ယူနိုက်တက်ကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကာဗာနီ

အက်ဒီဆင်ကာဗာနီရဲ့အစ်ကိုကညီဖြစ်သူမှာမန်ချက်စတာယူနိုက်တက်မှာ

မကြာမီကာလအတွင်းတွင်ထွက်ခွာတော့မှာဖြစ်ကြောင်း

အရိပ်အမြွက်ပြောကြားလာပါတယ်။အသက်၃၄နှစ်ရှိကာဗာနီဟာယခုရာသီတွင်

အကန့်အသတ်ဖြင့်သာပွဲကစားခွင့်ရရှိလာမှုကြောင့်အိုးထရက်ဖို့ဒ်မှထွက်ခွာမယ်လို့

သတင်းထွက်ပေါ်နေပါတယ်။ဥရုဂွေးဝါရင့်တိုက်စစ်မှူးကို

ဘာစီလိုနာ၊ဂျူဗင်တပ်နှင့်ဘရာဇီးထိပ်သီးကိုရင်သီယန်တို့က

ခေါ်ယူလိုနေကြောင်းသတင်းထွက်နေပါတယ်။

ယခုအခါကာဗာနီရဲ့အေးဂျင့်အဖြစ်တာဝန်ယူလုပ်ဆောင်နေတဲ့

ဝေါလ်တားဂူလိုင်မုန်းကစီမံကိန်းကောင်းမွန်တဲ့မည်သည့်ဘရာဇီးကလပ်ရဲ့

ကမ်းလှမ်းမှုကိုမဆိုစဉ်းစားသွားမယ်လို့ဆိုသွားပါတယ်။

၎င်းက “အနည်းငယ်တော့စောင့်ရမယ်(တောင်အမေရိကသို့ပြောင်းဖို့)။

ဘယ်တော့ထွက်ခွာမလဲဆိုတာကြည့်ရပါမယ်။တကယ်လို့များ

စီမံကိန်းကောင်းမွန်တဲ့ဘယ်ဘရာဇီးကလပ်ရဲ့ကမ်းလှမ်းမှုကိုမဆို

အလေးထားနားထောင်ပါမယ်။ကာဗာနီအတွက်ရွေးချယ်စရာအားလုံးကို

စဉ်းစားပါမယ်”လို့ပြောကြားသွားပါတယ်။

ကာဗာနီဟာအစောပိုင်းတုန်းကလည်းဥရောပဘောလုံးလောကတွင်

၁၄နှစ်ကြာကျင်လည်ပြီးနောက်တောင်အမေရိကသို့ပြန်ကာကစားလိုကြောင်း

ဖွင့်ဟပြောကြားခဲ့သူဖြစ်ပါတယ်။ကာဗာနီဟာအိုးထရက်ဖို့ဒ်ပထမဆုံးရာသီတွင်

၃၉ပွဲကစားရာမှာ၁၇ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

သူဟာခြေစွမ်းပြကစားနိုင်မှုနဲ့အတူတစ်နှစ်သက်တမ်းတိုးခြင်းခံခဲ့ရပါတယ်။

သူဟာယခုရာသီမှာတော့ဒဏ်ရာပြဿနာကြောင့်၂၇၄မိနစ်တည်းသာ

ကစားခွင့်ရထားပါသေးတယ်။ဥရုဂွေးတိုက်စစ်မှူးရဲ့

ယူနိုက်တက်စာချုပ်မှာယခုရာသီအကုန်တွင်ကုန်ဆုံးပါမယ်။

zawgyi

ယူႏိုက္တက္ကေန ထြက္ခြာဖို႔ နီးစပ္ေနတဲ့ ကာဗာနီ

အက္ဒီဆင္ကာဗာနီရဲ႕အစ္ကိုကညီျဖစ္သူမွာမန္ခ်က္စတာယူႏိုက္တက္မွာ

မၾကာမီကာလအတြင္းတြင္ထြက္ခြာေတာ့မွာျဖစ္ေၾကာင္း

အရိပ္အႁမြက္ေျပာၾကားလာပါတယ္။အသက္၃၄ႏွစ္ရွိကာဗာနီဟာယခုရာသီတြင္

အကန႔္အသတ္ျဖင့္သာပြဲကစားခြင့္ရရွိလာမႈေၾကာင့္အိုးထရက္ဖို႔ဒ္မွထြက္ခြာမယ္လို႔

သတင္းထြက္ေပၚေနပါတယ္။ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးကို

ဘာစီလိုနာ၊ဂ်ဴဗင္တပ္ႏွင့္ဘရာဇီးထိပ္သီးကိုရင္သီယန္တို႔က

ေခၚယူလိုေနေၾကာင္းသတင္းထြက္ေနပါတယ္။

ယခုအခါကာဗာနီရဲ႕ေအးဂ်င့္အျဖစ္တာဝန္ယူလုပ္ေဆာင္ေနတဲ့

ေဝါလ္တားဂူလိုင္မုန္းကစီမံကိန္းေကာင္းမြန္တဲ့မည္သည့္ဘရာဇီးကလပ္ရဲ႕

ကမ္းလွမ္းမႈကိုမဆိုစဥ္းစားသြားမယ္လို႔ဆိုသြားပါတယ္။

၎က “အနည္းငယ္ေတာ့ေစာင့္ရမယ္(ေတာင္အေမရိကသို႔ေျပာင္းဖို႔)။

ဘယ္ေတာ့ထြက္ခြာမလဲဆိုတာၾကည့္ရပါမယ္။တကယ္လို႔မ်ား

စီမံကိန္းေကာင္းမြန္တဲ့ဘယ္ဘရာဇီးကလပ္ရဲ႕ကမ္းလွမ္းမႈကိုမဆို

အေလးထားနားေထာင္ပါမယ္။ကာဗာနီအတြက္ေ႐ြးခ်ယ္စရာအားလုံးကို

စဥ္းစားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ကာဗာနီဟာအေစာပိုင္းတုန္းကလည္းဥေရာပေဘာလုံးေလာကတြင္

၁၄ႏွစ္ၾကာက်င္လည္ၿပီးေနာက္ေတာင္အေမရိကသို႔ျပန္ကာကစားလိုေၾကာင္း

ဖြင့္ဟေျပာၾကားခဲ့သူျဖစ္ပါတယ္။ကာဗာနီဟာအိုးထရက္ဖို႔ဒ္ပထမဆုံးရာသီတြင္

၃၉ပြဲကစားရာမွာ၁၇ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

သူဟာေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူတစ္ႏွစ္သက္တမ္းတိုးျခင္းခံခဲ့ရပါတယ္။

သူဟာယခုရာသီမွာေတာ့ဒဏ္ရာျပႆနာေၾကာင့္၂၇၄မိနစ္တည္းသာ

ကစားခြင့္ရထားပါေသးတယ္။ဥ႐ုေဂြးတိုက္စစ္မႉးရဲ႕

ယူႏိုက္တက္စာခ်ဳပ္မွာယခုရာသီအကုန္တြင္ကုန္ဆုံးပါမယ္။