မြက်ခင်းစိမ်းတွေကို ကျောခိုင်းပြီး အနားယူခဲ့ရပြီဖြစ်တဲ့ အဂူရို

မန်စီးတီးရဲ့ အောင်မြင်မှုသမိုင်းကြောင်းမှာ ချန်ထားခဲ့လို့မရတဲ့ အဂူရိုအတွက်

ဘောလုံးကစားခြင်းကနှုတ်ဆက်ချိန်ရောက်ခဲ့ပါ ပြီ။

နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ ပြဿနာကြောင့်

သူကို ဘောလုံး ဆက်မကစားသင့်တော့ဘူးလို့

ဆရာဝန်တွေက သတိပေးခဲ့တဲ့နောက်မှာ အဂူရိုဟာ ကျန်းမာရေးကိုငဲ့ပြီး

မြက်ခင်းစိမ်းတွေကို ကျောခိုင်းခဲ့လိုက် ရပါပြီ။

သူငယ်ချင်းဖြစ်တဲ့နိုင်ငံတူ အသင်းဖော် မက်ဆီနဲ့ ကလပ် တစ်သင်းထဲ မှာ

အတူကစားချင်တဲ့ စိတ်ကြောင့် အဂူရို တစ်ယောက် မန်စီးတီးကနေ

ဘာစီလိုနာကိုပြောင်းရွှေ့ခဲ့ပေမယ့် မက်ဆီက စပိန်ဘောလုံးအဖွဲ့ရဲ့

ဘဏ္ဍာရေး စည်းမျဉ်းကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးခွင့်မရခဲ့ဘဲ

ပီအက်စ်ဂျီကို ရောက်ရှိသွားခဲ့တာကြောင့် မျှော်လင့်ချက်အိပ်မက်တွေ

ပျက်ဆီးပြီး သူတို့နှစ်ယောက်ဟာ တစ်သင်းထဲ အတူမကစားခဲ့ရပါဘူး။

အခုဆိုရင် သူကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ပြိုင်ပွဲစုံ ၅ ပွဲသာ ကစားပေးခဲ့ရပြီး

သူ ချစ်တဲ့ ဘောလုံးလောကကို နှုတ်ဆက်ခဲ့ရပါတယ်။

အဂူရိုဟာ ဘောလုံးကစားရာကနေ အနားယူပြီလို့ ပရိသတ်တွေဆီကို

သတင်းစကားပါးချိန်မှာ သူဟာ မျက်ရည်တွေကျပြီး

ဝမ်းနည်းကြေကွဲနေခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။

“ပရော်ဖက်ရှင်နယ်ဘောလုံးကစားခြင်းကိုရပ်နားဖို့

ကျွန်တော်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ အလွန်ခက်ခဲတဲ့အခိုက်အတံ့တစ်ခုပါ။

ကျွန်တော်ပြုလုပ်တဲ့ဆုံးဖြတ်ချက်ဟာ ကျွန်တော့်ကျန်းမာရေးအတွက် ပြုလုပ်ခဲ့တာပါ၊

လွန်ခဲ့တဲ့တစ်လခွဲတုန်းက ကျွန်တော့်မှာရှိခဲ့တဲ့ပြဿနာကြောင့်ပါ။

ကျွန်တော်က ကျန်းမာရေးဝန်ထမ်းတွေရဲ့လက်ထဲမှာရှိနေတာဖြစ်ပြီး

ကစားတာကိုရပ်တန့်လိုက်တာက အကောင်းဆုံးပဲဖြစ်မယ်လို့

သူတို့က ကျွန်တော့်ကိုပြောခဲ့ပါတယ်။”

“ဒါ့ကြောင့် လွန်ခဲ့တဲ့ဆယ်ရက်တုန်းက ဒီဆုံးဖြတ်ချက်ကို ကျွန်တော်ချခဲ့ပါတယ်၊

မျှော်လင့်ချက်လေးတချို့တလေရှိဖို့ ကျွန်တော်လုပ်နိုင်သမျှအရာအားလုံးကို

လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လုပ်စရာလည်းအများကြီးမရှိခဲ့ပါဘူး။” ဆိုပြီး အဂူရိုက ပြောပါတယ်။

မန်စီးတီးသမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ အဂူရိုဟာ

ပရီမီးယားလိဂ်မှာ စံချိန်မှတ်တမ်းသစ်တွေအများကြီးကိုရယူသွားခဲ့သလို

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနိုင်ငံခြားသားတိုက်စစ်မှူးလို့ လည်း

တင်စားခံခဲ့ရပါတယ်။ အဂူရိုဟာ မြက်ခင်းစိမ်းတွေကို ကျောခိုင်းပြီး

အနားယူခဲ့ချိန်မှာ သူ့ရဲ့ အသက်ဟာ (၃၃နှစ်) သာရှိပါသေးတယ်။

zawgyi

ျမက္ခင္းစိမ္းေတြကို ေက်ာခိုင္းၿပီး အနားယူခဲ့ရၿပီျဖစ္တဲ့ အဂူ႐ို

မန္စီးတီးရဲ႕ ေအာင္ျမင္မႈသမိုင္းေၾကာင္းမွာ ခ်န္ထားခဲ့လို႔မရတဲ့ အဂူ႐ိုအတြက္

ေဘာလုံးကစားျခင္းကႏႈတ္ဆက္ခ်ိန္ေရာက္ခဲ့ပါ ၿပီ။

ႏွလုံးခုန္ႏႈန္း ပုံမွန္မဟုတ္တဲ့ ျပႆနာေၾကာင့္ သူကို ေဘာလုံး ဆက္မကစားသင့္ေတာ့ဘူးလို႔

ဆရာဝန္ေတြက သတိေပးခဲ့တဲ့ေနာက္မွာ အဂူ႐ိုဟာ က်န္းမာေရးကိုငဲ့ၿပီး

ျမက္ခင္းစိမ္းေတြကို ေက်ာခိုင္းခဲ့လိုက္ ရပါၿပီ။

သူငယ္ခ်င္းျဖစ္တဲ့ႏိုင္ငံတူ အသင္းေဖာ္ မက္ဆီနဲ႔ ကလပ္ တစ္သင္းထဲ မွာ

အတူကစားခ်င္တဲ့ စိတ္ေၾကာင့္ အဂူ႐ို တစ္ေယာက္ မန္စီးတီးကေန

ဘာစီလိုနာကိုေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ မက္ဆီက စပိန္ေဘာလုံးအဖြဲ႕ရဲ႕

ဘ႑ာေရး စည္းမ်ဥ္းေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခြင့္မရခဲ့ဘဲ

ပီအက္စ္ဂ်ီကို ေရာက္ရွိသြားခဲ့တာေၾကာင့္ ေမွ်ာ္လင့္ခ်က္အိပ္မက္ေတြ

ပ်က္ဆီးၿပီး သူတို႔ႏွစ္ေယာက္ဟာ တစ္သင္းထဲ အတူမကစားခဲ့ရပါဘူး။

အခုဆိုရင္ သူကိုယ္တိုင္ကလည္း ဘာစီလိုနာမွာ ၿပိဳင္ပြဲစုံ ၅ ပြဲသာ ကစားေပးခဲ့ရၿပီး

သူ ခ်စ္တဲ့ ေဘာလုံးေလာကကို ႏႈတ္ဆက္ခဲ့ရပါတယ္။

အဂူ႐ိုဟာ ေဘာလုံးကစားရာကေန အနားယူၿပီလို႔ ပရိသတ္ေတြဆီကို

သတင္းစကားပါးခ်ိန္မွာ သူဟာ မ်က္ရည္ေတြက်ၿပီး

ဝမ္းနည္းေၾကကြဲေနခဲ့တာကိုလည္းေတြ႕ခဲ့ရပါတယ္။

“ပေရာ္ဖက္ရွင္နယ္ေဘာလုံးကစားျခင္းကိုရပ္နားဖို႔

ကြၽန္ေတာ္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။ ဒါဟာ အလြန္ခက္ခဲတဲ့အခိုက္အတံ့တစ္ခုပါ။

ကြၽန္ေတာ္ျပဳလုပ္တဲ့ဆုံးျဖတ္ခ်က္ဟာ ကြၽန္ေတာ့္က်န္းမာေရးအတြက္ ျပဳလုပ္ခဲ့တာပါ၊

လြန္ခဲ့တဲ့တစ္လခြဲတုန္းက ကြၽန္ေတာ့္မွာရွိခဲ့တဲ့ျပႆနာေၾကာင့္ပါ။

ကြၽန္ေတာ္က က်န္းမာေရးဝန္ထမ္းေတြရဲ႕လက္ထဲမွာရွိေနတာျဖစ္ၿပီး

ကစားတာကိုရပ္တန႔္လိုက္တာက အေကာင္းဆုံးပဲျဖစ္မယ္လို႔

သူတို႔က ကြၽန္ေတာ့္ကိုေျပာခဲ့ပါတယ္။”

“ဒါ့ေၾကာင့္ လြန္ခဲ့တဲ့ဆယ္ရက္တုန္းက ဒီဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ခ်ခဲ့ပါတယ္၊

ေမွ်ာ္လင့္ခ်က္ေလးတခ်ိဳ႕တေလရွိဖို႔ ကြၽန္ေတာ္လုပ္ႏိုင္သမွ်အရာအားလုံးကို

လုပ္ခဲ့ပါတယ္။ ဒါေပမဲ့ လုပ္စရာလည္းအမ်ားႀကီးမရွိခဲ့ပါဘူး။” ဆိုၿပီး အဂူ႐ိုက ေျပာပါတယ္။

မန္စီးတီးသမိုင္းတေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္တဲ့ အဂူ႐ိုဟာ

ပရီမီးယားလိဂ္မွာ စံခ်ိန္မွတ္တမ္းသစ္ေတြအမ်ားႀကီးကိုရယူသြားခဲ့သလို

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးႏိုင္ငံျခားသားတိုက္စစ္မႉးလို႔ လည္း

တင္စားခံခဲ့ရပါတယ္။ အဂူ႐ိုဟာ ျမက္ခင္းစိမ္းေတြကို ေက်ာခိုင္းၿပီး

အနားယူခဲ့ခ်ိန္မွာ သူ႔ရဲ႕ အသက္ဟာ (၃၃ႏွစ္) သာရွိပါေသးတယ္။