မှန်ကန်တဲ့ အပြောင်းအရွှေ့ မဟုတ်ဘူးဆိုရင် အိုဇေးလ်ကို ထွက်ခွာခွင့်ပြုမှာမဟုတ်ကြောင်း အာတီတာ သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းနည်းပြ အာတီတာက အိုဇေးလ်ရဲ့အနာဂတ်ကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဆုံးဖြတ်သွားမှာဖြစ်ပြီး အပြောင်းအရွှေ့ မမှန်ကန်ဘူးဆိုရင် အခုအပြောင်းအရွှေ့မှာ အိုဇေးလ်ကို ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

စပေါ့တ်မေးလ်သတင်းဌနာက အာဆင်နယ်ဟာ အိုဇေးလ်ကို အစောပိုင်းကာလတုန်းက အသင်းကနေ အခုလမှာပဲရောင်းချချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂျာမန်သားဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ်လူစာရင်းမှာပါ မပါဝင်ခဲ့တာဖြစ်ကာ မတ်လနောက်ပိုင်းကတည်းက အသင်းမှာ မပါဝင်တော့တာဖြစ်ပါတယ်။

ဖီနာဘာချီအပြင် မေဂျာလိဂ်ကလပ်တွေကလည်း အိုဇေးလ်ကို စိတ်ဝင်စားနေပြီး အခုအပြောင်းအရွှေ့မှာ ခေါ်ယူချင်နေပါတယ်။ အိုဇေးလ်ရဲ့စာချုပ်သက်တမ်းက ဇူလိုင်လမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် ၂ ဦး ၂ ဖက်အခုလမှာပဲ ထွက်ခွာဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။

“ကျွန်တော်အိုဇေးလ်ရဲ့အနာဂတ်ကို လာမယ့်ရက်အနည်းငယ်လောက်မှာ ဆုံးဖြတ်သွားမှာပါ။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်မသိသေးပါဘူး။

အခုတော့ သူက အခြားကလပ်တွေနဲ့ ဆွေးနွေးခွင့်ရှိနေပါတယ်။ သူ့အတွက်အကောင်းဆုံးအဖြေတစ်ခုကို ဆုံးဖြတ်ပေးသွားမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

“ဒီလထဲမှာပဲ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်သွားမှာပါ။ တကယ်လို့ အဆင်မပြေခဲ့ရင်တော့ အသင်းမှာပဲ သူ့ကိုဆက်ထိန်းသွားမှာပါ”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာတီတာရဲ့ဆုံးဖြတ်ချက်ကို အသင်းအဖွဲ့ဝင်တွေအားလုံးက သဘောတူဖွယ်ရှိနေပြီး ဂျာမန်သားဟာ နယူးကာဆယ်နဲ့အက်ဖ်အေဖလားပွဲမှာအသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

“ကစားသမားတိုင်းက ဘောလုံးကစားချင်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ကစားသမားတိုင်း အသင်းမှာ အမြဲတမ်းပွဲတိုင်းမကစားနိုင်ပါဘူး။ကစားသမားတွေကို မှတ်ပုံတင်တဲ့အချိန်မှာ ကျွန်တော်တို့အသင်းအတွက် အကောင်းဆုံးကစားနိုင်တဲ့သူကိုပဲ မှတ်ပုံတင်မှာပါ။ အိုဇေးလ်က အတိတ်ကာလတုန်းက အသင်းရဲ့အရေးပါဆုံးကစားသမားဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ကျွန်တော့်မှာက အသင်းအတွက်အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်ရမယ့် တာဝန်ရှိနေပါတယ်။

အဲ့တာကြောင့် ကျွန်တော်အခုလိုဆုံးဖြတ်ခဲ့ရတာပါ။ အိုဇေးလ်အတွက် အကောင်းဆုံးအဖြေတစ်ခုရှာဖွေပေးသွားမှာပါ”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မွန္ကန္တဲ့ အေျပာင္းအေရႊ႕ မဟုတ္ဘူးဆိုရင္ အိုေဇးလ္ကို ထြက္ခြာခြင့္ျပဳမွာမဟုတ္ေၾကာင္း အာတီတာ သတိေပး

အာဆင္နယ္အသင္းနည္းျပ အာတီတာက အိုေဇးလ္ရဲဲ႕အနာဂတ္ကို လာမယ့္ရက္အနည္းငယ္အတြင္းမွာ ဆံုးျဖတ္သြားမွာျဖစ္ျပီး အေျပာင္းအေရႊ႕ မမွန္ကန္ဘူးဆုိရင္ အခုအေျပာင္းအေရႊ႕မွာ အိုေဇးလ္ကို ထြက္ခြာခြင့္ျပဳမွာ မဟုတ္ဘူးလို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။ စေပါ့တ္ေမးလ္သတင္းဌနာက အာဆင္နယ္ဟာ အိုေဇးလ္ကို အေစာပိုင္းကာလတုန္းက အသင္းကေန အခုလမွာပဲေရာင္းခ်ခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဂ်ာမန္သားဟာ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ နဲ႔ ယူရိုပါလိဂ္လူစာရင္းမွာပါ မပါ၀င္ခဲ့တာျဖစ္ကာ မတ္လေနာက္ပိုင္းကတည္းက အသင္းမွာ မပါ၀င္ေတာ့တာျဖစ္ပါတယ္။

ဖီနာဘာခ်ီအျပင္ ေမဂ်ာလိဂ္ကလပ္ေတြကလည္း အိုေဇးလ္ကို စိတ္၀င္စားေနျပီး အခုအေျပာင္းအေရႊ႕မွာ ေခၚယူခ်င္ေနပါတယ္။ အိုေဇးလ္ရဲ႕စာခ်ဳပ္သက္တမ္းက ဇူလိုင္လမွာ ကုန္ဆံုးမွာျဖစ္ေပမယ့္ ၂ ဦး ၂ ဖက္အခုလမွာပဲ ထြက္ခြာဖို႔ ေဆြးေႏြးေနတာျဖစ္ပါတယ္။ “ကြ်န္ေတာ္အိုေဇးလ္ရဲ႕အနာဂတ္ကို လာမယ့္ရက္အနည္းငယ္ေလာက္မွာ ဆံုးျဖတ္သြားမွာပါ။ ဘာေတြျဖစ္လာမလဲဆိုတာ ကြ်န္ေတာ္မသိေသးပါဘူး။ အခုေတာ့ သူက အျခားကလပ္ေတြနဲ႔ ေဆြးေႏြးခြင့္ရွိေနပါတယ္။ သူ႕အတြက္အေကာင္းဆံုးအေျဖတစ္ခုကို ဆံုးျဖတ္ေပးသြားမွာပါ”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

“ဒီလထဲမွာပဲ အေကာင္းဆံုးျဖစ္ေအာင္ ဆံုးျဖတ္သြားမွာပါ။ တကယ္လို႔ အဆင္မေျပခဲ့ရင္ေတာ့ အသင္းမွာပဲ သူ႕ကိုဆက္ထိန္းသြားမွာပါ”လို႔ အာတီတာက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ အာတီတာရဲ႕ဆံုးျဖတ္ခ်က္ကို အသင္းအဖြဲ႕၀င္ေတြအားလံုးက သေဘာတူဖြယ္ရွိေနျပီး ဂ်ာမန္သားဟာ နယူးကာဆယ္နဲ႔အက္ဖ္ေအဖလားပြဲမွာအသင္းအတြက္ ေနာက္ဆံုးပါ၀င္ကစားေပးဖြယ္ရွိေနတယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။ “ကစားသမားတိုင္းက ေဘာလံုးကစားခ်င္ၾကမယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္။ ဒါေပမဲ့ကစားသမားတိုင္း အသင္းမွာ အျမဲတမ္းပြဲတုိင္းမကစားႏိုင္ပါဘူး။

ကစားသမားေတြကို မွတ္ပံုတင္တဲ့အခ်ိန္မွာ ကြ်န္ေတာ္တို႔အသင္းအတြက္ အေကာင္းဆံုးကစားႏုိင္တဲ့သူကိုပဲ မွတ္ပံုတင္မွာပါ။ အိုေဇးလ္က အတိတ္ကာလတုန္းက အသင္းရဲ႕အေရးပါဆံုးကစားသမားျဖစ္ခဲ့တယ္ဆိုတာ ကြ်န္ေတာ္သိပါတယ္။ ဒါေပမဲ့ကြ်န္ေတာ့္မွာက အသင္းအတြက္အေကာင္းဆံုးျဖစ္ေအာင္ ဆံုးျဖတ္ရမယ့္ တာ၀န္ရွိေနပါတယ္။ အဲ့တာေၾကာင့္ ကြ်န္ေတာ္အခုလိုဆံုးျဖတ္ခဲ့ရတာပါ။ အိုေဇးလ္အတြက္ အေကာင္းဆံုးအေျဖတစ္ခုရွာေဖြေပးသြားမွာပါ”လို႔ အာတီတာက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။