
လက်ရှိ ဘက်တစ်မှာ ကစားနေတဲ့ အာဆင်နယ်နောက်ခံလူဟောင်း က
အရင်တုန်းက ကမ္ဘာ့အနှံ့ စစ်ပွဲတွေနဲ့ ပတ်သက်လို့ ပါးစပ်ပိတ်နေပြီး
အခု ယူကရိန်းအရေးမှ အသံထွက်တာကလည်း
လူမျိုးရေးခွဲခြားမှုတစ်ခုပဲလို့ ပြောကြားလိုက်ပါတယ်။
အရင်တုန်းကလည်း ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါလက်စတိုင်း၊
ယီမင်၊ အီရတ်တို့လို ဒေသတွေမှာ ဒီလိုမျိုး ဆိုးရွားတဲ့ စစ်ပွဲတွေရှိခဲ့ပါတယ်။
ဒါပေမယ့် အခု ယူကရိန်းကျူးကျော်ခံရချိန်ကျမှသာ
တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကန့်ကွက်နေကြတာဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဘယ်လာရင်က “ကျွန်တော်တို့ အခု ရုရှား-ယူကရိန်
းစစ်ပွဲအပေါ် အရမ်းစိတ်ဝင်စားနေတာ သိပါတယ်။
ဒါပေမယ့် အခုမှ ဒီလိုမျိုး ဖြစ်သင့်တာ မဟုတ်ပါဘူး။
အခုလောက် စိတ်ဝင်စားနေတာက စီးပွားရေး ဒါမှမဟုတ်
ဒုက္ခသည်အရေးကြောင့်လား ဆိုတာ ကျွန်တော် သေချာမသိပါဘူး”
“ပါလက်စတိုင်းစစ်ပွဲက အသံတိတ်သွားပြီ၊ ယီမင်မှာ၊ အီရတ်မှာလည်း အဲဒီအတိုင်းပဲ၊
အခုတော့ ဗော့ကာတိုင်းပြည်ကို ကမ္ဘာ့ဖလားကနေ ဖယ်ထုတ်ခဲ့တယ်၊
တခြားနိုင်ငံတွေဆိုလည်း အခု ယူကရိန်းမှာ ဖြစ်သလိုမျိုး
မတရားတိုက်ခိုက်ခံရမှုတွေ နှစ်ပေါင်းများစွာ ဖြစ်နေကြတာပါ”ဆိုပြီး ပြောပါတယ်။
zawgyi
ယူကရိန္းအေရးမွ အသံထြက္တာကလည္း လူမ်ိဳးေရးခြဲျခားမႈတစ္ခုပဲလို႔ ဘယ္လာရင္ ေျပာဆို
လက္ရွိ ဘက္တစ္မွာ ကစားေနတဲ့ အာဆင္နယ္ေနာက္ခံလူေဟာင္း က
အရင္တုန္းက ကမာၻ႔အႏွံ႔ စစ္ပြဲေတြနဲ႔ ပတ္သက္လို႔ ပါးစပ္ပိတ္ေနၿပီး
အခု ယူကရိန္းအေရးမွ အသံထြက္တာကလည္း
လူမ်ိဳးေရးခြဲျခားမႈတစ္ခုပဲလို႔ ေျပာၾကားလိုက္ပါတယ္။
အရင္တုန္းကလည္း ဆီးရီးယား၊ အာဖဂန္နစၥတန္၊ ပါလက္စတိုင္း၊
ယီမင္၊ အီရတ္တို႔လို ေဒသေတြမွာ ဒီလိုမ်ိဳး ဆိုး႐ြားတဲ့ စစ္ပြဲေတြရွိခဲ့ပါတယ္။
ဒါေပမယ့္ အခု ယူကရိန္းက်ဴးေက်ာ္ခံရခ်ိန္က်မွသာ
တစ္ကမာၻလုံးက ဝိုင္းဝန္းကန႔္ကြက္ေနၾကတာျဖစ္ပါတယ္။
အဲဒါေၾကာင့္လည္း ဘယ္လာရင္က “ကြၽန္ေတာ္တို႔ အခု ႐ုရွား-ယူကရိန္
းစစ္ပြဲအေပၚ အရမ္းစိတ္ဝင္စားေနတာ သိပါတယ္။
ဒါေပမယ့္ အခုမွ ဒီလိုမ်ိဳး ျဖစ္သင့္တာ မဟုတ္ပါဘူး။
အခုေလာက္ စိတ္ဝင္စားေနတာက စီးပြားေရး ဒါမွမဟုတ္
ဒုကၡသည္အေရးေၾကာင့္လား ဆိုတာ ကြၽန္ေတာ္ ေသခ်ာမသိပါဘူး”
“ပါလက္စတိုင္းစစ္ပြဲက အသံတိတ္သြားၿပီ၊ ယီမင္မွာ၊ အီရတ္မွာလည္း အဲဒီအတိုင္းပဲ၊
အခုေတာ့ ေဗာ့ကာတိုင္းျပည္ကို ကမာၻ႔ဖလားကေန ဖယ္ထုတ္ခဲ့တယ္၊
တျခားႏိုင္ငံေတြဆိုလည္း အခု ယူကရိန္းမွာ ျဖစ္သလိုမ်ိဳး
မတရားတိုက္ခိုက္ခံရမႈေတြ ႏွစ္ေပါင္းမ်ားစြာ ျဖစ္ေနၾကတာပါ”ဆိုၿပီး ေျပာပါတယ္။