ယခုနှစ် Ballon d’Or ဆုကို လီဝန်ဒေါ့စကီးမရခဲ့လျှင် သူရခဲ့တဲ့ဆုကို လွဲပြောင်းပေးမယ့် ဆွာရက်ဇ်

ယခုနှစ် Ballon d’Or ဆုကိုရောဘတ်လီဝန်ဒေါ့စကီးမဆွတ်ခူးလာပါက

သူ့ရဲ့ဆုကိုလွဲပြောင်းပေးသွားမယ်လို့ပြောကြားလာပါတယ်။
ဘိုင်ယန်မြူးနစ်နှင့်ပိုလန်တိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်တုန်းကဘိုင်ယန်မြူးနစ်အား

ဖလားသုံးလုံးရရှိအောင်အဓိကနေရာမှစွမ်းဆောင်ခဲ့သလို၂၀၂၁ခုနှစ်မှာလည်း

အကောင်းဆုံးပုံစံပြသနေဆဲဖြစ်ပါတယ်။


သူဟာဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း

ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် Ballon d’Or ဆုကိုမချီးမြှင့်မှုနဲ့အတူလွဲခဲ့ရပါတယ်။
ဒါပေမယ့်ယခုနှစ်မှာ Ballon d’Or ဆုကိုပြန်လည်ချီးမြှင့်လာတော့မယ့်အချိန်မှာတော့

ရောဘတ်လီဝန်ဒေါ့စကီးဟာဆုအတွက်ထိပ်ဆုံးမှရေပန်းစားခြင်းမရှိတော့ပါဘူး။

သူဟာ Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းမှာပါဝင်နေပေမယ့်လည်း

မက်ဆီ၊ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဂျော်ဂျင်ဟိုတို့ကသာထိပ်ဆုံးမှရေပန်းစားနေပါတယ်။
ဒါပေမယ့်စပိန်လက်ရွေးစင်ဟောင်းဆွာရက်ဇ်ကလီဝန်ဒေါ့စကီးသာယခုနှစ်ဆုကို

မရခဲ့လျှင် ၁၉၆၀ထခုနှစ်တုန်းကသူရရှိခဲ့တဲ့ Ballon d’Or ဆုကို ပိုလန်တိုက်စစ်မှူးအား

ပေးအပ်သွားမယ်လို့ပြောကြားလာပါတယ်။

ဆွာရက်ဇ်ဟာ၁၉၆၀ခုနှစ်ဆုကိုဖီရင့်ပွတ်ရှ်ကပ်အားကျော်ဖြတ်ကာဆွတ်ခူးခဲ့တာ

ဖြစ်ပါတယ်။သူဟာသူ့ဆုကိုရောဘတ်လီဝန်ဒေါ့စကီးအားလွဲပြောင်းပေးအပ်

သွားဖို့အသင့်ရှိနေပါတယ်။
ဆွာရက်ဇ်က “Ballon d’Or ဆုကိုလီဝန်ဒေါ့စကီးကိုပေးလိုက်ပါ။ တကယ်လို့

မပေးရင်ကျွန်တော့်ဆုကိုပေးပါမယ်”လို့ပြောကြားခဲ့ပါတယ်။

လီဝန်ဒေါ့စကီးဟာယခုနှစ်အစောပိုင်းတုန်းကဂတ်မူလာရဲ့ဘွန်ဒက်စ်လီဂါတစ်ရာသီ

သွင်းဂိုးအများဆုံးစံချိန်ကိုရိုက်ချိုးခဲ့သူဖြစ်ပါတယ်။သူဟာယခုရာသီမှာလည်း

ဘိုင်ယန်မြူးနစ်အတွက်၁၆ပွဲကစားထားရာမှာ၂၂ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

Zawgyi

ယခုႏွစ္ Ballon d’Or ဆုကို လီဝန္ေဒါ့စကီးမရခဲ့လွ်င္ သူရခဲ့တဲ့ဆုကို လြဲေျပာင္းေပးမယ့္ ဆြာရက္ဇ္
ယခုႏွစ္ Ballon d’Or ဆုကိုေရာဘတ္လီဝန္ေဒါ့စကီးမဆြတ္ခူးလာပါက

သူ႔ရဲ႕ဆုကိုလြဲေျပာင္းေပးသြားမယ္လို႔ေျပာၾကားလာပါတယ္။
ဘိုင္ယန္ျမဴးနစ္ႏွင့္ပိုလန္တိုက္စစ္မႉးဟာ၂၀၂၀ခုႏွစ္တုန္းကဘိုင္ယန္ျမဴးနစ္အား

ဖလားသုံးလုံးရရွိေအာင္အဓိကေနရာမွစြမ္းေဆာင္ခဲ့သလို၂၀၂၁ခုႏွစ္မွာလည္း

အေကာင္းဆုံးပုံစံျပသေနဆဲျဖစ္ပါတယ္။
သူဟာဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ေပမယ့္လည္း

ကိုဗစ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ Ballon d’Or ဆုကိုမခ်ီးျမႇင့္မႈနဲ႔အတူလြဲခဲ့ရပါတယ္။

ဒါေပမယ့္ယခုႏွစ္မွာ Ballon d’Or ဆုကိုျပန္လည္ခ်ီးျမႇင့္လာေတာ့မယ့္အခ်ိန္မွာေတာ့

ေရာဘတ္လီဝန္ေဒါ့စကီးဟာဆုအတြက္ထိပ္ဆုံးမွေရပန္းစားျခင္းမရွိေတာ့ပါဘူး။
သူဟာ Ballon d’Or ဆုအတြက္ဆန္ကာတင္စာရင္းမွာပါဝင္ေနေပမယ့္လည္း

မက္ဆီ၊ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေဂ်ာ္ဂ်င္ဟိုတို႔ကသာထိပ္ဆုံးမွေရပန္းစားေနပါတယ္။
ဒါေပမယ့္စပိန္လက္ေ႐ြးစင္ေဟာင္းဆြာရက္ဇ္ကလီဝန္ေဒါ့စကီးသာယခုႏွစ္ဆုကို

မရခဲ့လွ်င္ ၁၉၆၀ထခုႏွစ္တုန္းကသူရရွိခဲ့တဲ့ Ballon d’Or ဆုကို ပိုလန္တိုက္စစ္မႉးအား

ေပးအပ္သြားမယ္လို႔ေျပာၾကားလာပါတယ္။ ဆြာရက္ဇ္ဟာ၁၉၆၀ခုႏွစ္ဆုကို

ဖီရင့္ပြတ္ရွ္ကပ္အားေက်ာ္ျဖတ္ကာဆြတ္ခူးခဲ့တာျဖစ္ပါတယ္။သူဟာသူ႔ဆုကို

ေရာဘတ္လီဝန္ေဒါ့စကီးအားလြဲေျပာင္းေပးအပ္သြားဖို႔အသင့္ရွိေနပါတယ္။

ဆြာရက္ဇ္က “Ballon d’Or ဆုကိုလီဝန္ေဒါ့စကီးကိုေပးလိုက္ပါ။ တကယ္လို႔

မေပးရင္ကြၽန္ေတာ့္ဆုကိုေပးပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။
လီဝန္ေဒါ့စကီးဟာယခုႏွစ္အေစာပိုင္းတုန္းကဂတ္မူလာရဲ႕ဘြန္ဒက္စ္လီဂါတစ္ရာသီ

သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို႐ိုက္ခ်ိဳးခဲ့သူျဖစ္ပါတယ္။သူဟာယခုရာသီမွာလည္း

ဘိုင္ယန္ျမဴးနစ္အတြက္၁၆ပြဲကစားထားရာမွာ၂၂ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။