ယူနိုက်တက်ကို ပရီးမီးယားလိဂ်ချန်ပီယံဆုစာရင်းထဲထည့်ပြီး စီးတီးကို ပစ်ပယ်ခံခဲ့တဲ့ ဆီဗက်စတြာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူဟောင်း ဆီဗက်စတြာက အသင်းဟောင်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့ ထောက်ခံခဲ့ပြီး စီးတီးကတော့ မဖြစ်နိုင်ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီတုန်းကထက်ပိုကောင်းလာပြီး ဘန်လေကိုအနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်လာနိုင်ခဲ့ပါတယ်။


ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဒုတိယနေရာက လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဆီဗက်စတြာကတော့ သူရွေးချယ်ခဲ့တဲ့ ချန်ပီယံဆုစာရင်းမှာ ယူနိုက်တက် ၊ လီဗာပူးအပြင် လက်စတာကိုပါရွေးချယ်ခဲ့ပါတယ်။

ဒါပေမဲ့ ဖိအားတွေရင်ဆိုင်နေရတဲ့ စီးတီး နဲ့ ချဲလ်ဆီးတို့ကိုတော့ ချန်ပီယံလောင်းစာရင်းကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။


ဒါ့ပြင် မော်ရင်ဟိုရဲ့တော့တင်ဟမ်အသင်းကိုလည်း ချန်ပီယံဆုစာရင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဆေးလ်ဗားစထရီက အဆိုပါအသင်း ၃ သင်းဟာ ချန်ပီယံဖြစ်နိုင်တယ်လို့ ထောက်ခံခဲ့ပါတယ်။
“ကျွန်တော်ကတော့ ဒီရာသီမှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်း ၃ သင်းပဲမြင်မိပါတယ်။ သူတို့က ယူနိုက်တက် ၊ လက်စတာ နဲ့ လီဗာပူးတို့ပါ။


ယူနိုက်တက်ကတော့ ဒီရာသီမှာ ထင်မှတ်မထားလောက်အောင် တိုးတက်လာပါတယ်။ ဆိုးလ်ရှားက ဘာမှမပြောင်းလဲခဲ့ပါဘူး။
ပြောင်းလာခဲ့တာက ယူနိုက်တက်အသင်းသားတွေပါ။ ပြီးခဲ့တဲ့ရာသီကနဲ့မတူဘဲ ဒီနှစ်မှာ ယူနိုက်တက်ကစားသမားတွေက ပိုကောင်းလာပါတယ်။


အခုဆိုသူတို့ချန်ပီယံဆုကိုပါစိန်ခေါ်လာနိုင်ပါပြီ။ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုသာ ဆက်ထိန်းနိုင်မယ်ဆိုရင် ချန်ပီယံဖြစ်နိုင်ပါတယ်။

ချန်ပီယံဖြစ်ချင်တယ်ဆိုရင်တော့ ပြိုင်ဘက်ကို လျော့မတွက်ဖို့ လိုအပ်ပါတယ်။ အမြဲတမ်းအာရုံစူးစိုက်မှုအပြည့်နဲ့ကစားရင် ဖြစ်လာနိုင်ချေရှိနေပါတယ်”လို့ ဆီဗက်စတြာက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ယူႏုိက္တက္ကို ပရီးမီးယားလိဂ္ခ်န္ပီယံဆုစာရင္းထဲထည့္ျပီး စီးတီးကို ပစ္ပယ္ခံခဲ့တဲ့ ဆီဗက္စၾတာ

==================
ယူႏုိက္တက္ေနာက္ခံလူေဟာင္း ဆီဗက္စၾတာက အသင္းေဟာင္း ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္တယ္လုိ႔ ေထာက္ခံခဲ့ျပီး စီးတီးကေတာ့ မျဖစ္ႏုိင္ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ယူႏိုက္တက္ဟာ ဒီရာသီမွာ ျပီးခဲ့တဲ့ရာသီတုန္းကထက္ပိုေကာင္းလာျပီး ဘန္ေလကိုအႏုိင္ရရွိျပီးေနာက္ အမွတ္ေပးဇယားထိပ္ဆံုးကို တက္ေရာက္လာႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ လာမယ့္တနဂၤေႏြေန႔မွာ ဒုတိယေနရာက လီဗာပူးအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ဆီဗက္စၾတာကေတာ့ သူေရြးခ်ယ္ခဲ့တဲ့ ခ်န္ပီယံဆုစာရင္းမွာ ယူႏုိက္တက္ ၊ လီဗာပူးအျပင္ လက္စတာကိုပါေရြးခ်ယ္ခဲ့ပါတယ္။
ဒါေပမဲ့ ဖိအားေတြရင္ဆုိင္ေနရတဲ့ စီးတီး နဲ႔ ခ်ဲလ္ဆီးတို႔ကိုေတာ့ ခ်န္ပီယံေလာင္းစာရင္းကေန ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

ဒါ့ျပင္ ေမာ္ရင္ဟိုရဲ႕ေတာ့တင္ဟမ္အသင္းကိုလည္း ခ်န္ပီယံဆုစာရင္းကေန ထုတ္ပယ္ခဲ့ပါတယ္။ ေဆးလ္ဗားစထရီက အဆိုပါအသင္း ၃ သင္းဟာ ခ်န္ပီယံျဖစ္ႏုိင္တယ္လုိ႔ ေထာက္ခံခဲ့ပါတယ္။
“ကြ်န္ေတာ္ကေတာ့ ဒီရာသီမွာ ခ်န္ပီယံျဖစ္ႏိုင္တဲ့အသင္း ၃ သင္းပဲျမင္မိပါတယ္။ သူတို႔က ယူႏိုက္တက္ ၊ လက္စတာ နဲ႔ လီဗာပူးတို႔ပါ။
ယူႏုိက္တက္ကေတာ့ ဒီရာသီမွာ ထင္မွတ္မထားေလာက္ေအာင္ တုိးတက္လာပါတယ္။ ဆုိးလ္ရွားက ဘာမွမေျပာင္းလဲခဲ့ပါဘူး။
ေျပာင္းလာခဲ့တာက ယူႏုိက္တက္အသင္းသားေတြပါ။ ျပီးခဲ့တဲ့ရာသီကနဲ႔မတူဘဲ ဒီႏွစ္မွာ ယူႏိုက္တက္ကစားသမားေတြက ပိုေကာင္းလာပါတယ္။
အခုဆိုသူတို႔ခ်န္ပီယံဆုကိုပါစိန္ေခၚလာႏိုင္ပါျပီ။ တည္ျငိမ္တဲ့စြမ္းေဆာင္ရည္ကိုသာ ဆက္ထိန္းႏိုင္မယ္ဆုိရင္ ခ်န္ပီယံျဖစ္ႏုိင္ပါတယ္။

ခ်န္ပီယံျဖစ္ခ်င္တယ္ဆိုရင္ေတာ့ ျပိဳင္ဘက္ကို ေလ်ာ့မတြက္ဖို႔ လိုအပ္ပါတယ္။ အျမဲတမ္းအာရံုစူးစိုက္မႈအျပည့္နဲ႔ကစားရင္ ျဖစ္လာႏုိင္ေခ်ရွိေနပါတယ္”လို႔ ဆီဗက္စၾတာက ေျပာၾကားခဲ့ပါတယ္။