ယာဂန်ကလော့ ချီးကျူးစကားဆို ခဲ့ရတဲ့ ဗီလာလူငယ်တွေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လူငယ်ပေမယ့် အထင်သေးလို့မရတဲ့ အနေအထားတွေ အများကြီးပါ။ လတ်ဆတ်တဲ့ အတွေးအခေါ် ၊ အရှူံး မပေးတဲ့ စိတ်ဓါတ် သူတို့လေးတွေမှာ အပြည့်ရှိပါတယ်။ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် အဖြစ် အက်စ်တွန်ဗီလာ အသင်းနဲ့ လီဗာပူး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ လီဗာပူး အသင်းက ၄ ဂိုး- ၁ ဂိုး ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ကလော့ကတော့ နိုင်ပွဲအတွက် ကျေနပ်နေပြီးတော့ ပြိုင်ဘက် ဗီလာ အသင်းရဲ့ လူငယ် ကစားသမားတွေ ကို ပွဲအပြီးမှာ ချီးကျူး စကားတွေဆိုခဲ့ပါတယ်။ ဗီလာ အသင်းအနေနဲ့ ကြာသပတေးနေ့က လေ့ကျင့်ရေးကွင်း အတွင်း ကိုဗစ်ပိုး ပျံ့နှံ့ခဲ့တာကြောင့် လီဗာပူး အသင်းကို U-23 လူငယ် ကစားသမားလေးတွေ နဲ့ပဲ ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။

လီဗာပူးဟာ ဗီလာပက်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ်မှာ ပွဲအစ ၄ မိနစ်မှာတင် မာနေးရဲ့ ခေါင်းတိုက်ဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်း ဂိုးတွေ ထပ်မံ သွင်းယူနိုင်ဖို့ အတွက် ပျက်ကွက်ခဲ့ကာ ပွဲချိန် ၄၁ မိနစ်မှာတော့ ရီးစ်ဝီလီယံ ရဲ့ အမှားကနေ လူဝီဘယ်ရီက ချေပဂိုး သွင်းယူ ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးတို့ ကစားအား ကောင်းလာခဲ့သလို ဖန်တီးမှုတွေလည်း ကောင်းမွန် လာခဲ့ပြီး ဝိုင်နယ်ဒန် ၊ မာနေး ၊ ဆာလား တို့က ဂိုးထပ်မံ သွင်းယူကာ စတုတ္ထအဆင့်ကို တက်ရောက်အောင် လုပ်နိုင်ခဲ့ပါတယ်။

“ဗီလာကကောင်လေးတွေ ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော့် ဘဝမှာ ဘယ်သူနဲ့ ရင်ဆိုင်ရမလဲ ဆိုတာ မသိရတဲ့ ဒီလို စိန်ခေါ်မှုမျိုး တစ်ခါမှ မရခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေ ၊ ဗီဒီယိုတွေ အားလုံးကို လွှင့်ပစ် ခဲ့ရပြီး အသစ်ကနေ ပြန်စခဲ့ရပါတယ်။ ဒါဟာ ဘောလုံးပါ။”

“အကယ်ဒမီ ကစားသမားတွေ တော်ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီနေရာမှာပဲ ကျွန်တော်တို့ရဲ့ လူငယ် ကစားသမားတွေနဲ့ ကစားခဲ့ပါတယ်။

ဒီလူငယ် ကစားသမားလေးတွေက တစ်ချိန်လုံး ကစားနိုင်တယ်။ တကယ်လို့ ခင်ဗျား အနေနဲ့သူတို့ကို ‌ကောင်းကောင်း ရင်ဆိုင်မကစားဘူးဆိုရင် ခင်ဗျားမှာ ပြဿနာ ရှိလာနိုင်ပါတယ်။”

“ဒုတိယပိုင်းမှာ ကျွန်တော်တို့ဟာ ပွဲအစ ကတည်းက ကစားသင့်တဲ့ ပုံစံမျိုးနဲ့ ကစား သွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မှန်ကန်တဲ့ ပုံစံနဲ့ အနိုင်ရခဲ့တာပါ။” လို့ နည်းပြကလော့ကပြောဆိုခဲ့ပါတယ်။ဗီလာရဲ့ ၁၉နှစ်အရွယ် ဟန်ဂေရီဂိုးသမားလေး အခ်ကို့စ် အိုနိုဒီဟာ လီဗာပူးတို့ရဲ့အပိုင်ကန်သွင်းချက် ​တွေကို ၈ကြိမ်အထိကာကွယ်သွားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူငယ်ပေမယ့် အထင်သေးလို့မရတဲ့ အနေအထားတွေ အများကြီးပါ။ လတ်ဆတ်တဲ့ အတွေးအခေါ် ၊ အရှူံး မပေးတဲ့ စိတ်ဓါတ် သူတို့လေးတွေမှာ အပြည့်ရှိပါတယ်။ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် အဖြစ် အက်စ်တွန်ဗီလာ အသင်းနဲ့ လီဗာပူး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ လီဗာပူး အသင်းက ၄ ဂိုး- ၁ ဂိုး ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ကလော့ကတော့ နိုင်ပွဲအတွက် ကျေနပ်နေပြီးတော့ ပြိုင်ဘက် ဗီလာ အသင်းရဲ့ လူငယ် ကစားသမားတွေ ကို ပွဲအပြီးမှာ ချီးကျူး စကားတွေဆိုခဲ့ပါတယ်။ ဗီလာ အသင်းအနေနဲ့ ကြာသပတေးနေ့က လေ့ကျင့်ရေးကွင်း အတွင်း ကိုဗစ်ပိုး ပျံ့နှံ့ခဲ့တာကြောင့် လီဗာပူး အသင်းကို U-23 လူငယ် ကစားသမားလေးတွေ နဲ့ပဲ ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။

လီဗာပူးဟာ ဗီလာပက်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ်မှာ ပွဲအစ ၄ မိနစ်မှာတင် မာနေးရဲ့ ခေါင်းတိုက်ဂိုး နဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်း ဂိုးတွေ ထပ်မံ သွင်းယူနိုင်ဖို့ အတွက် ပျက်ကွက်ခဲ့ကာ ပွဲချိန် ၄၁ မိနစ်မှာတော့ ရီးစ်ဝီလီယံ ရဲ့ အမှားကနေ လူဝီဘယ်ရီက ချေပဂိုး သွင်းယူ ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးတို့ ကစားအား ကောင်းလာ ခဲ့သလို ဖန်တီးမှုတွေလည်း ကောင်းမွန် လာခဲ့ပြီး ဝိုင်နယ်ဒန် ၊ မာနေး ၊ ဆာလား တို့က ဂိုးထပ်မံ သွင်းယူကာ စတုတ္ထအဆင့်ကို တက်ရောက်အောင် လုပ်နိုင်ခဲ့ပါတယ်။

“ဗီလာကကောင်လေးတွေ ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော့် ဘဝမှာ ဘယ်သူနဲ့ ရင်ဆိုင်ရမလဲ ဆိုတာ မသိရတဲ့ ဒီလို စိန်ခေါ်မှုမျိုး တစ်ခါမှ မရခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေ ၊ ဗီဒီယိုတွေ အားလုံးကို လွှင့်ပစ် ခဲ့ရပြီး အသစ်ကနေ ပြန်စခဲ့ရပါတယ်။ ဒါဟာ ဘောလုံးပါ။” “အကယ်ဒမီ ကစားသမားတွေ တော်ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီနေရာမှာပဲ ကျွန်တော်တို့ရဲ့ လူငယ် ကစားသမားတွေနဲ့ ကစားခဲ့ပါတယ်။ ဒီလူငယ် ကစားသမားလေးတွေက တစ်ချိန်လုံး ကစားနိုင်တယ်။ တကယ်လို့ ခင်ဗျား အနေနဲ့သူတို့ကို ‌ကောင်းကောင်း ရင်ဆိုင်မကစားဘူးဆိုရင် ခင်ဗျားမှာ ပြဿနာ ရှိလာနိုင်ပါတယ်။”

“ဒုတိယပိုင်းမှာ ကျွန်တော်တို့ဟာ ပွဲအစ ကတည်းက ကစားသင့်တဲ့ ပုံစံမျိုးနဲ့ ကစား သွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မှန်ကန်တဲ့ ပုံစံနဲ့ အနိုင်ရခဲ့တာပါ။” လို့ နည်းပြကလော့ကပြောဆိုခဲ့ပါတယ်။ဗီလာရဲ့ ၁၉နှစ်အရွယ် ဟန်ဂေရီဂိုးသမားလေး အခ်ကို့စ် အိုနိုဒီဟာ လီဗာပူးတို့ရဲ့အပိုင်ကန်သွင်းချက် ​တွေကို ၈ကြိမ်အထိကာကွယ်သွားနိုင်ခဲ့ပါတယ်။