၂၀၂၁ အတွက်ဥရောပလူငယ်အကောင်းဆုံးဆုဖြစ်တဲ့ Golden Boy ကို
ဘာစီလိုနာအသင်းကွင်းလယ်လူ ပီဒရီကဆွတ်ခူးခဲ့တယ်လို့သိ ရပါတယ်။
ဒီဆုကိုပေးအပ်တာက အီတလီသတင်းစာ Tuttsport ဖြစ်ပြီးဥရောပမှာ
အခြေစိုက်တဲ့ အသက် ၂၁ နှစ်အောက်လူငယ်ကစား သမားတွေထဲကနေ
ရွေးချယ်တာဖြစ်ပါတယ်။ ဒီနှစ်အတွက်ပါဆိုရင်ဆုပေးလာတာ
၁၉ ကြိမ်မြောက်ဖြစ်ပြီးဥရောပမှာရှိတဲ့ ဂျာနယ်လစ် ပေါင်း ၄၀ က
မဲပေးရွေးချယ်ရတာဖြစ်ပါတယ်။ ဒီနှစ်အတွက်မဲပေးမှုမှာ
အသက် ၁၈ နှစ်သာရှိသေးတဲ့ ပီဒရီက ၃၁၈ မဲရရှိခဲ့လို့ ဆုပေး တဲ့သမိုင်းမှ
ာ မဲအပြတ်ဆုံးသောနှစ်ဖြစ်ခဲ့ပါတယ်။ ဒုတိယနေရာမှာ
အခုနောက်ပိုင်းနာမည်ကြီးလာတဲ့ ဒေါ့မန်ကအင်္ဂလိပ်လူငယ်
ဘယ် လင်ဟမ် ရပ်တည်ခဲ့ပေမယ့် ပီဒရီနဲ့ ၁၉၉ မဲတောင်ကွာခြားခဲ့တာဖြစ်ပါတယ်။
Tuttsport ရဲ့တာဝန်ရှိသူတစ်ဦးက ဂျာနယ်လစ် ၄၀ အ နက် ၂၄ ဦးက
ပီဒရီးကိုမဲပေးခဲ့ကြတာလို့ အတည်ပြုသွားခဲ့ပါတယ်။
ပီဒရီဟာ အခုဆုကိုလာမယ့်ဒီဇင်ဘာ ၁ မှာ တူရင်မြို့မှာ ပြုလုပ်မယ့်
ဆုပေးပွဲအခမ်းအနားရောက်မှ လက်ခံရယူရမှာဖြစ်ပါတယ်။
သူဟာ ၂၀၀၅ ကဆုရခဲ့တဲ့ မက်ဆီနောက်ပိုင်း ဒီဆုကိုပြန်လည် ရယူနိုင်တဲ့
ပထမဆုံးဘာစီလိုနာကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ပီဒရီဟာပြီးခဲ့တဲ့
ရာသီကဘာစီလိုနာနဲ့စတင်ပွဲထွက်ခဲ့ပြီးနောက် ပထမဆုံးနှစ်မှာတင်
၅၂ ပွဲကစားပြီးသူ့ရဲ့အရေးပါမှုကိုပြသခဲ့သူဖြစ်ပါ တယ်။
ခြေစွမ်းတိုးတက်မှုမြန်ဆန်တဲ့အတွက် ပြီးခဲ့တဲ့ယူရို ၂၀၂၀ ပြိုင်ပွဲမှာ
ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ စပိန်အသင်းရဲ့အဓိကျသူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး
ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သလိုအဲဒီပြိုင်ပွဲရဲ့
အကောင်းဆုံးအသင်းမှာလည်းပါဝင်ခဲ့သူဖြစ်ပါ တယ်။ ဒါ့အပြင်သူဟာ
စပိန်ဘူ-၂၃ အသင်းနဲ့အတူတိုကျိုအိုလံပစ်ပြိင်ပွဲမှာဝင်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲမှ
ာဘရာဇီးကိုအရေးနိမ့်ခဲ့ပေမယ့် သူ့ခြေစွမ်းကတော့ထင်ပေါ်ခဲ့ပါတယ်။
အခုလို Golden Boy ဆုရခဲ့တဲ့အတွက် ပီဒရီကိုဘာစီလိုနာအသင်းက
ကြေညာချက်ထုတ်ပြန် ကာဂုဏ်ပြုခဲ့ပါတယ်။ ပီဒရီကလည်းအခုဆုအတွက်
Tuttsport ကိုကျေးဇူးတင်သလို ဘာစီလိုနာ၊ စပိန်လက်ရွေးစင်အသင်း၊
မိသားစု၊ မိတ်ဆွေတွေနဲ့ ပရိသတ်တွေကိုကျေးဇူးတင်တယ်လို့ ပြောသွားပါတယ်။
ပီဒရီဟာ ၂၀၂၀ နွေရာသီကအသက် ၁၇ နှစ်အရွယ်မှာ လက်စ်ပါးမက်စ်ကနေ
ဘာစီလိုနာကိုပြောင်းလာတဲ့သူဖြစ်ပါတယ်။ ဒီဆုကို ၂၀၀၃ ကတည်းက
စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ဝိန်းရူနီ၊ မက်ဆီ၊ ဖာဘရီဂတ်စ်၊ အဂူရို၊ ပေါ့ဂ်ဘာ၊
ဘာပေ၊ ဂျာအိုဖိလစ်နဲ့ ဟာလန်းတို့လည်းဆု ရရှိခဲ့ကြဘူးပါတယ်။
zawgyi
မဲအပြတ်အသတ်နဲ့ ဘယ်လင်ဟမ်ကို နောက်ကောက်ချလိုက်တဲ့ ပီဒရီ