ယူနိုက်တက်ကို စွန့်ခွာချင်နေပြီလား.. ကာဗာနီ

ပြီးခဲ့တဲ့နွေရာသီမှာ ကာဗာနီအနေနဲ့ အသင်းမှာပွဲထွက်ခွင့်အလုံအလောက်မရတဲ့

အပေါ် စိတ်ပျက်နေပြီး ယူနိုက်တက်ကို စွန့်ခွာဖို့ လုပ်ခဲ့ပါသေးတယ်။

စီရော်နယ်ဒို ရောက်လာပြီးနောက် ကာဗာနီဟာ သူဝတ်ဆင်ခဲ့တဲ့ ဂန္ထဝင်

ကျောနံပါတ် ၇ ကိုလည်း ပေါ်တူဂီသားဆီကို လွှဲပေးခဲ့ရပါသေးတယ်။

ဘိုကာဂျူနီယာအသင်းရဲ့ အလုပ်အမှုဆောင်ဖြစ်သူရီကွယ်မီးက

“ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ဘိုကာကိုပြောင်းချင်တယ်လို့ ကာဗာနီကပြောဖူးပါတယ်။

ဘာလို့လဲဆိုတော့ သူ့အတွက်ကစားချိန်သိပ်မရလို့ပါတဲ့။ ကျွန်တော်သူနဲ့

စကားပြောလာတာ အချိန်အတော်ကြာပါတယ်။”

“ကျွန်တော်မှတ်မိသေးတယ်။ တစ်ရက်ကျကျွန်တော်နဲ့သူစကားပြောတယ်။

နောက်နေ့ကျသူ့အသင်းအတွက်၂ဂိုးသွင်းပေးပြီး comeback နိုင်အောင်လုပ်ပေးခဲ့တယ်။

အဲဒီအချိန်ကနေစပြီး သူ့အသင်းအတွက်ဂိုးတွေသွင်းပေးတော့တာပါပဲ။ ပြီးတော့

ယူနိုက်တက်ဘက်ကလည်းသူ့ကိုဆုချတဲ့အနေနဲ့ စာချုပ်သက်တမ်းတိုးခဲ့တယ်” လို့

ပြောခဲ့တာပါ။

ယခုနှစ်မှာတော့ စီရော်နယ်ဒိုရောက်ရှိလာမှုနဲ့အတူ ကာဗာနီဟာပြိုင်ပွဲစုံ ၂ပွဲသာ

ပွဲထွက်ခွင့်ရထားပြီး စပါးအသင်းကိုအနိုင်ရခဲ့တဲ့ပွဲမှာ ၁ဂိုးသွင်းယူနိုင်ခဲ့တာပါ။

Zawgyi

ယူႏိုက္တက္ကို စြန႔္ခြာခ်င္ေနၿပီလား.. ကာဗာနီ

ၿပီးခဲ့တဲ့ေႏြရာသီမွာ ကာဗာနီအေနနဲ႔ အသင္းမွာပြဲထြက္ခြင့္အလုံအေလာက္မရတဲ့

အေပၚ စိတ္ပ်က္ေနၿပီး ယူႏိုက္တက္ကို စြန႔္ခြာဖို႔ လုပ္ခဲ့ပါေသးတယ္။

စီေရာ္နယ္ဒို ေရာက္လာၿပီးေနာက္ ကာဗာနီဟာ သူဝတ္ဆင္ခဲ့တဲ့ ဂႏၴဝင္

ေက်ာနံပါတ္ ၇ ကိုလည္း ေပၚတူဂီသားဆီကို လႊဲေပးခဲ့ရပါေသးတယ္။

ဘိုကာဂ်ဴနီယာအသင္းရဲ႕ အလုပ္အမႈေဆာင္ျဖစ္သူရီကြယ္မီးက

“ၿပီးခဲ့တဲ့ဇန္နဝါရီတုန္းက ဘိုကာကိုေျပာင္းခ်င္တယ္လို႔ ကာဗာနီကေျပာဖူးပါတယ္။

ဘာလို႔လဲဆိုေတာ့ သူ႔အတြက္ကစားခ်ိန္သိပ္မရလို႔ပါတဲ့။ ကြၽန္ေတာ္သူနဲ႔

စကားေျပာလာတာ အခ်ိန္အေတာ္ၾကာပါတယ္။”

“ကြၽန္ေတာ္မွတ္မိေသးတယ္။ တစ္ရက္က်ကြၽန္ေတာ္နဲ႔သူစကားေျပာတယ္။

ေနာက္ေန႔က်သူ႔အသင္းအတြက္၂ဂိုးသြင္းေပးၿပီး comeback ႏိုင္ေအာင္လုပ္ေပးခဲ့တယ္။

အဲဒီအခ်ိန္ကေနစၿပီး သူ႔အသင္းအတြက္ဂိုးေတြသြင္းေပးေတာ့တာပါပဲ။ ၿပီးေတာ့

ယူႏိုက္တက္ဘက္ကလည္းသူ႔ကိုဆုခ်တဲ့အေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တယ္” လို႔

ေျပာခဲ့တာပါ။

ယခုႏွစ္မွာေတာ့ စီေရာ္နယ္ဒိုေရာက္ရွိလာမႈနဲ႔အတူ ကာဗာနီဟာၿပိဳင္ပြဲစုံ ၂ပြဲသာ

ပြဲထြက္ခြင့္ရထားၿပီး စပါးအသင္းကိုအႏိုင္ရခဲ့တဲ့ပြဲမွာ ၁ဂိုးသြင္းယူႏိုင္ခဲ့တာပါ။