ယူနိုက်တက်ကိုပြောင်းရွှေ့လာတဲ့ ဗန်ဒီဘိခ်ရဲ့ဆုံးဖြတ်ချက်ကိုဝေဖန်လိုက်တဲ့ ဗန်ဂေါလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကွင်းလယ်လူဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်ယူကိုပြောင်းလိုက်ခြင်းဟာ သူ့အတွက် အမှားတစ်ခုလုပ်လိုက်တာပဲလို့ အသင်းနည်းပြဟောင်းဗန်ဂေါလ်က ယုံကြည်နေပါတယ်။

နယ်သာလန်ကွင်းလယ်လူဟာ အေဂျက်ကနေ ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ နဲ့ရောက်ရှိလာခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ပုံမှန်ကစားခွင့်ရဖို့ အခုချိန်ထိ ရုန်းကန်နေရပါတယ်။

ဂိုးမရှိသရေကျခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ဗန်ဒီဘိခ်ဟာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်မရဘဲ အရံကစားသမားအဖြစ်သာလိုက်ပါလာခဲ့ရပြီး လူစားဝင်ခွင့်တောင်မရရှိခဲ့ပါဘူး။ နည်းပြဆိုးလ်ရှားဟာ အဲဒီပွဲမှာ မာရှယ်တစ်ယောက်ကိုသာ လူစားဝင်အဖြစ် အသုံးပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ရာသီက မန်ယူကို ကိုင်တွယ်ခဲ့တဲ့ဗန်ဂေါလ်ကတော့ သူနဲ့တစ်နိုင်ငံတည်းသားဟာ မန်ယူမဟုတ်တဲ့ တခြားဥရောပထိပ်တန်းကလပ်တစ်ခုကိုပြောင်းတာ ပိုကောင်းမယ်လို့ သုံးသပ်ပြောကြားမှုပြုလုပ်ခဲ့ပါတယ်။

”ဗန်ဒီဘိခ်လို ခြေစွမ်းကောင်းမွန်တဲ့ကစားသမားတစ်ယောက်အတွက် သူ့အချိန်ရောက်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းကတော့ သူရွေးချယ်မှုကောင်းတစ်ခုလုပ်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ ပေါဂ့်ဘာနဲ့ဖာနန်ဒက်စ်တို့ရှိနေမယ်ဆိုရင် ဘယ်နေရာမှာ ဗန်ဒီဘိခ်ကို ထားကစားရမလဲ။

သူအားသာတာက ကွင်းလယ်ကနေဘောလုံးကိုဖြန့်ကစားတဲ့သူ ဖာနန်ဒက်စ်နဲ့ပေါ့ဂ်ဘာတို့လဲရှိနေတဲ့ မန်ယူကွင်းလယ်မှာ သူဘာလုပ်မှာလဲ။ ပေါ့ဂ်ဘာတောင် မကြာခဏ ပွဲထွက်ခွင့်မရတာ ခင်ဗျားတို့မြင်ကြတယ်လေ”လို့ ဗန်ဂေါလ်က နယ်သာလန်ရုပ်သံတစ်ခုကို ပြောခဲ့တာပါ။

”မပြောင်းခင်ကတည်းက သေသေချာချာစဉ်းစားသင့်ပါတယ်။ သူ့အတွက် ပိုကောင်းနိုင်မယ့်အသင်းတွေ အများကြီးရှိပါတယ်။ သူဟာ အရည်အသွေးအများကြီးရှိတဲ့ကောင်လေးတစ်ယောက်ပါ”လို့ ဗန်ဂေါလ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ရာသီ အေဂျက်ရဲ့အောင်မြင်မှုမှာ အဓိကကျသူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ မန်ယူမှာ ခက်ခဲတဲ့ဘဝကို စတင်နေရတာလည်း ဖြစ်ပါတယ်။

သူဟာ ပါဝင်ကစားရတဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်ပေမယ့် ဆိုးလ်ရှားလက်ထက် ပရီးမီးယားလိဂ် ၂ ပွဲသာပွဲထွက်ခွင့်ရပါသေးတယ်။ မန်ယူကွင်းလယ်မှာ ဖာနန်ဒက်စ်က အမြဲတမ်းပွဲထွက်ခွင့် ရနေသလို ခြေစွမ်းပြနေခဲ့တာကြောင့် ဦးစားပေးအနေနဲ့ရှိနေပြီး ဗန်ဒီဘိခ်ကိုယ်တိုင်က ပေါ့ဂ်ဘာ၊ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ရဲ့နောက်မှာသာ ရှိနေပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူႏိုက္တက္ကိုေျပာင္းေရႊ႕လာတဲ့ ဗန္ဒီဘိခ္ရဲ႕ဆုံးျဖတ္ခ်က္ကိုေဝဖန္လိုက္တဲ့ ဗန္ေဂါလ္

ကြင္းလယ္လူဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ယူကိုေျပာင္းလိုက္ျခင္းဟာ သူ႕အတြက္ အမွားတစ္ခုလုပ္လိုက္တာပဲလို႔ အသင္းနည္းျပေဟာင္းဗန္ေဂါလ္က ယုံၾကည္ေနပါတယ္။ နယ္သာလန္ကြင္းလယ္လူဟာ ေအဂ်က္ကေန ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း ၄၀ နဲ႔ေရာက္ရွိလာခဲ့ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္မွာ ပုံမွန္ကစားခြင့္ရဖို႔ အခုခ်ိန္ထိ ႐ုန္းကန္ေနရပါတယ္။ ဂိုးမရွိသေရက်ခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာလည္း ဗန္ဒီဘိခ္ဟာ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခြင့္မရဘဲ အရံကစားသမားအျဖစ္သာလိုက္ပါလာခဲ့ရၿပီး လူစားဝင္ခြင့္ေတာင္မရရွိခဲ့ပါဘူး။ နည္းျပဆိုးလ္ရွားဟာ အဲဒီပြဲမွာ မာရွယ္တစ္ေယာက္ကိုသာ လူစားဝင္အျဖစ္ အသုံးျပဳခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ ရာသီက မန္ယူကို ကိုင္တြယ္ခဲ့တဲ့ဗန္ေဂါလ္ကေတာ့ သူနဲ႔တစ္ႏိုင္ငံတည္းသားဟာ မန္ယူမဟုတ္တဲ့ တျခားဥေရာပထိပ္တန္းကလပ္တစ္ခုကိုေျပာင္းတာ ပိုေကာင္းမယ္လို႔ သံုးသပ္ေျပာၾကားမႈျပဳလုပ္ခဲ့ပါတယ္။ ”ဗန္ဒီဘိခ္လို ေျခစြမ္းေကာင္းမြန္တဲ့ကစားသမားတစ္ေယာက္အတြက္ သူ႔အခ်ိန္ေရာက္လာမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕တုန္းကေတာ့ သူေ႐ြးခ်ယ္မႈေကာင္းတစ္ခုလုပ္ခဲ့တယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ ေပါဂ့္ဘာနဲ႔ဖာနန္ဒက္စ္တို႔ရွိေနမယ္ဆိုရင္ ဘယ္ေနရာမွာ ဗန္ဒီဘိခ္ကို ထားကစားရမလဲ။ သူအားသာတာက ကြင္းလယ္ကေနေဘာလံုးကိုျဖန္႔ကစားတဲ့သူ ဖာနန္ဒက္စ္နဲ႔ေပါ့ဂ္ဘာတို႔လဲရွိေနတဲ့ မန္ယူကြင္းလယ္မွာ သူဘာလုပ္မွာလဲ။ ေပါ့ဂ္ဘာေတာင္ မၾကာခဏ ပြဲထြက္ခြင့္မရတာ ခင္ဗ်ားတို႔ျမင္ၾကတယ္ေလ”လို႔ ဗန္ေဂါလ္က နယ္သာလန္႐ုပ္သံတစ္ခုကို ေျပာခဲ့တာပါ။

”မေျပာင္းခင္ကတည္းက ေသေသခ်ာခ်ာစဥ္းစားသင့္ပါတယ္။ သူ႔အတြက္ ပိုေကာင္းႏိုင္မယ့္အသင္းေတြ အမ်ားႀကီးရွိပါတယ္။ သူဟာ အရည္အေသြးအမ်ားႀကီးရွိတဲ့ေကာင္ေလးတစ္ေယာက္ပါ”လို႔ ဗန္ေဂါလ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂ ရာသီ ေအဂ်က္ရဲ႕ေအာင္ျမင္မႈမွာ အဓိကက်သူတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ မန္ယူမွာ ခက္ခဲတဲ့ဘဝကို စတင္ေနရတာလည္း ျဖစ္ပါတယ္။ သူဟာ ပါဝင္ကစားရတဲ့ပြဲေတြမွာ ေျခစြမ္းျပႏိုင္ေပမယ့္ ဆိုးလ္ရွားလက္ထက္ ပရီးမီးယားလိဂ္ ၂ ပြဲသာပြဲထြက္ခြင့္ရပါေသးတယ္။ မန္ယူကြင္းလယ္မွာ ဖာနန္ဒက္စ္က အၿမဲတမ္းပြဲထြက္ခြင့္ ရေနသလို ေျခစြမ္းျပေနခဲ့တာေၾကာင့္ ဦးစားေပးအေနနဲ႕ရွိေနၿပီး ဗန္ဒီဘိခ္ကိုယ္တိုင္က ေပါ့ဂ္ဘာ၊ ဖရက္ဒ္နဲ႔ တြမ္မီေနးတို႔ရဲ႕ေနာက္မွာသာ ရွိေနပါေသးတယ္။