ယုံကြည်မှုလွန်ကဲနေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာကိုင်လီယန်ဘက်ပေးကိုရာသီအကုန်တွင်

အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်လိမ့်မယ်လို့

အပြည့်အဝယုံကြည်နေကြောင်းသိရပါတယ်။

ပြင်သစ်စူပါစတားဟာယခုရာသီအကုန်မှာပီအက်စ်ဂျီနှင့်

စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှ

စတင်ကာနိုင်ငံခြားကလပ်များနှင့်လွတ်လပ်စွာဆွေးနွေးကာ

အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေသူလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာကိုင်လီယန်ဘက်ပေးကိုအသင်းတွင်ပင်ဆက်ထိန်းထားလိုပေမယ့်

ကစားသမားဘက်ကတော့ကလပ်ဘက်က

ကမ်းလှမ်းမှုများစွာတို့ကိုပယ်ချထားပြီးဖြစ်ပါတယ်။

တဖက်တွင်ရီးရဲလ်မက်ဒရစ်ကလည်းသူတို့ကာလရှည်ကြာပစ်မှတ်ထားလာတဲ့

ဘက်ပေးကိုခေါ်ယူနိုင်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။

ဒါပေမဲ့ယနေ့မှာ AS ရဲ့ဖော်ပြချက်အရကိုင်လီယန်ဘက်ပေးဟာ

ပီအက်စ်ဂျီနှင့်ရီးရဲလ်မက်ဒရစ်တို့ထိပ်ဆုံးဆုံတွေ့မယ့်

ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင်မှ ရီးရဲလ်မက်ဒရစ်နှင့်

အကြိုစာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်ကိုင်လီယန်ဘက်ပေးတို့ဟာ

၎င်းတို့ရဲ့စာချုပ်ကြောင့် ကလပ်နှစ်ခုအကြားအဆင်မပြေတင်းမာမှု

ပိုမိုဖြစ်ပွားလာမှာစိုးရိမ်တာကြောင့်ယင်းသို့လုပ်ဆောင်ဖို့

ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

zawgyi

ယုံၾကည္မႈလြန္ကဲေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္ဟာကိုင္လီယန္ဘက္ေပးကိုရာသီအကုန္တြင္

အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္လိမ့္မယ္လို႔

အျပည့္အဝယုံၾကည္ေနေၾကာင္းသိရပါတယ္။

ျပင္သစ္စူပါစတားဟာယခုရာသီအကုန္မွာပီအက္စ္ဂ်ီႏွင့္

စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွ

စတင္ကာႏိုင္ငံျခားကလပ္မ်ားႏွင့္လြတ္လပ္စြာေဆြးေႏြးကာ

အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနသူလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာကိုင္လီယန္ဘက္ေပးကိုအသင္းတြင္ပင္ဆက္ထိန္းထားလိုေပမယ့္

ကစားသမားဘက္ကေတာ့ကလပ္ဘက္က

ကမ္းလွမ္းမႈမ်ားစြာတို႔ကိုပယ္ခ်ထားၿပီးျဖစ္ပါတယ္။

တဖက္တြင္ရီးရဲလ္မက္ဒရစ္ကလည္းသူတို႔ကာလရွည္ၾကာပစ္မွတ္ထားလာတဲ့

ဘက္ေပးကိုေခၚယူႏိုင္မယ္လို႔အျပည့္အဝယုံၾကည္ေနပါတယ္။

ဒါေပမဲ့ယေန႔မွာ AS ရဲ႕ေဖာ္ျပခ်က္အရကိုင္လီယန္ဘက္ေပးဟာ

ပီအက္စ္ဂ်ီႏွင့္ရီးရဲလ္မက္ဒရစ္တို႔ထိပ္ဆုံးဆုံေတြ႕မယ့္

ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္အၿပီးတြင္မွ ရီးရဲလ္မက္ဒရစ္ႏွင့္

အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ႏွင့္ကိုင္လီယန္ဘက္ေပးတို႔ဟာ

၎တို႔ရဲ႕စာခ်ဳပ္ေၾကာင့္ ကလပ္ႏွစ္ခုအၾကားအဆင္မေျပတင္းမာမႈ

ပိုမိုျဖစ္ပြားလာမွာစိုးရိမ္တာေၾကာင့္ယင္းသို႔လုပ္ေဆာင္ဖို႔

ဆုံးျဖတ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။