
မန်ချက်စတာယူနိုက်တက်နာမည်ကျော်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က
ဥရုဂွေးဝါရင့်တိုက်စစ်မှူးကာဗာနီကို ဘာစီလိုနာအသင်းဆီ
ပြောင်းရွှေ့ကစားသင့်တယ်လို့ အားပေးတိုက်တွန်းလိုက်ပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီက
ယူနိုက်တက်အသင်းအတွက်(၃၉)ပွဲကစား၊(၁၇)ဂိုးသွင်းယူခဲ့ပြီး
တိုက်စစ်မှာအဓိက,ကစားသမားအဖြစ်ပါဝင်ခဲ့ပေမယ့် ဒီရာသီမှာတော့
စီရော်နယ်လ်ဒိုရောက်လာတာနဲ့အတူ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတာကြောင့်
သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာအသင်းက ချိတ်ဆက်နေပါတယ်။
မကြာခင်က မီဒီယာတစ်ခုနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာဘာတော့ဗ်က
ကာဗာနီအနေနဲ့ ပုံမှန်ကစားခွင့်ရဖို့အတွက် ယူနိုက်တက်ကနေ
ထွက်ခွာဖို့ရှိနေတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
ဘာဘာတော့ဗ်က “ကာဗာနီဟာ မနှစ်က ယူနိုက်တက်အသင်းအတွက်
အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့တာကြောင့် စာချုပ်သက်တမ်းတောင်တိုးခဲ့ပြီး
ဒီရာသီမှာ စီရော်နယ်လ်ဒိုက ကာဗာနီရဲ့နေရာကိုသိမ်းပိုက်လိုက်ပြီဖြစ်လို့
အခုအခြေအနေက ကာဗာနီအတွက် မျှတမှုမရှိပါဘူး။
တကယ်လို့ ကာဗာနီအတွက် အသင်းနဲ့လမ်းခွဲဖို့အခွင့်အရေးရှိလာမယ်၊
ဘာစီလိုနာအသင်းကလည်း ကမ်းလှမ်းမယ်ဆိုရင် ပုံမှန်ကစားခွင့်ရဖို့
ယူနိုက်တက်ကနေ ကာဗာနီထွက်ဖို့ရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။
zawgyi
မွ်တမႈမရွိတဲ့အတြက္ ယူႏိုက္တက္ကေန ဘာစီလိုနာသြားသင့္တယ္
မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္က
ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးကာဗာနီကို ဘာစီလိုနာအသင္းဆီ
ေျပာင္းေ႐ႊ႕ကစားသင့္တယ္လို႔ အားေပးတိုက္တြန္းလိုက္ပါတယ္။
အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကာဗာနီဟာ ၿပီးခဲ့တဲ့ရာသီက
ယူႏိုက္တက္အသင္းအတြက္(၃၉)ပြဲကစား၊(၁၇)ဂိုးသြင္းယူခဲ့ၿပီး
တိုက္စစ္မွာအဓိက,ကစားသမားအျဖစ္ပါဝင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့
စီေရာ္နယ္လ္ဒိုေရာက္လာတာနဲ႔အတူ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတာေၾကာင့္
သူ႔ကိုေခၚယူဖို႔ ဘာစီလိုနာအသင္းက ခ်ိတ္ဆက္ေနပါတယ္။
မၾကာခင္က မီဒီယာတစ္ခုနဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဘာဘာေတာ့ဗ္က
ကာဗာနီအေနနဲ႔ ပုံမွန္ကစားခြင့္ရဖို႔အတြက္ ယူႏိုက္တက္ကေန
ထြက္ခြာဖို႔ရွိေနတယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။
ဘာဘာေတာ့ဗ္က “ကာဗာနီဟာ မႏွစ္က ယူႏိုက္တက္အသင္းအတြက္
အေကာင္းဆုံးစြမ္းေဆာင္ျပႏိုင္ခဲ့တာေၾကာင့္ စာခ်ဳပ္သက္တမ္းေတာင္တိုးခဲ့ၿပီး
ဒီရာသီမွာ စီေရာ္နယ္လ္ဒိုက ကာဗာနီရဲ႕ေနရာကိုသိမ္းပိုက္လိုက္ၿပီျဖစ္လို႔
အခုအေျခအေနက ကာဗာနီအတြက္ မွ်တမႈမရွိပါဘူး။
တကယ္လို႔ ကာဗာနီအတြက္ အသင္းနဲ႔လမ္းခြဲဖို႔အခြင့္အေရးရွိလာမယ္၊
ဘာစီလိုနာအသင္းကလည္း ကမ္းလွမ္းမယ္ဆိုရင္ ပုံမွန္ကစားခြင့္ရဖို႔
ယူႏိုက္တက္ကေန ကာဗာနီထြက္ဖို႔ရွိေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။