မြန်မာလူငယ်ကစားသမား အာသာဖာ့ကို စပိန်ဆီဂန်ဒါ လီဂါနက်စ်အသင်းက ပရိုစာချုပ်ချုပ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနှစ်က စပိန်လာလီဂါကနေ တန်းဆင်းသွားရတဲ့ လီဂါနက်စ်အသင်းဟာ
မြန်မာ ကစားသမား အာသာဖာ့(Arthurpha) ကို ပရိုစာချုပ်ချုပ်ဆိုလိုက်ပါတယ်။


၂၀၁၆ ခုနှစ်ကတည်းက လီဂါနက်စ်ဘောလုံးအကယ်ဒမီမှာ ရောက်နေခဲ့တဲ့သူဖြစ်ပြီး သူ က အခုဆိုရင် အသက် ၁၉ နှစ်ရှိပါပြီ။
အရပ် ၆ ပေကျော်ပြီး ဘယ်တောင်ပံတိုက် စစ်အားသန်တဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။
သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ စာချုပ် ချုပ်ဆိုတဲ့ပုံကိုတင်ထားပြီး ပရိသတ်တွေကို အသိပေးထားပါတယ်။

ရှမ်းလူမျိုးတစ် ဦးဖြစ်တဲ့ အာသာဖာ့ဟာ Facebook အကောင့်မှာ ရှမ်းပြည်နယ်လိုဂိုပုံတင်ထား တာလည်းတွေ့ရပါတယ်။
သူ့အနေနဲ့ မြန်မာ၊ ထိုင်း၊ စပိန် နိုင်ငံသား ၃ မျိုး ကိုယ်စားပြုရွေးချယ်ခွင့်ရှိပြီး
လက်ရွေးစင်အသင်းကြီးအတွက် ဘာကိုရွေးမလဲဆို တာတော့ မသိရသေးပါဘူး။

လီဂါနက်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုတာကို မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ်ကလည်း
အားပေးစကားမှတ်ချက်ဝင်ရောက်ရေးသားထား တာ တွေ့ရပါတယ်။ လီဆူးတိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး

တောင်ကြီးမြို့မှာ မွေးဖွားခဲ့တဲ့သူဟာ နောက်ပိုင်းမှာ စပိန်နိုင်ငံကိုပြောင်းရွှေ့သွားခဲ့တာလည်း ဖြစ်ပါ တယ်။
သူ ငယ်စဉ်တုန်းကပုံနဲ့အတူ ရွှေတိဂုံဘုရားပုံပါ သူ့ရဲ့Facebook စာမျက် နှာမှာတင်ထားခဲ့ပြီး
ဘောလုံးပရိသတ်တွေကတော့ သူ့ကို မြန်မာနိုင်ငံကိုယ်စား ပြုပြီး ယှဉ်ပြိုင်ဖို့
Comment တွေ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်သွားပြီဖြစ်တဲ့ အာသာဖာ့ဟာ ရွေးချယ်ခွင့်ရှိတဲ့ ၃ နိုင်ငံမှာ

ဘာကိုရွေးမလဲဆိုတာတော့ မသိရသေးပါဘူး။
လီဂါနက်စ်အသင်းနဲ့ အတူ စပိန်ဆီဂန်ဒါမှာ အာသာဖာ့တစ်ယောက် ခြေစွမ်းပြနိုင်ပြီး
လာမယ့်ဘောလုံး ရာသီမှာ လာလီဂါကို တန်းပြန်တက်လာနိုင်ခဲ့ရင် သူ့ကို ပိုပြီးမြင်တွေ့ရဖို့ရှိပါ တယ်။

လောလောဆယ်မှာတော့ ဆီဂန်ဒါဘောလုံးပွဲစဉ်တွေကို ကျွန်တော်တို့ဆီ မှာ
ဖမ်းယူကြည့်ရှုလို့မရသေးတာကြောင့် အွန်လိုင်းကနေပဲ ရှာဖွေကြည့်ရှုရဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျမန္မာလူငယ္ကစားသမား အာသာဖာ့ကို စပိန္ဆီဂန္ဒါ လီဂါနက္စ္အသင္းက ပရိုစာခ်ဳပ္ခ်ဳပ္ဆို

မႏွစ္က စပိန္လာလီဂါကေန တန္းဆင္းသြားရတဲ့ လီဂါနက္စ္အသင္းဟာ
ျမန္မာ ကစားသမား အာသာဖာ့(Arthurpha) ကို ပရိုစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။

၂၀၁၆ ခုႏွစ္ကတည္းက လီဂါနက္စ္ေဘာလံုးအကယ္ဒမီမွာ ေရာက္ေနခဲ့တဲ့သူျဖစ္ၿပီး သူ က အခုဆိုရင္ အသက္ ၁၉ ႏွစ္ရွိပါၿပီ။
အရပ္ ၆ ေပေက်ာ္ၿပီး ဘယ္ေတာင္ပံတုိက္ စစ္အားသန္တဲ့သူျဖစ္တယ္လို႔လည္း သိရပါတယ္။

သူ႕ရဲ႕အင္စတာဂရမ္အေကာင့္မွာ စာခ်ဳပ္ ခ်ဳပ္ဆိုတဲ့ပံုကိုတင္ထားၿပီး ပရိသတ္ေတြကို အသိေပးထားပါတယ္။

ရွမ္းလူမ်ဳိးတစ္ ဦးျဖစ္တဲ့ အာသာဖာ့ဟာ Facebook အေကာင့္မွာ ရွမ္းျပည္နယ္လိုဂိုပံုတင္ထား တာလည္းေတြ႕ရပါတယ္။

သူ႕အေနနဲ႔ ျမန္မာ၊ ထိုင္း၊ စပိန္ ႏိုင္ငံသား ၃ မ်ဳိး ကိုယ္စားျပဳေရြးခ်ယ္ခြင့္ရွိၿပီး

လက္ေရြးစင္အသင္းႀကီးအတြက္ ဘာကိုေရြးမလဲဆို တာေတာ့ မသိရေသးပါဘူး။

လီဂါနက္စ္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုတာကို ျမန္မာႏိုင္ ငံေဘာလံုးအဖြဲ႕ခ်ဳပ္ကလည္း

အားေပးစကားမွတ္ခ်က္၀င္ေရာက္ေရးသားထား တာ ေတြ႕ရပါတယ္။ လီဆူးတိုင္းရင္းသားတစ္ေယာက္ျဖစ္ၿပီး

ေတာင္ႀကီးၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့သူဟာ ေနာက္ပိုင္းမွာ စပိန္ႏိုင္ငံကိုေျပာင္းေရႊ႕သြားခဲ့တာလည္း ျဖစ္ပါ တယ္။

သူ ငယ္စဥ္တုန္းကပံုနဲ႔အတူ ေရႊတိဂံုဘုရားပံုပါ သူ႕ရဲ႕Facebook စာမ်က္ ႏွာမွာတင္ထားခဲ့ၿပီး

ေဘာလံုးပရိသတ္ေတြကေတာ့ သူ႕ကို ျမန္မာႏိုင္ငံကိုယ္စား ျပဳၿပီး ယွဥ္ၿပိဳင္ဖို႔

Comment ေတြ ေရးသားထားတာကိုလည္း ေတြ႕ရပါတယ္။

ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္သြားၿပီျဖစ္တဲ့ အာသာဖာ့ဟာ ေရြးခ်ယ္ခြင့္ရွိတဲ့ ၃ ႏိုင္ငံမွာ

ဘာကိုေရြးမလဲဆိုတာေတာ့ မသိရေသးပါဘူး။

လီဂါနက္စ္အသင္းနဲ႔ အတူ စပိန္ဆီဂန္ဒါမွာ အာသာဖာ့တစ္ေယာက္ ေျခစြမ္းျပႏိုင္ၿပီး

လာမယ့္ေဘာလံုး ရာသီမွာ လာလီဂါကို တန္းျပန္တက္လာႏိုင္ခဲ့ရင္ သူ႕ကို ပိုၿပီးျမင္ေတြ႕ရဖို႔ရွိပါ တယ္။

ေလာေလာဆယ္မွာေတာ့ ဆီဂန္ဒါေဘာလံုးပြဲစဥ္ေတြကို ကၽြန္ေတာ္တို႔ဆီ မွာ

ဖမ္းယူၾကည့္ရႈလုိ႔မရေသးတာေၾကာင့္ အြန္လိုင္းကေနပဲ ရွာေဖြၾကည့္ရႈရဖို႔ ရွိေနပါတယ္။