မွေးရပ်မြေက ဆေးရုံထံ အောက်ဆီဂျင်အိုးတွေ လှူဒါန်းခဲ့တဲ့ ဆာလက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ မွေးရပ်မြေမှာ ရှိတဲ့ ဆေးရုံတစ်ခုကို အောက်ဆီဂျင်အိုးတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အသက် ( ၂၈ ) နှစ်အရွယ် အီဂျစ် တိုက်စစ်မှူးကို Nagrig လို့ခေါ်တဲ့ ရွာရဲ့ အနောက် မြောက်ပိုင်းမှာ မွေးဖွားခဲ့ပြီး အဆိုပါ ဒေသမှာ နေထိုင်သူတွေအတွက် လူနာတင်ကား ၊ မိန်းကလေး စာသင်ကျောင်း ၊ အားကစား ပစ္စည်းတွေ နှင့် ရေဆိုးသန့်စင်စက်တွေကိုပါ လှူဒါန်းထားပါတယ်။

သူ့ရဲ့ ယခုနောက်ဆုံး ပရဟိတ လှုပ်ရှားမှု တစ်ခုအနေနဲ့ ( ၂၀၁၇ ) ခုနှစ်က သူကိုင်တိုင် တည်ထောင်ထားတဲ့ the Nagrig Charity Association ( NCA ) မှ တဆင့် ဒေသဆိုင်ရာ ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူတွေအတွက် အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရန် ကူညီပေးခဲ့ပါတယ်။

NCA ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ Hassam Bakr က Cairo radio station နဲ့ တွေ့ဆုံရာမှာ ” ဆာလက် နှင့် သူ့မိသားစုက Nigrig ဒေသ ၊ Basyoun Central Hospital မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကူညီဖို့ အောက်ဆီဂျင်အိုးတွေ လှူဒါန်းခဲ့ပါတယ်။ သူဟာ အီဂျစ်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် မကြာခဏ လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဆာလက်ဟာ Nagrig ဒေသခံတွေအတွက် အစားအစာတွေ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် နွေရာသီမှာလည်း ဒေသခံ လူပေါင်း ၃ သောင်းကို ကူညီပေးနိုင်မယ့် ambulance station ဆောက်ဖို့ ပေါင် ( ၃ ) သောင်းလှူဒါန်းခဲ့ပါတယ်။

ယခင်ကလည်း ဘာသာရေးကျောင်းတွေ နှင့် ဗုံးဒဏ်ကြောင့် ပျက်စီးသွားတဲ့ national cancer institute ကိုလည်း ပြန်လည်တည်ဆောက်ဖို့ ကူညီပေးခဲ့ပါတယ်။ ဆာလက်အနေနဲ့ ဒီရာသီမှာ ( ၂၃ ) ပွဲ ကစားထားပြီး ( ၁၆ ) ဂိုး သွင်းယူပေးထားပါတယ်။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူး တိုက္စစ္မႉး မိုဟာမက္ ဆာလက္ဟာ ေမြးရပ္ေျမမွာ ရွိတဲ့ ေဆး႐ုံတစ္ခုကို ေအာက္ဆီဂ်င္အိုးေတြ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ အီဂ်စ္ တိုက္စစ္မႉးကို Nagrig လို႔ေခၚတဲ့ ႐ြာရဲ႕ အေနာက္ ေျမာက္ပိုင္းမွာ ေမြးဖြားခဲ့ၿပီး အဆိုပါ ေဒသမွာ ေနထိုင္သူေတြအတြက္ လူနာတင္ကား ၊ မိန္းကေလး စာသင္ေက်ာင္း ၊ အားကစား ပစၥည္းေတြ ႏွင့္ ေရဆိုးသန႔္စင္စက္ေတြကိုပါ လႉဒါန္းထားပါတယ္။

သူ႔ရဲ႕ ယခုေနာက္ဆုံး ပရဟိတ လႈပ္ရွားမႈ တစ္ခုအေနနဲ႔ ( ၂၀၁၇ ) ခုႏွစ္က သူကိုင္တိုင္ တည္ေထာင္ထားတဲ့ the Nagrig Charity Association ( NCA ) မွ တဆင့္ ေဒသဆိုင္ရာ ေဆး႐ုံေတြမွာ ကို႐ိုနာဗိုင္းရပ္ ကူးစက္ခံရသူေတြအတြက္ ေအာက္ဆီဂ်င္ျပတ္လပ္မႈ မရွိေစရန္ ကူညီေပးခဲ့ပါတယ္။

NCA ရဲ႕ ဒါ႐ိုက္တာ ျဖစ္တဲ့ Hassam Bakr က Cairo radio station နဲ႔ ေတြ႕ဆုံရာမွာ ” ဆာလက္ ႏွင့္ သူ႔မိသားစုက Nigrig ေဒသ ၊ Basyoun Central Hospital မွာရွိတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကို ကူညီဖို႔ ေအာက္ဆီဂ်င္အိုးေတြ လႉဒါန္းခဲ့ပါတယ္။ သူဟာ အီဂ်စ္မွာ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြအတြက္ မၾကာခဏ လႉဒါန္းမႈေတြ ျပဳလုပ္ေလ့ရွိပါတယ္ ။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း ဆာလက္ဟာ Nagrig ေဒသခံေတြအတြက္ အစားအစာေတြ လႉဒါန္းခဲ့ပါတယ္။ ဒါ့အျပင္ ေႏြရာသီမွာလည္း ေဒသခံ လူေပါင္း ၃ ေသာင္းကို ကူညီေပးႏိုင္မယ့္ ambulance station ေဆာက္ဖို႔ ေပါင္ ( ၃ ) ေသာင္းလႉဒါန္းခဲ့ပါတယ္။ ယခင္ကလည္း ဘာသာေရးေက်ာင္းေတြ ႏွင့္ ဗုံးဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ national cancer institute ကိုလည္း ျပန္လည္တည္ေဆာက္ဖို႔ ကူညီေပးခဲ့ပါတယ္။ ဆာလက္အေနနဲ႔ ဒီရာသီမွာ ( ၂၃ ) ပြဲ ကစားထားၿပီး ( ၁၆ ) ဂိုး သြင္းယူေပးထားပါတယ္။ Source : Daily Mail