ယူနိုက်တက်က တိုက်စစ်အရမ်းလိုက်လွန်းလို့တောင် ခက်နေတယ်ဆိုပြီး ကလော့ပ်ကို တုံ့ပြန်လိုက်တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လီဗာပူးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ခံစစ်ကစားလွန်းတယ်ဆိုတဲ့ နည်းပြ ကလော့ပ်ရဲ့ ပြောကြားချက်အပေါ် တုံ့ပြန်လိုက်ပေမဲ့ မနက်ဖြန်ပွဲစဉ်မှာ တိုက်စစ်ပိုင်း ကစားပုံ တိုးတက်လာတာ မြင်ချင်ကြောင်း ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားမှာ ၂ပတ်ဆက်တိုက် တွေ့ကြတာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က ယူနိုက်တက်ဟာ ခံစစ် အရမ်းဆော့လွန်းတယ်ဆိုပြီး ဝေဖန်ခဲ့ပေမဲ့ ဆိုးလ်ရှားကတော့ သူ့ရဲ့ နည်းစနစ်တွေကို ကာကွယ်ခဲ့ပြီး တိုက်စစ်ပိုင်း အရမ်းလိုက်လွန်းလို့တောင် ပေးဆပ်ရမလို ဖြစ်ခဲ့သေးတယ်လို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့ ဘောလုံးရတိုင်း တိုက်စစ်ထိုးဖောက်ခဲ့ပြီး တိုက်စစ်လိုက်တာတောင် တော်တော်များနိုင်ပါတယ်။ ကျွန်တော်တို့ ခဏခဏ ဘောလုံးဆုံးရှုံးပြီး အဲ့ဒါက စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ တိုက်စစ်ကို အရမ်းကြီး လျင်လျင်မြန်မြန် လိုက်လွန်းပါတယ်”

“ကျွန်တော်တို့ တိုက်စစ် မကစားဘူးလို့ပြောကြတာ နားမလည်နိုင်ပါဘူး။ ကျွန်တော်တို့ တိုက်စစ်လိုက်ရင်း ဘောလုံးဆုံးရှုံံးနေတာ အများကြီးပါ။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အရည်အချင်းဖြစ်ပြီး ဒီထက်ပိုကောင်းအောင် လုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ သူတို့ကို ရှေ့တက်ပြီး Pressဖို့ ကြိုးစားခဲ့ပြီးတော့ အဲ့ဒါက မလွယ်ပါဘူး”

“သူတို့ ကစားပုံကောင်းခဲ့ပြီး ကျွန်တော်တို့ Pressကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ခံစစ်မှာ ပိတ်ဆို့ထားခြင်း မရှိပဲ ဖိအားပေးဖို့ပဲ ကြိုးစားခဲ့ပါတယ်။ သူတို့မှာ ကွင်းလယ် ၅ယောက်ရှိပြီး ဂိုးသမားကလည်း လူပေးတတ်ပါတယ်။ ပြန်ကြည့်လိုက်ရင် ၂သင်းလုံးအတွက် ပွဲကောင်း ၁ပွဲပါပဲ”

“ကျွန်တော်တို့ ထိပ်တန်း လီဗာပူးအသင်းနဲ့ ကစားခဲ့တာပါ။ ဗန်ဒိုက် မပါတာ မှန်ပေမဲ့ အာလုံးက ဒဏ်ရာရတတ်ကြတာပါပဲ။ ကျွန်တော် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္က တိုက္စစ္အရမ္းလိုက္လြန္းလို႔ေတာင္ ခက္ေနတယ္ဆိုျပီး ကေလာ့ပ္ကို တုံ႔ျပန္လိုက္တဲ့ ဆုိးလ္ရွား

ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားက လီဗာပူးနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ခံစစ္ကစားလြန္းတယ္ဆုိတဲ့ နည္းျပ ကေလာ့ပ္ရဲ႕ ေျပာၾကားခ်က္အေပၚ တုံ႔ျပန္လိုက္ေပမဲ့ မနက္ျဖန္ပြဲစဥ္မွာ တုိက္စစ္ပုိင္း ကစားပံု တုိးတက္လာတာ ျမင္ခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ လီဗာပူးနဲ႔ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားမွာ ၂ပတ္ဆက္တုိက္ ေတြ႕ၾကတာျဖစ္ျပီး ပရီးမီးယားလိဂ္ပဲြစဥ္မွာေတာ့ ဂုိးမရွိ သေရက်ခဲ့ပါတယ္။ ပြဲအျပီးမွာ ကေလာ့ပ္က ယူႏိုက္တက္ဟာ ခံစစ္ အရမ္းေဆာ့လြန္းတယ္ဆိုျပီး ေ၀ဖန္ခဲ့ေပမဲ့ ဆုိးလ္ရွားကေတာ့ သူ႕ရဲ႕ နည္းစနစ္ေတြကို ကာကြယ္ခဲ့ျပီး တုိက္စစ္ပုိင္း အရမ္းလိုက္လြန္းလို႔ေတာင္ ေပးဆပ္ရမလို ျဖစ္ခဲ့ေသးတယ္လို႔ ေျပာခဲ့ပါတယ္။

ဆုိးလ္ရွားက “ကြ်န္ေတာ္တို႔ ေဘာလံုးရတိုင္း တုိက္စစ္ထုိးေဖာက္ခဲ့ျပီး တုိက္စစ္လိုက္တာေတာင္ ေတာ္ေတာ္မ်ားႏိုင္ပါတယ္။ ကြ်န္ေတာ္တုိ႔ ခဏခဏ ေဘာလံုးဆံုးရႈံးျပီး အဲ့ဒါက စိန္ေခၚမႈ ျဖစ္ခဲ့ပါတယ္။ တိုက္စစ္ကို အရမ္းၾကီး လ်င္လ်င္ျမန္ျမန္ လိုက္လြန္းပါတယ္။ ကြ်န္ေတာ္တို႔ တုိက္စစ္ မကစားဘူးလို႔ေျပာၾကတာ နားမလည္ႏိုင္ပါဘူး။ ကြ်န္ေတာ္တို႔ တုိက္စစ္လုိက္ရင္း ေဘာလံုးဆံုးရႈံံးေနတာ အမ်ားၾကီးပါ။ အဲ့ဒါက ကြ်န္ေတာ္တို႔ရဲ႕ အရည္အခ်င္းျဖစ္ျပီး ဒီထက္ပုိေကာင္းေအာင္ လုပ္ႏိုင္ဖို႔ လိုပါတယ္။ ကြ်န္ေတာ္တို႔ သူတို႔ကို ေရွ႕တက္ျပီး Pressဖို႔ ၾကိဳးစားခဲ့ျပီးေတာ့ အဲ့ဒါက မလြယ္ပါဘူး”

“သူတို႔ ကစားပံုေကာင္းခဲ့ျပီး ကြ်န္ေတာ္တို႔ Pressကို ေက်ာ္ျဖတ္ဖို႔ ၾကိဳးစားခ့ဲပါတယ္။ ကြ်န္ေတာ္တို႔ ခံစစ္မွာ ပိတ္ဆုိ႔ထားျခင္း မရွိပဲ ဖိအားေပးဖို႔ပဲ ၾကိဳးစားခဲ့ပါတယ္။ သူတို႔မွာ ကြင္းလယ္ ၅ေယာက္ရွိျပီး ဂိုးသမားကလည္း လူေပးတတ္ပါတယ္။ ျပန္ၾကည့္လိုက္ရင္ ၂သင္းလံုးအတြက္ ပြဲေကာင္း ၁ပြဲပါပဲ။ ကြ်န္ေတာ္တို႔ ထိပ္တန္း လီဗာပူးအသင္းနဲ႔ ကစားခဲ့တာပါ။ ဗန္ဒိုက္ မပါတာ မွန္ေပမဲ့ အာလံုးက ဒဏ္ရာရတတ္ၾကတာပါပဲ။ ကြ်န္ေတာ္ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ျပီး ေက်နပ္ပါတယ္”လို႔ ဆုိခဲ့ပါတယ္။