ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံလောင်း ဖြစ်နိုင်တယ်လို့ ကာရေဂါ ပြောပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်နဲ့ ယူနိုက်တက်ဟာခါးသီးပြိုင်ဘက်တွေဖြစ်တာကြောင့် ကလပ်အသင်းကိုယ်စားပြု ကစားသမားဘဝမှာ ထိပ်တိုက်တွေ့ဆုံတိုင်း ပြဿနာဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကစားသမားဘဝကအနားယူပြီး ပွဲသုံသပ်သူတွေလုပ်နေကြချိန်မှာ ကာရေဂါ၊ နဗီး၊ရွိုင်ကိန်းတို့ အုပ်စုဟာ အတွဲမိနေကြပြီး ပရိသတ်တွေကြိုက်နှစ်သက်နေကြတဲ့ ပွဲသုံးသပ်သူတွေဖြစ်လာကြပါတယ်။ အထူးသဖြင့် ကာရေဂါနဲ့ နဗီးတို့နှစ်ဦးကိုပေါ့။ ကာရေဂါဟာ နဗီး၊ရွိုင်ကိန်းတို့နဲ့ ပေါင်းမိပြီးချိန်မှာ ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပြောဆိုထောက်ပြမှုတွေအတော်ကိုလုပ်ခဲ့သလို အခုလည်း ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံလောင်း ဖြစ်နိုင်တယ်ဆိုပြီးတော့ တောင်ပြောလာနေပါပြီ။

လီဗာပူးနောက်ခံလူဟောင်း ဂျင်မီကာရေဂါက ယူနိုက်တက်ဟာ ဒီရာသီရလဒ်ကောင်းတွေရယူထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ သောကြာနေ့က ဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် လီဗာပူးအသင်းနဲ့ အမှတ်တူအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

ယူနိုက်တက်အတွက် သွင်းဂိုးတွေကို မာရှယ် နဲ့ ဖာနန်ဒက်စ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိပြီးနောက် ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းအဖြစ် ထင်ကြေးပေးခံနေရပါတယ်။

ဆိုးလ်ရှားရဲ့ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကတော့ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက လက်ရှိခြေစွမ်းအနေအထားဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ “ယူနိုက်တက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း ချန်ပီယံဆုလိုချင်နေတာကြာပါပြီ။

အိမ်ကွင်းမှာထက် ယူနိုက်တက်ရဲ့အဝေးကွင်း စွမ်းဆောင်ရည်က ပိုကောင်းပါတယ်။ ယူနိုက်တက်အတွက် ဒီရာသီမှာအားသာချက်တစ်ခုက လီဗာပူး နဲ့ မန်စီးတီးတို့ ခြေစွမ်းကျနေတာပါ။
အဲ့တာကိုသာ အသုံးချနိုင်မယ်ဆိုရင် ချန်ပီယံဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အိမ်ကွင်း အားသာချက်ရှိအောင်လည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ရဲ့အဓိကကစားသမားတစ်ဦးလို့ ဆိုရမှာပါ။ သူပါတဲ့ပွဲတွေဆို ယူနိုက်တက်ရဲ့ရလဒ်ပိုင်းက ကောင်းတတ်ပါတယ်။ ယူနိုက်တက်မှာ ပြဿနာအချို့ရှိနေဆဲပါ။ အဲ့တာက ဂိုးသမားပြဿနာပါ။ ဒီဂီယာက ဒီရာသီမှာ အမှားတွေများနေပါတယ်။

ဟန်ဒါဆန်လည်းရှိနေသေးတာကြောင့် ဆိုးလ်ရှားအသုံးချတတ်ရင်တော့ အဆင်ပြေနိုင်ပါတယ်”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ မန်စီးတီးနဲ့ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ဆင်နွှဲရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏုိက္တက္က ပရီးမီးယားလိဂ္ ခ်န္ပီယံေလာင္း ျဖစ္ႏိုင္တယ္လို႔ ကာေရဂါ ေျပာျပီ

လီဗာပူးေနာက္ခံလူေဟာင္း ဂ်င္မီကာေရဂါက ယူႏိုက္တက္ဟာ ဒီရာသီရလဒ္ေကာင္းေတြရယူထားႏုိင္တာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ယံုၾကည္ေနပါတယ္။ ယူႏိုက္တက္ဟာ ေသာၾကာေန႔က ဗီလာအသင္းကို ၂-၁ ဂိုးနဲ႔ အႏုိင္ရရွိျပီးေနာက္ လီဗာပူးအသင္းနဲ႔ အမွတ္တူအေနအထားကို ေရာက္ရွိလာခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ သြင္းဂိုးေတြကို မာရွယ္ နဲ႔ ဖာနန္ဒက္စ္တို႔က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ေနာက္ဆံုး ၅ ပြဲမွာ ၄ ပြဲအထိ အႏုိင္ရရွိျပီးေနာက္ ယူႏိုက္တက္ဟာ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆု စိန္ေခၚႏုိင္တဲ့အသင္းတစ္သင္းအျဖစ္ ထင္ေၾကးေပးခံေနရပါတယ္။

ဆိုးလ္ရွားရဲ႕ယူႏိုက္တက္အသင္းဟာ ျပီးခဲ့တဲ့ရာသီတုန္းကေတာ့ အဆင့္ ၃ ေနရာနဲ႔ ရာသီသိမ္းႏို္င္ခဲ့ကာ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိခဲ့ပါတယ္။ လီဗာပူးေနာက္ခံလူေဟာင္း ကာေရဂါက လက္ရွိေျခစြမ္းအေနအထားဟာ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္လိမ့္မယ္လို႔ ခန္႔မွန္းခဲ့ပါတယ္။ “ယူႏုိက္တက္က ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္ပါတယ္။ ယူႏုိက္တက္ပရိသတ္ေတြကလည္း ခ်န္ပီယံဆုလိုခ်င္ေနတာၾကာပါျပီ။

အိမ္ကြင္းမွာထက္ ယူႏုိက္တက္ရဲ႕အေ၀းကြင္း စြမ္းေဆာင္ရည္က ပိုေကာင္းပါတယ္။ ယူႏိုက္တက္အတြက္ ဒီရာသီမွာအားသာခ်က္တစ္ခုက လီဗာပူး နဲ႔ မန္စီးတီးတို႔ ေျခစြမ္းက်ေနတာပါ။ အဲ့တာကိုသာ အသံုးခ်ႏိုင္မယ္ဆုိရင္ ခ်န္ပီယံျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အိမ္ကြင္း အားသာခ်က္ရွိေအာင္လည္း လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ဖာနန္ဒက္စ္ကေတာ့ ယူႏုိက္တက္ရဲ႕အဓိကကစားသမားတစ္ဦးလို႔ ဆိုရမွာပါ။ သူပါတဲ့ပြဲေတြဆို ယူႏိုက္တက္ရဲ႕ရလဒ္ပိုင္းက ေကာင္းတတ္ပါတယ္။

ယူႏိုက္တက္မွာ ျပႆနာအခ်ိဳ႕ရွိေနဆဲပါ။ အဲ့တာက ဂိုးသမားျပႆနာပါ။ ဒီဂီယာက ဒီရာသီမွာ အမွားေတြမ်ားေနပါတယ္။ ဟန္ဒါဆန္လည္းရွိေနေသးတာေၾကာင့္ ဆိုးလ္ရွားအသံုးခ်တတ္ရင္ေတာ့ အဆင္ေျပႏိုင္ပါတယ္”လို႔ ကာေရဂါက ေျပာၾကားခဲ့ပါတယ္။ယူႏိုက္တက္ဟာ လာမယ့္ဗုဒၶဟူးေန႔ညမွာ မန္စီးတီးနဲ႔ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ ဆင္ႏႊဲရမွာျဖစ္ပါတယ္။