ယုံကြည်မှုတွေ ပျောက်ဆုံးရင် လေးစားခဲ့တာတွေ၊ သံယောဇဉ်တွေပါ အဆုံးသတ်သွားတယ်

ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ချိန်မှာ လေးစားခဲ့တာတွေ၊

သံယောဇဉ်တွေပါအဆုံးသတ်သွားခဲ့ပါတယ်….

နည်းပြ ဆိုးလ်ရှား ယူနိုက်တက်ကို ယာယီနည်းပြအနေနဲ့

ရောက်ရှိလာခဲ့ချိန်က အသင်းရဲ့ ကစားသမားတွေထဲမှာ

ဆိုးလ်ရှားရဲ့ ယူနိုက်တက်မှာ အောင်မြင်ခဲ့တဲ့ ချန်ပီယံလိဂ်

သွင်းဂိုးကို မှတ်မှတ်ထင်ထင် ပြန်လည်ပြောဆိုခဲ့တဲ့ ဂျက်ဆီလင်ဂတ်ဟာ

သူ့ငယ်ဘဝထဲက အသင်းကို စိတ်ပျက်ခြင်းပေါင်းများစွာနဲ့

စွန်ခွာသွားဖို့ ဆုံးဖြတ်ချက်ချခဲ့လိုက်ပါပြီ။

လင်ဂတ်ဟာ မနှစ်က ဘောလုံးရာသီမှာ သူ့ရဲ့မိသားစုအရေးကိစ္စတွေကြောင့်

ခြေစွမ်းတွေပျက်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းဆီကို အငှားသွားရောက်ကစားခဲ့ရပါသေးတယ်။

နည်းပြ ဒေးဗစ်မိုယေးစ်ရဲ့ ဝက်စ်ဟမ်းမှာ သူ့ရဲ့အကောင်းဆုံး

ခြေစွမ်းတွေကို ပြန်လည်ရှာတွေ့ခဲ့ပြီး ယုံကြည်မှုတွေပြန်လည်ရရှိခဲ့တဲ့

လင်ဂတ်ဟာ အငှားကာလပြီးချိန်မှာ ဝက်စ်ဟမ်းအသင်းက

အပြီးခေါ်ယူချင်နေပေမယ့် သူဟာ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့

ယူနိုက်တက်ဆီကို ပြန်လာခဲ့ပါတယ်။

ဝက်စ်ဟမ်းမှာ အငှားသွားကစားစဉ်က လင်ဂတ်ဟာ

ပရီမီးယားလိဂ်ကပေးခဲ့တဲ့ ဧပြီလရဲ့ တစ်လတာ

အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့အပြင်

သူဟာ အသင်းကိုချစ်မြတ်နိုးတဲ့သူတစ်ဦဖြစ်နေတာကြောင့်လည်း

အသင်းဆီပြန်လာပြီး ကစားခွင့်ရယူမယ်ဆိုတဲ့

ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ဆိုးလ်ရှားရဲ့ ပွဲထွက်ကစားခွင့်မပေးတဲ့

အခြေအနေတွေမှာ စိတ်ပျက်စရာတွေဖြစ်လာခဲ့ရပါတယ်။

အရံခုံမှာပဲအချိန်တွေကုန်ခဲ့ရပြီး အင်္ဂလန်အသင်းမှာလည်း

ရွေးချယ်ခြင်းလည်းမခံခဲ့ရတော့တာက ခြေစွမ်းရှိတဲ့

ကစားသမားတစ်ယောက်အတွက် နာကျင်ခံစားရစေပါတယ်။

လင်ဂတ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အချက်အလက်တွေအရ

ယူနိုက်တက်အသင်းအတွက် ၈ ပွဲ ဝင်ရောက်ကစားပေးထားပြီး

၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပေမယ့် ပွဲတိုင်း

အချိန်ပြည့်ကစားခဲ့ရတာတော့မဟုတ်ပါဘူး။

သူ့ရဲ့ သွင်းဂိုးတွေကတော့ နယူးကာဆယ် အသင်းကို

အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်လာပြီး မိနစ် ၉၀ မှာ တစ်ဂိုး၊

ဝက်ဟမ်း အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း လူစားဝင်လာပြီး

ပွဲချိန် (၈၉) မိနစ်မှာ နောက်ကျ အနိုင်ဂိုး တို့ကို သွင်းယူခဲ့တာတွေပါပဲ။

အသက် (၂၈) နှစ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ

ယူနိုက်တက်က စွန့်ခွာဖို့ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့်

နည်းပြဆိုးလ်ရှားက သူ့ကို ပုံမှန်ပွဲထွက်ခွင့်အတွက် အခွင့်အရေးပေးမယ်လို့

စည်းရုံးခဲ့တာကြောင့် ယူနိုက်တက်မှာပဲ ဆက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်

လင်ဂတ်ဟာ ဒီနေ့မှာတော့ ယူနိုက်တက် ဘုတ်အဖွဲ့ရဲ့ကမ်းလှမ်းလာတဲ့

စာချုပ်သစ်နဲ့ပတ်သက်ပြီး အကြီးအကျယ်ပေါက်ကွဲခဲ့ပါတော့တယ်။

ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုဟာလည်း သူ စိတ်ပျက်မယ်ဆိုရင်လည်း

စိတ်ပျက်စရာပါပဲ။ စာချုပ်သစ်မှာ လင်ဂတ်ကို အခုရရှိနေတဲ့ လစာထက်

လျှော့ချပြီး အသစ်ချုပ်ဖို့ ကမ်းလှမ်းချက်က

သူ့ကို အသင်းကနေထွက်တော့လို့ ပြောလိုက်သလိုပါပဲ။

ဒါကြောင့်လည်း လင်ဂတ်က စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု

ကိစ္စတွေအားလုံးကို ရပ်ဆိုင်းထားလိုက်ပြီလို့ ဆုံးဖြတ်ချက်ချခဲ့လိုက်ပါတယ်။

သတင်းတွေမှာလည်း လင်ဂတ်က လာမယ့်ဇန်နဝါရီမှာ

အငှားနဲ့ထွက်ခွာတော့မယ်ဆိုပြီးဖော်ပြလာခဲ့ကြသလို

နောက်အကျဆုံး လာမယ့်နွေအပြောင်းအရွေ့မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့

ထွက်ခွာသွားဖို့ရှိနေတယ်ဆိုပြီးရေးသားလာကြပါတယ်။

သူ့ရဲ့အေးဂျင့်ဖြစ်သူကိုလည်း ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း

ကုန်ချိန်အထိတောင် မစောင့်ချင်တော့ဘဲ လာမယ့် ဆောင်းရာသီမှာတင်

အငှားထွက်ကစားနိုင်ဖို့ စီစဉ်ခိုင်းနေပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။

လင်ဂတ်ကို အငှားနဲ့ခေါ်ယူဖို့ လာလီဂါအသင်းတစ်သင်းက

သူ့ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးနေတယ်လို့လည်း သိရသလို

လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ

သူအငှားနဲ့ သွားကစားဖူးတဲ့ အသင်းဟောင်း ဝက်စ်ဟမ်းကလည်း

စိတ်ဝင်စားနေဆဲဖြစ်ပြီး သူသာ ယူနိုက်တက်က ထွက်ခွာဖြစ်မယ်ဆိုရင်

ခေါ်ယူဖို့အတွက် ထပ်မံကြိုးစားလာဖွယ်ရှိပါတယ်။

လင်ဂတ်ကလည်း ဝက်စ်ဟမ်းအသင်းကခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့

သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာ သူဝက်စ်ဟမ်းမှာကစားခဲ့တုန်းက

ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ အင်စတာဂရမ်ရဲ့ ကာဗာ မှာ ပိုစ်တင်ခဲ့ပါတယ်။

ယူနိုက်တက်မှာ လင်ဂတ်အပြင် ဆိုးလ်ရှားရဲ့ လူထုတ်ပုံအပေါ်

မကျေမနပ်ဖြစ်နေတဲ့ ဗန်ဒီဘိခ်ကလည်း လာမယ့်ဆောင်းရာသီမှာ

အသင်းက သေချာပေါက်ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့လည်း

သတင်းတွေမှာ ဖော်ပြနေပါတယ်။

zawgyi

ယုံၾကည္မႈေတြ ေပ်ာက္ဆုံးရင္ ေလးစားခဲ့တာေတြ၊ သံေယာဇဥ္ေတြပါ အဆုံးသတ္သြားတယ္

ယုံၾကည္မႈေတြ ေပ်ာက္ဆုံးခဲ့ခ်ိန္မွာ ေလးစားခဲ့တာေတြ၊

သံေယာဇဥ္ေတြပါအဆုံးသတ္သြားခဲ့ပါတယ္….

နည္းျပ ဆိုးလ္ရွား ယူႏိုက္တက္ကို ယာယီနည္းျပအေနနဲ႔

ေရာက္ရွိလာခဲ့ခ်ိန္က အသင္းရဲ႕ ကစားသမားေတြထဲမွာ

ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္မွာ ေအာင္ျမင္ခဲ့တဲ့ ခ်န္ပီယံလိဂ္

သြင္းဂိုးကို မွတ္မွတ္ထင္ထင္ ျပန္လည္ေျပာဆိုခဲ့တဲ့ ဂ်က္ဆီလင္ဂတ္ဟာ

သူ႔ငယ္ဘဝထဲက အသင္းကို စိတ္ပ်က္ျခင္းေပါင္းမ်ားစြာနဲ႔

စြန္ခြာသြားဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့လိုက္ပါၿပီ။

လင္ဂတ္ဟာ မႏွစ္က ေဘာလုံးရာသီမွာ သူ႔ရဲ႕မိသားစုအေရးကိစၥေတြေၾကာင့္

ေျခစြမ္းေတြပ်က္ခဲ့ၿပီး ဝက္စ္ဟမ္းအသင္းဆီကို အငွားသြားေရာက္ကစားခဲ့ရပါေသးတယ္။

နည္းျပ ေဒးဗစ္မိုေယးစ္ရဲ႕ ဝက္စ္ဟမ္းမွာ သူ႔ရဲ႕အေကာင္းဆုံး

ေျခစြမ္းေတြကို ျပန္လည္ရွာေတြ႕ခဲ့ၿပီး ယုံၾကည္မႈေတြျပန္လည္ရရွိခဲ့တဲ့

လင္ဂတ္ဟာ အငွားကာလၿပီးခ်ိန္မွာ ဝက္စ္ဟမ္းအသင္းက

အၿပီးေခၚယူခ်င္ေနေပမယ့္ သူဟာ တက္ႂကြတဲ့ ေျခလွမ္းေတြနဲ႔

ယူႏိုက္တက္ဆီကို ျပန္လာခဲ့ပါတယ္။

ဝက္စ္ဟမ္းမွာ အငွားသြားကစားစဥ္က လင္ဂတ္ဟာ

ပရီမီးယားလိဂ္ကေပးခဲ့တဲ့ ဧၿပီလရဲ႕ တစ္လတာ

အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။

ယူႏိုက္တက္ အကယ္ဒမီထြက္ကစားသမားတစ္ဦးျဖစ္တဲ့အျပင္

သူဟာ အသင္းကိုခ်စ္ျမတ္ႏိုးတဲ့သူတစ္ဦျဖစ္ေနတာေၾကာင့္လည္း

အသင္းဆီျပန္လာၿပီး ကစားခြင့္ရယူမယ္ဆိုတဲ့

ဆုံးျဖတ္ခ်က္ကို ခ်ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ သူ႔ရဲ႕ဆုံးျဖတ္ခ်က္ဟာ ဆိုးလ္ရွားရဲ႕ ပြဲထြက္ကစားခြင့္မေပးတဲ့

အေျခအေနေတြမွာ စိတ္ပ်က္စရာေတြျဖစ္လာခဲ့ရပါတယ္။

အရံခုံမွာပဲအခ်ိန္ေတြကုန္ခဲ့ရၿပီး အဂၤလန္အသင္းမွာလည္း

ေ႐ြးခ်ယ္ျခင္းလည္းမခံခဲ့ရေတာ့တာက ေျခစြမ္းရွိတဲ့

ကစားသမားတစ္ေယာက္အတြက္ နာက်င္ခံစားရေစပါတယ္။

လင္ဂတ္ဟာ ဒီႏွစ္ေဘာလုံးရာသီမွာ အခ်က္အလက္ေတြအရ

ယူႏိုက္တက္အသင္းအတြက္ ၈ ပြဲ ဝင္ေရာက္ကစားေပးထားၿပီး

၂ ဂိုး သြင္းယူေပးထားႏိုင္ခဲ့ေပမယ့္ ပြဲတိုင္း

အခ်ိန္ျပည့္ကစားခဲ့ရတာေတာ့မဟုတ္ပါဘူး။

သူ႔ရဲ႕ သြင္းဂိုးေတြကေတာ့ နယူးကာဆယ္ အသင္းကို

အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ လူစားဝင္လာၿပီး မိနစ္ ၉၀ မွာ တစ္ဂိုး၊

ဝက္ဟမ္း အသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း လူစားဝင္လာၿပီး

ပြဲခ်ိန္ (၈၉) မိနစ္မွာ ေနာက္က် အႏိုင္ဂိုး တို႔ကို သြင္းယူခဲ့တာေတြပါပဲ။

အသက္ (၂၈) ႏွစ္ရွိၿပီျဖစ္တဲ့ လင္ဂတ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ

ယူႏိုက္တက္က စြန႔္ခြာဖို႔ အခြင့္အေရးေကာင္းေတြရခဲ့ေပမယ့္

နည္းျပဆိုးလ္ရွားက သူ႔ကို ပုံမွန္ပြဲထြက္ခြင့္အတြက္ အခြင့္အေရးေပးမယ္လို႔

စည္း႐ုံးခဲ့တာေၾကာင့္ ယူႏိုက္တက္မွာပဲ ဆက္ရွိခဲ့တာလည္း ျဖစ္ပါတယ္။

လာမယ့္ေႏြရာသီမွာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္

လင္ဂတ္ဟာ ဒီေန႔မွာေတာ့ ယူႏိုက္တက္ ဘုတ္အဖြဲ႕ရဲ႕ကမ္းလွမ္းလာတဲ့

စာခ်ဳပ္သစ္နဲ႔ပတ္သက္ၿပီး အႀကီးအက်ယ္ေပါက္ကြဲခဲ့ပါေတာ့တယ္။

ယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈဟာလည္း သူ စိတ္ပ်က္မယ္ဆိုရင္လည္း

စိတ္ပ်က္စရာပါပဲ။ စာခ်ဳပ္သစ္မွာ လင္ဂတ္ကို အခုရရွိေနတဲ့ လစာထက္

ေလွ်ာ့ခ်ၿပီး အသစ္ခ်ဳပ္ဖို႔ ကမ္းလွမ္းခ်က္က

သူ႔ကို အသင္းကေနထြက္ေတာ့လို႔ ေျပာလိုက္သလိုပါပဲ။

ဒါေၾကာင့္လည္း လင္ဂတ္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈ

ကိစၥေတြအားလုံးကို ရပ္ဆိုင္းထားလိုက္ၿပီလို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့လိုက္ပါတယ္။

သတင္းေတြမွာလည္း လင္ဂတ္က လာမယ့္ဇန္နဝါရီမွာ

အငွားနဲ႔ထြက္ခြာေတာ့မယ္ဆိုၿပီးေဖာ္ျပလာခဲ့ၾကသလို

ေနာက္အက်ဆုံး လာမယ့္ေႏြအေျပာင္းအေ႐ြ႕မွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔

ထြက္ခြာသြားဖို႔ရွိေနတယ္ဆိုၿပီးေရးသားလာၾကပါတယ္။

သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူကိုလည္း ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း

ကုန္ခ်ိန္အထိေတာင္ မေစာင့္ခ်င္ေတာ့ဘဲ လာမယ့္ ေဆာင္းရာသီမွာတင္

အငွားထြက္ကစားႏိုင္ဖို႔ စီစဥ္ခိုင္းေနၿပီလို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

လင္ဂတ္ကို အငွားနဲ႔ေခၚယူဖို႔ လာလီဂါအသင္းတစ္သင္းက

သူ႔ရဲ႕ ေအးဂ်င့္နဲ႔ ေဆြးေႏြးေနတယ္လို႔လည္း သိရသလို

လင္ဂတ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ

သူအငွားနဲ႔ သြားကစားဖူးတဲ့ အသင္းေဟာင္း ဝက္စ္ဟမ္းကလည္း

စိတ္ဝင္စားေနဆဲျဖစ္ၿပီး သူသာ ယူႏိုက္တက္က ထြက္ခြာျဖစ္မယ္ဆိုရင္

ေခၚယူဖို႔အတြက္ ထပ္မံႀကိဳးစားလာဖြယ္ရွိပါတယ္။

လင္ဂတ္ကလည္း ဝက္စ္ဟမ္းအသင္းကေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔

သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္မွာ သူဝက္စ္ဟမ္းမွာကစားခဲ့တုန္းက

ဓာတ္ပုံတစ္ပုံကို သူ႔ရဲ႕ အင္စတာဂရမ္ရဲ႕ ကာဗာ မွာ ပိုစ္တင္ခဲ့ပါတယ္။

ယူႏိုက္တက္မွာ လင္ဂတ္အျပင္ ဆိုးလ္ရွားရဲ႕ လူထုတ္ပုံအေပၚ

မေက်မနပ္ျဖစ္ေနတဲ့ ဗန္ဒီဘိခ္ကလည္း လာမယ့္ေဆာင္းရာသီမွာ

အသင္းက ေသခ်ာေပါက္ထြက္ခြာဖို႔ ျပင္ဆင္ေနတယ္လို႔လည္း

သတင္းေတြမွာ ေဖာ္ျပေနပါတယ္။