ယာဂန်ကလော့ဟာ သူ့အတွက် ဖခင်သဖွယ်ဖြစ်တယ်လို့ လီဝန်ဒေါစကီး ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရောဘတ် လီဝန်ဒေါစကီးက လက်ရှိ လီဗာပူးလ်အသင်းနည်းပြဟာ သူ့အတွက် ဖခင်သဖွယ် ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။ ုကလော့ဟာ ပိုလန်တိုက်စစ်မှူးကို ဒေါ့မွန်အသင်းအတွက် ပေါင် ( ၄ ) သန်းနဲ့ ခေါ်ယူပေးကာ ကမ္ဘာ့ဘောလုံးစင်မြှင့်ပေါ် တင်ပေးခဲ့ပါတယ်။

သူတို့ ( ၂ ) ဦးဟာ ဒေါ့မွန်အသင်းမှာ ( ၄ ) နှစ်ကြာ လက်တွဲခဲ့ကြပြီး လီဝန်ဒေါစကီးက ( ၁၈၇ ) ပွဲ ကစားပြီး ( ၁၀၃ ) ဂိုး သွင်းယူနိုင်ခဲ့သလို ယာဂန်ကလော့ကလည်း ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်လီဂါဖလား ( ၂ ) ကြိမ် နှင့် ဂျာမာန် ပိုကယ်ဖလား တစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ လီဝန်ဒေါစကီးက သူ နှင့် ယာဂန်ကလော့တို့ ဆက်ဆံရေးကို ၂၀၁၁ / ၁၂ ဘောလုံးရာသီက အဖြစ်အပျက်ကို ဥပမာယူပြီး The Players’ Tribune မှာ ပြောသွားခဲ့ပါတယ်။

” ဒုတိယရာသီ စတင်တော့ ကျွန်တော် ရုန်းကန်နေခဲ့ရတယ်။ ယာဂန် ကျွန်တော့်ဆီကနေ တစ်ခုခု အလိုရှိနေတာ သိပေမယ့် ဘာဆိုတာ ဝေခွဲမရခဲ့ပါဘူး ။ ” “အဲဒီနောက် ချန်ပီယံလိဂ်မှာ မာဆေးအသင်းကို ( 3 – 0 ) ရလာဒ် ရှုံးနိမ့်ခဲ့တယ်။ အဲ့ဒီပွဲစဉ်အပြီး ကျွန်တော် သူ့ကို သွားတွေ့ခဲ့တယ်။ ကျွန်တော့် ဆီကနေ ဘာတွေမျှော်လင့်ထားလဲဆိုတာ မေးခဲ့တယ်။ ”

” ကျွန်တော့ရဲ့ ဂျာမာန် စကားကလည်း အကောင်းဆုံး အခြေအနေမှာ ရှိမနေတဲ့အတွက် သူပြောတဲ့ အရာရာတိုင်းကို နားမလည်ပေမယ့် စကားလုံးအနည်းငယ်၊ ခြေဟန်လက်ဟန်တွေနဲ့ ကျွန်တော်တို့ ( ၂ ) ဦး နားလည်မှုရခဲ့ကြပါတယ်။ ” ” သုံးရက်ကြာပြီးနောက် အော့စ်ဘတ်နဲ့ ပွဲမှာ ကျွန်တော် hat trick သွင်းပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ( 4 – 0 ) အနိုင်ရရှိခဲ့ပြီး ဒါက ကျွန်တော့်ဘဝအတွက် အလှည့်အပြောင်း ဖြစ်ခဲ့ပါတယ်။”

” ကျွန်တော် ယာဂန်ကို ဘာအကြောင်းမဆို ပြောလို့ရပါတယ် ။ ယုံကြည်လို့ရပါတယ်။ သူဟာ မိသားစုစိတ်ဓာတ်ရှိပြီး ကိုယ်ချင်းစာတရားပြည့်ဝသူတစ်ဦးပါ။ ” Source : mirror

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာဘတ္ လီဝန္ေဒါစကီးက လက္ရွိ လီဗာပူးလ္အသင္းနည္းျပဟာ သူ႔အတြက္ ဖခင္သဖြယ္ ျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။ ုကေလာ့ဟာ ပိုလန္တိုက္စစ္မႉးကို ေဒါ့မြန္အသင္းအတြက္ ေပါင္ ( ၄ ) သန္းနဲ႔ ေခၚယူေပးကာ ကမာၻ႔ေဘာလုံးစင္ျမႇင့္ေပၚ တင္ေပးခဲ့ပါတယ္။ သူတို႔ ( ၂ ) ဦးဟာ ေဒါ့မြန္အသင္းမွာ ( ၄ ) ႏွစ္ၾကာ လက္တြဲခဲ့ၾကၿပီး လီဝန္ေဒါစကီးက ( ၁၈၇ ) ပြဲ ကစားၿပီး ( ၁၀၃ ) ဂိုး သြင္းယူႏိုင္ခဲ့သလို ယာဂန္ကေလာ့ကလည္း ေဒါ့မြန္အသင္းအတြက္ ဘြန္ဒက္လီဂါဖလား ( ၂ ) ႀကိမ္ ႏွင့္ ဂ်ာမာန္ ပိုကယ္ဖလား တစ္ႀကိမ္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။

လီဝန္ေဒါစကီးက သူ ႏွင့္ ယာဂန္ကေလာ့တို႔ ဆက္ဆံေရးကို ၂၀၁၁ / ၁၂ ေဘာလုံးရာသီက အျဖစ္အပ်က္ကို ဥပမာယူၿပီး The Players’ Tribune မွာ ေျပာသြားခဲ့ပါတယ္။ ” ဒုတိယရာသီ စတင္ေတာ့ ကြၽန္ေတာ္ ႐ုန္းကန္ေနခဲ့ရတယ္။ ယာဂန္ ကြၽန္ေတာ့္ဆီကေန တစ္ခုခု အလိုရွိေနတာ သိေပမယ့္ ဘာဆိုတာ ေဝခြဲမရခဲ့ပါဘူး ။ ” “အဲဒီေနာက္ ခ်န္ပီယံလိဂ္မွာ မာေဆးအသင္းကို ( 3 – 0 ) ရလာဒ္ ရႈံးနိမ့္ခဲ့တယ္။ အဲ့ဒီပြဲစဥ္အၿပီး ကြၽန္ေတာ္ သူ႔ကို သြားေတြ႕ခဲ့တယ္။ ကြၽန္ေတာ့္ ဆီကေန ဘာေတြေမွ်ာ္လင့္ထားလဲဆိုတာ ေမးခဲ့တယ္။ ” ” ကြၽန္ေတာ့ရဲ႕ ဂ်ာမာန္ စကားကလည္း အေကာင္းဆုံး အေျခအေနမွာ ရွိမေနတဲ့အတြက္ သူေျပာတဲ့ အရာရာတိုင္းကို နားမလည္ေပမယ့္ စကားလုံးအနည္းငယ္၊ ေျခဟန္လက္ဟန္ေတြနဲ႔ ကြၽန္ေတာ္တို႔ ( ၂ ) ဦး နားလည္မႈရခဲ့ၾကပါတယ္။ ”

” သုံးရက္ၾကာၿပီးေနာက္ ေအာ့စ္ဘတ္နဲ႔ ပြဲမွာ ကြၽန္ေတာ္ hat trick သြင္းၿပီး တစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ( 4 – 0 ) အႏိုင္ရရွိခဲ့ၿပီး ဒါက ကြၽန္ေတာ့္ဘဝအတြက္ အလွည့္အေျပာင္း ျဖစ္ခဲ့ပါတယ္။” ” ကြၽန္ေတာ္ ယာဂန္ကို ဘာအေၾကာင္းမဆို ေျပာလို႔ရပါတယ္ ။ ယုံၾကည္လို႔ရပါတယ္။ သူဟာ မိသားစုစိတ္ဓာတ္ရွိၿပီး ကိုယ္ခ်င္းစာတရားျပည့္ဝသူတစ္ဦးပါ။ ” Source : mirror