ယုံကြည်မှုတွေ ဖြတ်သန်းစီးဆင်းနေပြီလို့ အာတီတာ ကြွေးကြော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ယခုအခါ အသင်းသားတွေအကြား ယုံကြည်မှုတွေ ဖြတ်သန်းစီးဆင်းနေပြီလို့ ခံစားနေရပြီး အခုလိုရလဒ်တွေပြန်ကောင်းလာရာမှာ ယုံကြည်မှုက အဓိကအချက်အနေနဲ့ ပါဝင်နေတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အာဆင်နယ်ဟာ ပွဲဆက်ကာလအတွင်း ရလဒ်တွေတောက်လျှောက်ကောင်းမွန်နေပြီး ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ကို အနိုင်ရခဲ့ပြီးနောက် တန်းဆင်းဇုန်နားကနေ ရုန်းထွက်နိုင်ခဲ့သလို ယမန်နေ့ညကလည်း ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ ဝ-၄ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ဝက်စ်ဘရွန်းအသင်းရဲ့အိမ်ကွင်း ဟော်သွန်းမှာ နှင်းတွေထူထပ်စွာကျဆင်းနေလို့ ပွဲရွှေ့ဆိုင်းဖို့ စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ပွဲကို ပုံမှန်အတိုင်းကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီး အာဆင်နယ်က အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ တီယာနေး၊ ဆာကာနဲ့ လာကာဇက်(၂ဂိုး)တို့က အာဆင်နယ်အတွက် ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်လည်း ၂နှစ်ကျော်အတွင်း ပရီးမီးယားလိဂ်မှာ အကြီးမားဆုံးအဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

”ယုံကြည်မှုတွေမြင့်မားစေတဲ့နိုင်ပွဲပါ။ ခရစ္စမတ်ကာလအတွင်း ပရီးမီးယားလိဂ်မှာ ၃ပွဲဆက်အနိုင်ရဖို့ဆိုတာ မလွယ်ပါဘူး။ ရာသီဥတုကလည်း သိပ်မကောင်းပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့အသင်း အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်”

”ပြီးတော့ ၂ပွဲဆက် ပေးဂိုးမရှိကစားနိုင်တာကလည်း ဆုကြီးတစ်ခုလိုပါပဲ။ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း ပိုမိုဖန်တီးနိုင်ခဲ့ပြီး တိုက်စစ်ကစားပုံ ပိုကောင်းခဲ့ပါတယ်”လို့ အာတီတာက ပြောပါတယ်။

အာဆင်နယ်ဟာ အခုဆိုရင် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၃ နေရာက စပါးနဲ့ ၆ မှတ်ပဲ ကွာဟတော့ပြီး အာတီတာက အာဆင်နယ်အသင်းရဲ့ကစားပုံနဲ့ပတ်သက်လို့ ဝမ်းသာနေပါတယ်။

”ဒီလိုပစ်မှတ်မျိုး ရောက်အောင်ကစားနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ အခုဆိုရင် အမှတ်ပေးဇယားက လုံးဝကိုကွဲပြားခြားနားသွားပါပြီ။ စွမ်းရည်တွေလည်း ပိုကောင်းလာပါတယ်။ နိုင်ပွဲတွေက ယုံကြည်မှုကို မွေးဖွားပေးပြီး ကျွန်တော်တို့အသင်းရဲ့ကစားပုံကို ကြည့်ရင် သိနိုင်ပါတယ်”လို့ အာတီတာက ဆက်ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယုံၾကည္မႈေတြ ျဖတ္သန္းစီးဆင္းေနၿပီလုိ႔ အာတီတာ ေႂကြးေၾကာ္

အာဆင္နယ္အသင္းနည္းျပ အာတီတာက ယခုအခါ အသင္းသားေတြအၾကား ယုံၾကည္မႈေတြ ျဖတ္သန္းစီးဆင္းေနၿပီလုိ႔ ခံစားေနရၿပီး အခုလိုရလဒ္ေတြျပန္ေကာင္းလာရာမွာ ယုံၾကည္မႈက အဓိကအခ်က္အေနနဲ႔ ပါ၀င္ေနတယ္လုိ႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။ အာဆင္နယ္ဟာ ပြဲဆက္ကာလအတြင္း ရလဒ္ေတြေတာက္ေလွ်ာက္ေကာင္းမြန္ေနၿပီး ခ်ဲလ္ဆီးနဲ႔ ဘ႐ိုက္တန္တို႔ကို အႏိုင္ရခဲ့ၿပီးေနာက္ တန္းဆင္းဇုန္နားကေန ႐ုန္းထြက္ႏိုင္ခဲ့သလုိ ယမန္ေန႔ညကလည္း ၀က္စ္ဘရြန္းကို အေ၀းကြင္းမွာ ၀-၄ဂိုးနဲ႔အႏိုင္ရရွိခဲ့ပါတယ္။

၀က္စ္္ဘရြန္းအသင္းရဲ႕အိမ္ကြင္း ေဟာ္သြန္းမွာ ႏွင္းေတြထူထပ္စြာက်ဆင္းေနလုိ႔ ပြဲေရႊ႕ဆုိင္းဖို႔ စိုးရိမ္မႈေတြရွိခဲ့ေပမယ့္ ပြဲကို ပုံမွန္အတုိင္းက်င္းပဖို႔ ဆုံးျဖတ္ခဲ့ၿပီး အာဆင္နယ္က အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့ပါတယ္။အဲဒီပြဲမွာ တီယာေနး၊ ဆာကာနဲ႔ လာကာဇက္(၂ဂိုး)တုိ႔က အာဆင္နယ္အတြက္ ဂိုးေတြအသီးသီးသြင္းယူႏုိင္ခဲ့ၿပီး အာဆင္နယ္လည္း ၂ႏွစ္ေက်ာ္အတြင္း ပရီးမီးယားလိဂ္မွာ အႀကီးမားဆုံးအေ၀းကြင္းႏုိင္ပြဲ ရယူႏုိင္ခဲ့ပါတယ္။

”ယုံၾကည္မႈေတြျမင့္မားေစတဲ့ႏိုင္ပြဲပါ။ ခရစၥမတ္ကာလအတြင္း ပရီးမီးယားလိဂ္မွာ ၃ပဲြဆက္အႏုိင္ရဖို႔ဆုိတာ မလြယ္ပါဘူး။ ရာသီဥတုကလည္း သိပ္မေကာင္းေပမယ့္ အဆုံးသတ္မွာေတာ့ ကၽြန္ေတာ္တို႔အသင္း အေကာင္းဆုံးလုပ္ျပႏိုင္ခ့ဲပါတယ္။ ၿပီးေတာ့ ၂ပဲြဆက္ ေပးဂိုးမရွိကစားႏုိင္တာကလည္း ဆုႀကီးတစ္ခုလုိပါပဲ။ ၿပိဳင္ဘက္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့သလုိ အခြင့္အေရးေတြလည္း ပိုမိုဖန္တီးႏိုင္ခဲ့ၿပီး တုိက္စစ္ကစားပုံ ပိုေကာင္းခဲ့ပါတယ္”လုိ႔ အာတီတာက ေျပာပါတယ္။

အာဆင္နယ္ဟာ အခုဆုိရင္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနေပမယ့္ အဆင့္ ၃ ေနရာက စပါးနဲ႔ ၆ မွတ္ပဲ ကြာဟေတာ့ၿပီး အာတီတာက အာဆင္နယ္အသင္းရဲ႕ကစားပုံနဲ႔ပတ္သက္လုိ႔ ၀မ္းသာေနပါတယ္။”ဒီလုိပစ္မွတ္မ်ိဳး ေရာက္ေအာင္ကစားႏုိင္ခဲ့လုိ႔ ကၽြန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ အခုဆုိရင္ အမွတ္ေပးဇယားက လုံး၀ကိုကြဲျပားျခားနားသြားပါၿပီ။ စြမ္းရည္ေတြလည္း ပိုေကာင္းလာပါတယ္။ ႏိုင္ပြဲေတြက ယုံၾကည္မႈကို ေမြးဖြားေပးၿပီး ကၽြန္ေတာ္တုိ႔အသင္းရဲ႕ကစားပုံကို ၾကည့္ရင္ သိႏုိင္ပါတယ္”လုိ႔ အာတီတာက ဆက္ေျပာပါတယ္။