္ေတြနဲ႔ကို မလြတ္တဲ့ မက္ဆီ
ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မဲခြဲမႈေတြကို တနလၤာေန႔က ဒုတိယအႀကိမ္က်င္းပခဲ့ရာမွာ
မန္ယူအသင္းဟာ အက္သလက္တီကိုနဲ႔ ထိပ္တိုက္ေတြ႕ခဲ့တယ္လို႔ သိရပါတယ္။
ပထမအႀကိမ္မဲခြဲမႈမွာ အျငင္းပြားစရာေတြနဲ႔အမွားအယြင္းေတြျဖစ္ခဲ့ၿပီးေနာက္
မဲခြဲမႈကိုဒုတိယအႀကိမ္ျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။
ပထမအႀကိမ္မဲခြဲမႈမွာ မန္ယူဟာ ပီအက္စ္ဂ်ီနဲ႔ေတြ႕ဆုံေနေပမယ့္
ေနာက္တစ္ခါမွာေတာ့ အက္သလက္တီကိုနဲ႔ေတြ႕ခဲ့တာျဖစ္ပါတယ္။
ပထမအႀကိမ္တုန္းက မဲခြဲမႈမွာအက္သလက္တီကိုနဲ႔ေတြ႕ရမယ့္အသင္းေတြကို
စုစည္းထားတဲ့မဲအိုးထဲမွာ မန္ယူမပါဝင္ခဲ့ဘဲ အုပ္စုအဆင့္မွာ
တစ္အုပ္စုတည္းက်ေရာက္ခဲ့တဲ့ လီဗာပူးအသင္းပါဝင္ေနခဲ့တာပါ။
ေနာက္တစ္ခ်က္ကေတာ့ မန္ယူဟာ အေစာပိုင္းမဲခြဲမႈမွာ
သူတို႔နဲ႔တစ္အုပ္တည္းက်ခဲ့တဲ့ ဗီလာရီးရဲလ္အသင္းနဲ႔ေတြ႕ေနခဲ့တာပါဘဲ။
ဒါဟာ မဲအိုးေတြထဲမွာေဘာလုံးထည့္သြင္းတဲ့အမွားေၾကာင့္ျဖစ္ၿပီး
မဲခြဲရာမွာႀကိဳတင္ႀကံစည္မႈေတြရွိေနတယ္လို႔ ပရိသတ္ေတြကဆိုခဲ့ၾကပါတယ္။
ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းအရ ၁၆ သင္းအဆင့္မွာ တစ္အုပ္စုတည္းက်ခဲ့တဲ့အသင္းေတြနဲ႔
တစ္ႏိုင္ငံတည္းကအသင္းေတြမေတြ႕ရဘူးလို႔ သတ္မွတ္ထားတာပါ။
ဒီမဲခြဲမႈကို ျပဳလုပ္ေပးခဲ့သူကေတာ့ အာဆင္နယ္နဲ႔
႐ုရွား တိုက္စစ္မႉးေဟာင္း အာရွာဗင္ျဖစ္ပါတယ္။
ဒါေၾကာင့္ေနာက္တစ္ႀကိမ္မဲခြဲခဲ့ရၿပီး ဆဲလ္ဘတ္နဲ႔ ဘိုင္ယန္ျမဴးနစ္၊
ဘင္ဖီကာနဲ႔ေအဂ်က္၊ အက္သလက္တီကိုနဲ႔ မန္ယူ၊
အင္တာမီလန္နဲ႔ လီဗာပူး၊ စပို႔တင္းလစၥဘြန္းနဲ႔ မန္စီးတီ၊ ခ်ဲလ္ဆီးနဲ႔လိုင္လီ၊
ဗီလာရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္၊ ပီအက္စ္ဂ်ီနဲ႔ ရီးရဲလ္မက္ဒရစ္ တို႔ေတြ႕ခဲ့ၾကပါတယ္။
ပထမအေက်ာ့ကိုေဖေဖၚဝါရီ ၁၅၊ ၁၆ ၊ ၂၂ နဲ႔ ၂၃ တို႔မွာကစားမွာျဖစ္ၿပီး
ဒုတိယအေက်ာ့ကို မတ္ ၈၊ ၉၊ ၁၅၊ ၁၆ တို႔မွာကစားၾကမွာပါ။
ေနာက္တစ္ႀကိမ္မဲခြဲမႈမွာ ကံမေကာင္းခဲ့တာကေတာ့ ရီးရဲလ္ျဖစ္ၿပီး
အေစာပိုင္းမွာ ဘင္ဖီကာနဲ႔သာက် ခဲ့ေပမယ့္ အခုေတာ့
ပီအက္စ္ဂ်ီနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။
ဒီမဲခြဲမႈဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီအတြက္ထူးျခားေနၿပီး
ရန္သူေတာ္ေတြနဲ႔ ေရစက္မကုန္ေသးဘူးလို႔လည္းဆိုၾကပါတယ္။
ပီအက္စ္ဂ်ီဟာ မန္ယူနဲ႔ေတြ႕ရင္လည္း မက္ဆီဟာ စီေရာ္နယ္ဒိုနဲ႔
ျပန္ေတြ႕ရမွာျဖစ္သလို၊ ဘိုင္ယန္ျမဴးနစ္နဲ႔ေတြ႕ရင္လည္း
Ballon d’Or ၿပိဳင္ဘက္ျဖစ္တဲ လီဝန္ေဒါစကီးနဲ႔ရင္ဆိုင္ရမွာပါ။
အခုရီးရဲလ္မက္ဒရစ္နဲ႔ေတြ႕ေတာ့လည္း ဘာစီလိုနာမွာရွိေနတုန္း က
မဟာၿပိဳင္ဘက္ျဖစ္တဲ့ ရီးရဲလ္ကိုထပ္ၿပီးရင္ဆိုင္ရဦးမွာပါ။
ဒါေၾကာင့္လည္း မဲျပန္ခြဲသည္ျဖစ္ေစ၊ မခြဲသည္ျဖစ္ေစ မက္ဆီ အတြက္ေတာ့
ရန္သူေတာ္ေတြနဲ႔ ေရစက္ကိုမကုန္ႏိုင္ဘဲျဖစ္ေနတယ္လို႔ ဆိုၾကပါတာပါ။
ေနာက္ထပ္ထူးျခားခ်က္က ၿပီးခဲ့တဲ့ေႏြရာသီကမွ ပီအက္စ္ဂ်ီကိုေရာက္လာတဲ့
ရာမို႔စ္ဟာ သူနဲ႔ႏွစ္ေပါင္းမ်ားစြာလက္တြဲခဲၿပီး
အသင္းေခါင္းေဆာင္လည္းလုပ္ခဲ့တဲ့ ရီးရဲလ္နဲ႔ရင္ဆိုင္ရတာပါ။
အခုမဲခြဲမႈမွာ ကံအေကာင္းဆုံးကခ်ဲလ္ဆီးျဖစ္ၿပီး ႏွစ္ႀကိမ္စလုံးမွာ
လိုင္လီနဲ႔ဘဲေတြ႕ခဲ့ရတာျဖစ္ပါတယ္။