မျက်လုံးတစ်ဖက်သာမြင်ပြီး ပထမပိုင်းကစားသွားခဲ့ရတဲ့တွမ်မီနေးရဲ့အဖြစ်ကို ဆိုးလ်ရှားဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကွင်းလယ်လူတွမ်မီနေးဟာ ပီအက်စ်ဂျီကိုအနိုင်ရခဲ့တဲ့အင်္ဂါညချန်ပီယံလိဂ်ပွဲတုန်းက ပထမပိုင်းတစ်ပိုင်းလုံးကို မျက်ကပ်မှန်တစ်ဖက်တည်းနဲ့သာ ကစားသွားခဲ့ရတာဖြစ်ကြောင်း မန်ယူနည်းပြဆိုးလ်ရှားက အံ့အားသင့်ဖွယ်ဖွင့်ဟလိုက်ပါတယ်။ တွမ်မီနေးဟာ အဲဒီပွဲရဲ့မန်ယူကွင်းလယ်မှာ ဖရက်ဒ်နဲ့အတူ ပွဲထွက်ပါဝင်ခွင့်ရခဲ့တာပါ။

ဒါပေမဲ့ မျက်ကပ်မှန်တစ်ဖက်မေ့ကျန်ခဲ့တာကြောင့် ၂၃ နှစ်အရွယ် အဲဒီမန်ယူကွင်းလယ်လူဟာ အမြင်အာရုံမပြည့်စုံပဲ ပထမပိုင်းကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အဲဒီစကော့တလန်လက်ရွေးစင်ဟာ ပထမပိုင်းမှာ ပြိုင်ဘက်ကွင်းလယ်က အဲဗာတန်ကစားသမားဟောင်းဂူယီကို စိုးမိုးနိုင်ခဲ့တာပါ။ အဲဒါကြောင့်လည်း ဂူယီဟာ ပထမပိုင်းအပြီးမှာပဲ ပီအက်စ်ဂျီနည်းပြတူချယ်ရဲ့လူစားလဲခြင်းကို ခံခဲ့ရပါတယ်။

”တွမ်မီနေးရဲ့ပထမပိုင်းစွမ်းဆောင်မှုက ပိုလို့တောင် အထင်ကြီးစရာကောင်းသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူက မျက်ကပ်မှန်တစ်ဖက်တည်းနဲ့ကစားခဲ့ရတာလေ”လို့ နည်းပြဆိုးလ်ရှားက ပွဲအပြီးမှာ ဖွင့်ဟပြောကြားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မ်က္လုံးတစ္ဖက္သာျမင္ၿပီး ပထမပိုင္းကစားသြားခဲ့ရတဲ့တြမ္မီေနးရဲ႕အျဖစ္ကုို ဆုိးလ္ရွားဖြင့္ဟ

ကြင္းလယ္လူတြမ္မီေနးဟာ ပီအက္စ္ဂ်ီကိုအႏိုင္ရခဲ့တဲ့အဂၤါညခ်န္ပီယံလိဂ္ပြဲတုန္းက ပထမပိုင္းတစ္ပုိင္းလုံးကို မ်က္ကပ္မွန္တစ္ဖက္တည္းနဲ႔သာ ကစားသြားခဲ့ရတာျဖစ္ေၾကာင္း မန္ယူနည္းျပဆိုးလ္ရွားက အံ့အားသင့္ဖြယ္ဖြင့္ဟလုိက္ပါတယ္။ တြမ္မီေနးဟာ အဲဒီပြဲရဲ႕မန္ယူကြင္းလယ္မွာ ဖရက္ဒ္နဲ႔အတူ ပြဲထြက္ပါ၀င္ခြင့္ရခဲ့တာပါ။

ဒါေပမဲ့ မ်က္ကပ္မွန္တစ္ဖက္ေမ့က်န္ခဲ့တာေၾကာင့္ ၂၃ ႏွစ္အရြယ္ အဲဒီမန္ယူကြင္းလယ္လူဟာ အျမင္အာရုံမျပည့္စုံပဲ ပထမပိုင္းကို ျဖတ္သန္းခဲ့ရပါတယ္။ ဒါေပမဲ့လည္း သူဟာ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

အဲဒီစေကာ့တလန္လက္ေရြးစင္ဟာ ပထမပိုင္းမွာ ၿပိဳင္ဘက္ကြင္းလယ္က အဲဗာတန္ကစားသမားေဟာင္းဂူယီကို စိုးမိုးႏိုင္ခဲ့တာပါ။ အဲဒါေၾကာင့္လည္း ဂူယီဟာ ပထမပိုင္းအၿပီးမွာပဲ ပီအက္စ္ဂ်ီနည္းျပတူခ်ယ္ရဲ႕လူစားလဲျခင္းကို ခံခဲ့ရပါတယ္။

”တြမ္မီေနးရဲ႕ပထမပိုင္းစြမ္းေဆာင္မႈက ပိုလုိ႔ေတာင္ အထင္ႀကီးစရာေကာင္းေသးတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူက မ်က္ကပ္မွန္တစ္ဖက္တည္းနဲ႔ကစားခဲ့ရတာေလ”လို႔ နည္းျပဆုိးလ္ရွားက ပြဲအၿပီးမွာ ဖြင့္ဟေျပာၾကားခဲ့တာပါ။