ယူနိုက်တက်က သူ့အတွက် အောင်မြေဖြစ်နေတာကြောင့် ပြန်လည်ရောက်ရှိလာတာလား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်လို အသင်းကြီးမှာ ကစားဖူးတာနဲ့ ဘဝမှာ ဂုဏ်ယူစရာအခိုက်အတန့်အဖြစ်မှတ်ယူနိုင်သလို၊ ခြေစွမ်းပြနိုင်တာနဲ့ အနာဂတ်ကစားသမားဘဝဟာ ပိုပြီးမြင့်မားတိုးတက်လာနိုင်ပါတယ်။ ဒါကြောင့် တချို့သရဲနီဟောင်းတွေဟာ အသင်းအပေါ်မှာ သံယောဇဉ်တွေမပြတ်နိုင်ဖြစ်နေကြတာပါ။
ပြီးခဲ့တဲ့ရက်ကလည်းယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်ခဲ့သူ ဒါရင်း ဖလက်ချာက ယူနိုက်တက်အသင်းရဲ့ ယူ-၁၆ အသင်းကို နည်းပြ တစ်ဦးအဖြစ် ကိုင်တွယ်ခဲ့တာနဲ့ပတ်သက်ပြီးပြောဆိုလာခဲ့ပါတယ်။
ဖလက်ချာကသူ့ရဲ့ဘဝကို နောက်တစ်ဆင့် မြှင့်တင်နိုင်ရေး အတွက် အသင်းဟောင်းဆီ နည်းပြ အဖြစ် နဲ့ ပြန်လည် ရောက်ရှိလာခဲ့တာပါ။ ဖလက်ချာဟာ နည်းပြ ဘဝကို ကူးပြောင်း နိုင်ရေး ၊ လိုင်စင်ရယူ နိုင်ရေးအတွက်ရည်ရွယ်ပြီး အတွေ့အကြုံ ရှာဖွေနိုင်ရေးအတွက် ယူနိုက်တက် ယူ 16 အသင်း ရဲ့ အချိန်ပိုင်း နည်းပြ တာဝန်ကို ထမ်းဆောင်ဖို့ဆုံးဖြတ်လိုက်တာပါ။
ဖလက်ချာလိုပါပဲယူနိုက်တက် အသင်းရဲ့ ဘယ် နောက်ခံလူဟောင်း ဖြစ်တဲ့ ပတ်ထရစ် အီဗရာဟာလည်း ယူနိုက်တက် အသင်းမှာ အတွေ့အကြုံ ရှာဖွေခဲ့ ပါသေးတယ် ။
“ယူနိုက်တက်ကကျွန်တော့်အတွက် အရမ်းကို အဓိပ္ပါယ် ရှိတဲ့ ကလပ်အသင်းတစ်သင်းပါ။ အခုကိစ္စက နှစ်ဦးနှစ်ဖက် အတွက် အဆင်ပြေ လွန်းတဲ့ ကမ်းလှမ်းမှု ဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်တော့်ရဲ့ နည်းပြ လိုင်စင် ရရှိဖို့ အထောက်အကူ ဖြစ်နိုင်မှာ သေချာ သလို အကယ်ဒမီ က လူငယ် တွေကို အတွေ့အကြုံ မျှဝေခွင့် ပိုင်ဆိုင်မှာလည်း ဖြစ်ပါတယ် ။”
“နေ့တိုင်းလေ့ကျင့်ခန်းတွေလုပ်ပြီး လာမယ့်ပွဲစဉ်တွေအတွက် ပြင်ဆင်ရတဲ့ ကစားသမားဘဝ မဟုတ်တော့တာ ကို လက်ခံနိုင်ဖို့ ဘေးထွက်နေပြီး အချိန် ခဏလောက် ယူခဲ့ရပါတယ်။ ဒီနောက်မှာတော့ ကျွန်တော့ဘဝအတွက် အဓိပ္ပါယ်ရှိမယ့်အလုပ်တစ်ခုခုလုပ်ဖို့ စဉ်းစာနေခဲ့တာပေါ့။ အကောင်းဆုံးအလုပ်တွေ အများကြီးရှိနေပေမယ့် ကျွန်တော့်ရဲ့ သွေးသားထဲမှာကိုက ဘောလုံးနဲ့ ဝေးပြီးမနေနိုင်ပါဘူး။ ဒါကြောင့် နည်းပြအလုပ် လုပ်ကိုင်ဖို့ အတွက် ခြေလမ်း စခဲ့တာပေါ့။ အကယ်ဒမီက ကစားသမားလေးတွေ ဆိုတာကလည်း အခုမှ ကစား သမား ဘဝကို စတင်ကြမယ့် စိတ်အား ထက်သန်တဲ့ ကောင်လေးတွေဆိုတော့ သူတို့တွေနဲ့အတူရှိနေရတဲ့အချိန်တွေက ကျွန်တော့်ကိုလည်း စိတ်ဓါတ်တက်ကြွစေပါတယ်။ သူတို့တွေနဲ့ ညနေပိုင်းမှာ ကျွန်တော့်အချိန်တွေကို ပေးဖြစ်ပြီး လေ့ကျင်ခန်းလုပ်ရင်း ကျွန်တော့်ရဲ့ကစားသမားဘဝအတွေ့အကြုံ တွေဝေမျှရတာ ဘယ်လောက် အဓိပ္ပါယ် ရှိလဲဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။”
“သူတို့ကို ကျွန်တော်က အကြံလေးတွေ ပေးတယ်။ ပွဲအကြောင်း အသေးစိတ်ကိုလည်း ပြောပြတယ်။ သူတို့ ကဒါတွေကို အလေးအနက် နားထောင်ခဲ့ကြသလို ကွင်းထဲမှာလည်း အသုံးချပြခဲ့ကြပါတယ် ။ သူတို့ ဒီလို လုပ်ဆောင်တာကို ကြည့်ရှုရတာက ကျွန်တော့်အတွက် ပီတိဖြစ်ရတာပေါ့ ” ဆိုပြီး ဖလက်ချာကပြောဆိုပါတယ်။
ဖလက်ချာဟာ ယူနိုက်တက် အသင်းမှာ ကစား ခဲ့တဲ့ အချိန် 12 နှစ်တာ ကာလ အတွင်း မှာ ပရီးမီးယားလိဂ် 5 ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၊ ကလပ် ကမ္ဘာ့ ဖလား ၊ FA ဖလား နဲ့ ကားလင်း ဖလား တွေကို ရယူ ဆွတ်ခူး ထားနိုင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi