ဂန္တဝင်တွေစုပြီး ထင်တိုင်းကြဲတော့မယ့် ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ ကစားသမားဟောင်း ဒါရင်း ဖလက်ချာကို နည်းပြ ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

၂၀၁၉ခုနှစ်နောက်ပိုင်း ပွဲမကစားတော့တဲ့ ဖလက်ချာဟာ ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီးနောက် နှစ်၂၀ကြာ ကစားခဲ့ပါတယ်။

ဖလက်ချာဟာ ယူနိုက်တက်မှာ ၂၀၀၃ခုနှစ်ကနေ ၂၀၁၅ထိ ကစားခဲ့ပြီး ပွဲပေါင် ၃၄၀ကျော် ပါဝင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၅ကြိမ်၊ အက်ဖ်အေဖလား ၁ကြိမ်၊ ချန်ပီယံလိဂ် ၁ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၉ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် ၃၆နှစ်သား နည်းပြတစ်ဦးအဖြစ် လုပ်ကိုင်ဖို့ စီစဉ်ခဲ့ပြီး အောက်တိုဘာလကနေ စတင်ကာ ယူနိုက်တက် ယူ-၁၆အသင်းကို ကိုင်တွယ်နေခဲ့ပါတယ်။

ယခုအချိန်မှာတော့ အသင်းဖော်ဟောင်း ဆိုးလ်ရှားနဲ့ အသင်းကြီးကို ကိုင်တွယ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

ဖလက်ချာက “ကျွန်တော် အသင်းကို အသင်းကြီးနည်းပြတစ်ဦးအဖြစ် ပြန်လာနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ဒီလူငယ်အသင်ကို ကိုင်ခဲ့ရတာက တော်တော် စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီး အခုအချိန်မှာတော့ အိုလီ၊ ဝန်ထမ်းတွေနဲ့အတူ နည်းပြဘ၀ နောက်တစ်ဆစ်ချိုးကို တက်ရောက်ဖို့ မစောင့်နိုင်တော့ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားဟာ နည်းပြကြီး ဖာဂူဆန်လက်အောက် ဖလက်ချာနဲ့အတူ အိုးထရက်ဖို့ဒ်မှာ ၄နှစ်ကြာ ကစားခဲ့ပါတယ်။

ဆိုးလ်ရှားက “ဒါရင်းမှာ ယူနိုက်တက် DNA စီးဆင်းနေပြီး ယူနိုက်တက် ကစားသမားတစ်ယောက်အတွက် ဘာတွေ လိုအပ်တယ်ဆိုတာ ကောင်းကောင်း သိပါတယ်။ သူက နည်းပြဘဝအစမှာ ရှိနေပြီး ကွင်းတွင်း၊ ကွင်းပြင် အတွေ့အကြုံတွေ၊ နိုင်လိုစိတ်တွေ၊ ပေးဆပ်မှုတွေ၊ ကြိုးစားမှုတွေက အသင်းကို အကောင်းဆုံး အားဖြည့်မှု ဖြစ်လာမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဖလက်ချာဟာ လာမယ့်ပွဲစဉ်တွေမှာ ကွင်းလယ်တွဲဖက်ဟောင်း မိုက်ကယ် ကာရစ်နဲ့အတူ လက်တွဲကာ ကိုင်တွယ်မှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဂႏၱဝင္ေတြစုၿပီး ထင္တိုင္းၾကဲေတာ့မယ့္ ယူႏိုက္တက္

ယူႏုိက္တက္အသင္းဟာ ကစားသမားေဟာင္း ဒါရင္း ဖလက္ခ်ာကို နည္းျပ ဆုိးလ္ရွားရဲ႕ နည္းျပအဖြဲ႕၀င္အျဖစ္ ခန္႔အပ္လိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ၂၀၁၉ခုႏွစ္ေနာက္ပုိင္း ပဲြမကစားေတာ့တဲ့ ဖလက္ခ်ာဟာ ယူႏိုက္တက္ အကယ္ဒမီကေန ထြက္ေပၚလာခဲ့ျပီးေနာက္ ႏွစ္၂၀ၾကာ ကစားခဲ့ပါတယ္။ ဖလက္ခ်ာဟာ ယူႏိုက္တက္မွာ ၂၀၀၃ခုႏွစ္ကေန ၂၀၁၅ထိ ကစားခဲ့ျပီး ပဲြေပါင္ ၃၄၀ေက်ာ္ ပါ၀င္ခဲ့ကာ ပရီးမီးယားလိဂ္ဖလား ၅ၾကိမ္၊ အက္ဖ္ေအဖလား ၁ၾကိမ္၊ ခ်န္ပီယံလိဂ္ ၁ၾကိမ္ ဆြတ္ခူးခဲ့ပါတယ္။

၂၀၁၉ခုႏွစ္က ကစားသမားဘ၀ကေန အနားယူခဲ့ျပီးေနာက္ ၃၆ႏွစ္သား နည္းျပတစ္ဦးအျဖစ္ လုပ္ကိုင္ဖုိ႔ စီစဥ္ခဲ့ျပီး ေအာက္တုိဘာလကေန စတင္ကာ ယူႏုိက္တက္ ယူ-၁၆အသင္းကို ကိုင္တြယ္ေနခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ အသင္းေဖာ္ေဟာင္း ဆုိးလ္ရွားနဲ႔ အသင္းၾကီးကို ကိုင္တြယ္ခြင့္ရေတာ့မွာ ျဖစ္ပါတယ္။

ဖလက္ခ်ာက “ကြ်န္ေတာ္ အသင္းကို အသင္းၾကီးနည္းျပတစ္ဦးအျဖစ္ ျပန္လာႏိုင္ခဲ့လို႔ ၀မ္းသာမိပါတယ္။ ဒီလူငယ္အသင္ကို ကိုင္ခဲ့ရတာက ေတာ္ေတာ္ စိတ္လႈပ္ရွားစရာ ေကာင္းခဲ့ျပီး အခုအခ်ိန္မွာေတာ့ အုိလီ၊ ၀န္ထမ္းေတြနဲ႔အတူ နည္းျပဘ၀ ေနာက္တစ္ဆစ္ခ်ိဳးကို တက္ေရာက္ဖုိ႔ မေစာင့္ႏိုင္ေတာ့ပါဘူး”လို႔ ေျပာခဲ့ပါတယ္။ ဆုိးလ္ရွားဟာ နည္းျပၾကီး ဖာဂူဆန္လက္ေအာက္ ဖလက္ခ်ာနဲ႔အတူ အုိးထရက္ဖုိ႔ဒ္မွာ ၄ႏွစ္ၾကာ ကစားခဲ့ပါတယ္။

ဆိုးလ္ရွားက “ဒါရင္းမွာ ယူႏုိက္တက္ DNA စီးဆင္းေနျပီး ယူႏုိက္တက္ ကစားသမားတစ္ေယာက္အတြက္ ဘာေတြ လိုအပ္တယ္ဆုိတာ ေကာင္းေကာင္း သိပါတယ္။ သူက နည္းျပဘ၀အစမွာ ရွိေနျပီး ကြင္းတြင္း၊ ကြင္းျပင္ အေတြ႕အၾကံဳေတြ၊ ႏုိင္လိုစိတ္ေတြ၊ ေပးဆပ္မႈေတြ၊ ၾကိဳးစားမႈေတြက အသင္းကို အေကာင္းဆံုး အားျဖည့္မႈ ျဖစ္လာမွာပါ”လို႔ ဆုိခဲ့ပါတယ္။ ဖလက္ခ်ာဟာ လာမယ့္ပဲြစဥ္ေတြမွာ ကြင္းလယ္တဲြဖက္ေဟာင္း မုိက္ကယ္ ကာရစ္နဲ႔အတူ လက္တြဲကာ ကိုင္တြယ္မႈေတြ ျပဳလုပ္သြားရမွာ ျဖစ္ပါတယ္။