
ဂီယန်လူဂီဘူဖွန်ကကစားသမားဘဝမှအနားမယူမီမြောက်အမေရိကသို့
သွားရောက်ကစားလိုကြောင်းဖွင့်ဟပြောကြားသွားပါတယ်။
အီတလီဂန္ထဝင်ဂိုးသမားဟာလာမယ့်လတွင်အသက်၄၄နှစ်ပြည့်မယ့်သူဖြစ်ပေမယ့်လည်း
လက်စွမ်းပိုမိုကောင်းရန်ဆန္ဒရှိနေဆဲဖြစ်သလို ပုံမှန်ကစားခွင့်ရရှိလိုဆဲဖြစ်ပါတယ်။
နွေရာသီတုန်းကကစားသမားဘဝစတင်ခဲ့တဲ့ပါးမားသို့ ပြောင်းခဲ့တဲ့
ဘူဖွန်ကချန်ပီယံလိဂ်ဖလားသာ ရရှိခဲ့ဖူးမယ်ဆိုရင်လက်ရှိအချိန်တွင်
ကစားသမားဘဝမှအနားယူပြီးဖြစ်နေလိမ့်မယ့်လို့လည်း ဝန်ခံသွားပါတယ်။
ဘူဖွန်က “မက္ကဆီကို(သို့မဟုတ်)အမေရိကန်မှာကစားချင်ပါတယ်။
ဒါပေမဲ့ချန်ပီယံလိဂ်ဖလားသာရနိုင်ခဲ့မယ်ဆိုရင်တော့ကစားသမားဘဝကနေ
အနားယူပြီးဖြစ်ပါလိမ့်မယ်။မက္ကဆီ(သို့မဟုတ်)အမေရိကန်မှာကစားချင်ပါတယ်။
အတွေ့အကြုံသစ်ရချင်တယ်။ ကြိုးစားကြည့်ချင်တယ်။ဘာဖြစ်လာမလဲကြည့်ရမယ်။
အနာဂတ်မှာဘာလုပ်လာမလဲလို့မေးလာရင် မဆုံးဖြတ်ရသေးပါဘူး။
မန်နေဂျာလုပ်ရမလား၊နည်းပြလုပ်ရမလားမစဉ်းစားသေးပါဘူး။
ချန်ပီယံလိဂ်ဖလားမရခဲ့မှုကကျွန်တော့်ရဲ့ယှဉ်ပြိုင်လိုစိတ်ကို
ဆက်ထိန်းပေးနေပါတယ်”လို့ပြောကြားသွားပါတယ်။
ဘူဖွန်ဟာကစားသမားဘဝတစ်လျှောက်ကမ္ဘာ့ဖလားအပြင်ဆုဖလား၂၈ကြိမ်
ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလားမရရှိခဲ့ဖူးပါဘူး။
သူဟာချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲသို့သုံးကြိမ်တက်ခဲ့ဖူးပေမယ့်
ဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။
zawgyi
မြောက်အမေရိကမှာ ကစားချင်နေတဲ့ ဘူဖွန်