မြွေမကြောက် ကင်းမကြောက် စကားကြွယ်နေတဲ့ ပီကေး

အက်စ်ပန်ညိုနဲ့ရင်ဆိုင်ရတာ ရှက်ကီရာနဲ့အတူနေရတာထက်ပိုကောင်း

ဘာစီလိုနာအသင်းနောက်ခံလူ ပီကေးက အက်စ်ပန်ညိုနဲ့ရင်ဆိုင်ရတဲ့အရသာဟာ

ရှက်ကီရာနဲ့လိင်ဆက်ဆံရ တဲ့အရသာထက်ပိုကောင်းတယ်လို့ ပြောလိုက်ပါတယ်။

ပရိသတ်အများစုကတော့ ဘာစီလိုနာရဲ့အဓိကပြိုင်ဘက် ဟာ

ရီးရဲလ်မက်ဒရစ်ဖြစ်ပြီး သူတို့ထိပ်တိုက်တွေ့တဲ့ El Clasico ကလည်း

ကမ္ဘာ့အကျော်ကြားဆုံးပွဲစဥ်တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီကေးကတော့ ဘာစီလိုနာရဲ့မြို့ခံပြိုင်ဘက်ဖြစ်ပြီး

ကာတာလန်ဒါဘီပြိုင်ဘက် လည်းဖြစ်တဲ့ အက်စ်ပန်ညိုနဲ့တွေ့ရတာကသာ

သူ့အတွက်ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ခံယူထားတာပါ။

ဒီအတွက် လည်း အက်စ်ပန်ညိုနဲ့ရင်ဆိုင်ရတာကို

ရှက်ကီရာနဲ့လိင်ဆက်ဆံတဲ့အရသာထက်ပိုကောင်းတယ်လို့ ခိုင်းနှိုင်းခဲ့ တာဖြစ်ပါတယ်။

ဒါပေမယ့် အက်စ်ပန်ညိုအသင်းဟာ ၂၀၂၀ တုန်းကတန်းဆင်းသွားခဲ့ရတဲ့အတွက်

ပြီးခဲ့တဲ့ရာသီ မှာ ကာတာလန်ဒါဘီပွဲမရှိခဲ့ဘဲ အက်စ်ပန်ညိုတန်းပြန်တက်လာလို့သာ

ဒီရာသီမှာ ကာတာလန်ဒါဘီကိုပြန်တွေ့ ခဲ့ရတာပါ။

ဘာစီလိုနာဟာဒီရာသီလာလီဂါမှာ အက်စ်ပန်ညိုနဲ့အိမ်ကွင်းတွေ့ဆုံခဲ့ရာမှာ

၁-၀ နဲ့နိုင်ခဲ့ပြီး အဝေးကွင်းမှာတော့ ၂-၂ သရေကျခဲ့ပါတယ်။

အဲဒီပွဲမှာပီကေးဟာ ၉၂ မိနစ်မှာ အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။

သူက”အက်စ်ပန် ညို တန်းပြန်တက်လာတာကို ကျွန်တော်အရမ်းပျော်တာပါ။

သူတို့ကွင်းမှာသွားကစားရတဲ့အရသာကသိပ်နှစ်သက် ဖို့ကောင်းပါတယ်။

ကျွန်တော့်ကိုသူတို့ပရိသတ်တွေကတစ်ချိန်လုံး လှောင်ပြောင်ကြတာလေ။

ဒါပေမယ့်သူတို့ကို ရယ်ပြတဲ့အတွက်ပိုပြီးဒေါသထွက်ကြလို့

အရူးလုပ်လို့လည်းကောင်းပါတယ်။

သူတို့နဲ့တွေ့ရတာကို ကမ္ဘာပေါ်က ဘာနဲ့မှနှိုင်းယှဥ်လို့မရပါဘူး။

လိင်ဆက်ဆံတာထက်တောင်ပိုကောင်းပါသေးတယ်။

ရီးရဲလ်နဲ့ကစားရတာထက် အက်စ်ပန်ညိုနဲ့ကစားရတာက

အများကြီးပိုပျော်စရာကောင်းပါတယ်”လို့ပြောခဲ့ပါတယ်။

ပီကေးဟာ သူ့ရဲ့ပြောစကားအတိုင်းဘဲ အခြားကလပ်တွေထက်စာရင်

အက်စ်ပန်ညိုဘက်ကိုသူသွင်းခဲ့တဲ့ဂိုးက ပိုများနေတာပါ။

သူဟာ မြို့ခံပြိုင်ဘက်ကို ၆ ဂိုးအထိသွင်းထားတာဖြစ်ပါတယ်။

ပီကေးက အခုလိုပြောခဲ့လို့ သူ့ နဲ့လက်တွဲလာတာကြာပြီဖြစ်တဲ့

ကိုလံဘီယာအဆိုတော ရှက်ကီရာ ကဘယ်လိုတုံ့ပြန်မလဲဆိုတာ

စိတ်ဝင်စား ဖို့လည်းကောင်းနေတာပါ။

သူတို့နှစ်ဦးဟာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် Waka Waka သီချင်းရိုက်ကူးရေးမှာ

စတင် တွေ့ခဲ့ကြပြီး ၂၀၁၁ မှာလက်တွဲခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့သူတို့စုံတွဲမှာ သားနှစ်ယောက်ထွန်းကား ထားတယ်လို့လည်းသိရပါတယ်။

zawgyi

ေႁမြမေၾကာက္ ကင္းမေၾကာက္ စကားႂကြယ္ေနတဲ့ ပီေကး

အက္စ္ပန္ညိဳနဲ႔ရင္ဆိုင္ရတာ ရွက္ကီရာနဲ႔အတူေနရတာထက္ပိုေကာင္း

ဘာစီလိုနာအသင္းေနာက္ခံလူ ပီေကးက အက္စ္ပန္ညိဳနဲ႔ရင္ဆိုင္ရတဲ့အရသာဟာ

ရွက္ကီရာနဲ႔လိင္ဆက္ဆံရ တဲ့အရသာထက္ပိုေကာင္းတယ္လို႔ ေျပာလိုက္ပါတယ္။

ပရိသတ္အမ်ားစုကေတာ့ ဘာစီလိုနာရဲ႕အဓိကၿပိဳင္ဘက္ ဟာ

ရီးရဲလ္မက္ဒရစ္ျဖစ္ၿပီး သူတို႔ထိပ္တိုက္ေတြ႕တဲ့ El Clasico ကလည္း

ကမာၻ႔အေက်ာ္ၾကားဆုံးပြဲစဥ္တစ္ခု ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီေကးကေတာ့ ဘာစီလိုနာရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္ၿပီး

ကာတာလန္ဒါဘီၿပိဳင္ဘက္ လည္းျဖစ္တဲ့ အက္စ္ပန္ညိဳနဲ႔ေတြ႕ရတာကသာ

သူ႔အတြက္ပိုၿပီး အဓိပၸါယ္ရွိတယ္လို႔ ခံယူထားတာပါ။

ဒီအတြက္ လည္း အက္စ္ပန္ညိဳနဲ႔ရင္ဆိုင္ရတာကို

ရွက္ကီရာနဲ႔လိင္ဆက္ဆံတဲ့အရသာထက္ပိုေကာင္းတယ္လို႔ ခိုင္းႏႈိင္းခဲ့ တာျဖစ္ပါတယ္။

ဒါေပမယ့္ အက္စ္ပန္ညိဳအသင္းဟာ ၂၀၂၀ တုန္းကတန္းဆင္းသြားခဲ့ရတဲ့အတြက္

ၿပီးခဲ့တဲ့ရာသီ မွာ ကာတာလန္ဒါဘီပြဲမရွိခဲ့ဘဲ အက္စ္ပန္ညိဳတန္းျပန္တက္လာလို႔သာ

ဒီရာသီမွာ ကာတာလန္ဒါဘီကိုျပန္ေတြ႕ ခဲ့ရတာပါ။

ဘာစီလိုနာဟာဒီရာသီလာလီဂါမွာ အက္စ္ပန္ညိဳနဲ႔အိမ္ကြင္းေတြ႕ဆုံခဲ့ရာမွာ

၁-၀ နဲ႔ႏိုင္ခဲ့ၿပီး အေဝးကြင္းမွာေတာ့ ၂-၂ သေရက်ခဲ့ပါတယ္။

အဲဒီပြဲမွာပီေကးဟာ ၉၂ မိနစ္မွာ အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရပါတယ္။

သူက”အက္စ္ပန္ ညိဳ တန္းျပန္တက္လာတာကို ကြၽန္ေတာ္အရမ္းေပ်ာ္တာပါ။

သူတို႔ကြင္းမွာသြားကစားရတဲ့အရသာကသိပ္ႏွစ္သက္ ဖို႔ေကာင္းပါတယ္။

ကြၽန္ေတာ့္ကိုသူတို႔ပရိသတ္ေတြကတစ္ခ်ိန္လုံး ေလွာင္ေျပာင္ၾကတာေလ။

ဒါေပမယ့္သူတို႔ကို ရယ္ျပတဲ့အတြက္ပိုၿပီးေဒါသထြက္ၾကလို႔

အ႐ူးလုပ္လို႔လည္းေကာင္းပါတယ္။

သူတို႔နဲ႔ေတြ႕ရတာကို ကမာၻေပၚက ဘာနဲ႔မွႏႈိင္းယွဥ္လို႔မရပါဘူး။

လိင္ဆက္ဆံတာထက္ေတာင္ပိုေကာင္းပါေသးတယ္။

ရီးရဲလ္နဲ႔ကစားရတာထက္ အက္စ္ပန္ညိဳနဲ႔ကစားရတာက

အမ်ားႀကီးပိုေပ်ာ္စရာေကာင္းပါတယ္”လို႔ေျပာခဲ့ပါတယ္။

ပီေကးဟာ သူ႔ရဲ႕ေျပာစကားအတိုင္းဘဲ အျခားကလပ္ေတြထက္စာရင္

အက္စ္ပန္ညိဳဘက္ကိုသူသြင္းခဲ့တဲ့ဂိုးက ပိုမ်ားေနတာပါ။

သူဟာ ၿမိဳ႕ခံၿပိဳင္ဘက္ကို ၆ ဂိုးအထိသြင္းထားတာျဖစ္ပါတယ္။

ပီေကးက အခုလိုေျပာခဲ့လို႔ သူ႔ နဲ႔လက္တြဲလာတာၾကာၿပီျဖစ္တဲ့

ကိုလံဘီယာအဆိုေတာ ရွက္ကီရာ ကဘယ္လိုတုံ႔ျပန္မလဲဆိုတာ

စိတ္ဝင္စား ဖို႔လည္းေကာင္းေနတာပါ။

သူတို႔ႏွစ္ဦးဟာ ၂၀၁၀ ကမာၻ႔ဖလားအတြက္ Waka Waka သီခ်င္း႐ိုက္ကူးေရးမွာ

စတင္ ေတြ႕ခဲ့ၾကၿပီး ၂၀၁၁ မွာလက္တြဲခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့သူတို႔စုံတြဲမွာ သားႏွစ္ေယာက္ထြန္းကား ထားတယ္လို႔လည္းသိရပါတယ္။