ယူနိုက်တက်ဆန်းချက်ဇ် လက်သစ်အဖြစ် ဝီလျံကို သတ်မှတ်လိုက်တဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း

ချဲလ်ဆီးကစားသမားဟောင်း တိုနီကက်စ်ကာရီနိုက အာဆင်နယ်တောင်ပံကစားသမား ဝီလျံက ယူနိုက်တက်မှာ ဆိုးရွားခဲ့တဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်လိုပဲ ခြေစွမ်းဆိုးရွားလွန်းတယ်လို့ ပြောပါတယ်။


အသက် ၃၂နှစ်အရွယ်ရှိ ဘရာဇီးလက်ရွေးစင် ဝီလျံဟာ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာချိန်ကတည်းက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး အသင်းအတွက် ပွဲ ၂၀မှာ ဂိုးမသွင်းနိုင်သေးသလို စနေညက ဆောက်သမ်တန်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာလည်း ပုံမှန်ခြေစွမ်းရဖို့ ဆက်လက်ရုန်းကန်ခဲ့ရ့ပါတယ်။


talkSPORT သတင်းဌာနရဲ့ အစီအစဉ်တင်ဆက်သူလည်းဖြစ်တဲ့ အိုင်ယာလန်လက်ရွေးစင်ဟောင်း ကက်စ်ကာရီနိုက ၂၀၁၈ ဇန်နဝါရီလက အာဆင်နယ်ကနေ ယူနိုက်တက်ကို ရောက်လာပြီးနောက် အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆန်းချက်ဇ်ရဲ့ဖြစ်ရပ်နဲ့ ဝီလျံကို နှိုင်းယှဉ်သွားပါတယ်။

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီက အင်တာမီလန်ကို အပြီးသတ်မပြောင်းရွှေ့ခင် ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ အထိ ရရှိခဲ့ပေမယ့် ၄၅ပွဲမှာ ၅ဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်။


”ဝီလျံရဲ့ကိစ္စနဲ့ပတ်သက်လို့ အာဆင်နယ်ကို သွားပြီးအပြစ်တင်လို့မရပါဘူး။ အာတီတာက လမ်းကြောင်းမှန်ပေါ်မှာရှိနေလို့ဖြစ်ပေမယ့် တချို့ဆုံးဖြတ်ချက်တွေကတော့ ရှိနေပါတယ်။ အဲဒီမှာ ရှာကာဆိုရင် သူ့ကို ကျွန်တော်မကြိုက်ပေမယ့် အသင်းကတော့ သူ့ကို အားကိုးနေပါတယ်”


”သူက Foul Play အရမ်းများပြီး ဘောလုံးဆုံးရှုံးတာလည်း ခဏခဏပါပဲ။ ဝီလျံကတော့ ပိုဆိုးပါတယ်။ သူဟာ အာဆင်နယ်ကို ရောက်လာချိန်ကတည်းက အရမ်းဆိုးရွားခဲ့ပြီး ယူနိုက်တက်မှာ ကစားခဲ့တဲ့ ဆန်းချက်ဇ်လိုပါပဲ”လို့ ကက်စ်ကာရီနိုက ပြောပါတယ်။


ဒါ့ပြင် အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဟောင်း အဘွန်လဟော်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဆင်နယ်ပရိသတ်တွေ ကွင်းထဲလာကြည့်ခွင့်မရတာ ဝီလျံအတွက် ကံကောင်းသွားတယ်လို့ ပြောပါတယ်။


”ဝီလျံလိုကစားသမားမျိုးကို အာဆင်နယ်ပရိသတ်တွေမကြိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ အာဆင်နယ်ဖန်တွေရဲ့အကြိုက်ကို ကျွန်တော်သိထားလို့ပါ။ အာဆင်နယ်ပရိသတ်တွေ ကွင်းထဲလာကြည့်ခွင့်မရတာ ဝီလျံ ကံကောင်းသွားပါတယ်”လို့ အဘွန်လဟော်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ယူႏုိက္တက္ဆန္းခ်က္ဇ္ လက္သစ္အျဖစ္ ၀ီလ်ံကို သတ္မွတ္လုိက္တဲ့ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း

ခ်ဲလ္ဆီးကစားသမားေဟာင္း တုိနီကက္စ္ကာရီႏိုက အာဆင္နယ္ေတာင္ပံကစားသမား ၀ီလ်ံက ယူႏိုက္တက္မွာ ဆုိးရြားခဲ့တဲ့ တုိက္စစ္မွဴး ဆန္းခ်က္ဇ္လုိပဲ ေျခစြမ္းဆုိးရြားလြန္းတယ္လုိ႔ ေျပာပါတယ္။
အသက္ ၃၂ႏွစ္အရြယ္ရွိ ဘရာဇီးလက္ေရြးစင္ ၀ီလ်ံဟာ ၿပီးခဲ့တဲ့ေႏြရာသီက ခ်ဲလ္ဆီးကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခ်ိန္ကတည္းက ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရၿပီး အသင္းအတြက္ ပြဲ ၂၀မွာ ဂိုးမသြင္းႏိုင္ေသးသလုိ စေနညက ေဆာက္သမ္တန္ကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့တ့ဲ အက္ဖ္ေအဖလားပြဲမွာလည္း ပုံမွန္ေျခစြမ္းရဖို႔ ဆက္လက္႐ုန္းကန္ခ့ဲရ႔ပါတယ္။
talkSPORT သတင္းဌာနရဲ႕ အစီအစဥ္တင္ဆက္သူလည္းျဖစ္တဲ့ အုိင္ယာလန္လက္ေရြးစင္ေဟာင္း ကက္စ္ကာရီႏိုက ၂၀၁၈ ဇန္န၀ါရီလက အာဆင္နယ္ကေန ယူႏုိက္တက္ကုိ ေရာက္လာၿပီးေနာက္ အုိးထရက္ဖို႔ဒ္အေျခစုိက္အသင္းမွာ ေျခစြမ္းမျပနိုင္ခဲ့တဲ့ ဆန္းခ်က္ဇ္ရဲ႕ျဖစ္ရပ္နဲ႔ ၀ီလ်ံကို ႏိႈင္းယွဥ္သြားပါတယ္။
ဆန္းခ်က္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက အင္တာမီလန္ကို အၿပီးသတ္မေျပာင္းေရႊ႕ခင္ ယူႏုိက္တက္မွာ တစ္ပတ္လုပ္ခ ေပါင္ ၅၀၀၀၀၀ အထိ ရရွိခဲ့ေပမယ့္ ၄၅ပြဲမွာ ၅ဂုိးပဲသြင္းယူႏိုင္ခဲ့ပါတယ္။
”၀ီလ်ံရဲ႕ကိစၥနဲ႔ပတ္သက္လုိ႔ အာဆင္နယ္ကို သြားၿပီးအျပစ္တင္လုိ႔မရပါဘူး။ အာတီတာက လမ္းေၾကာင္းမွန္ေပၚမွာရွိေနလုိ႔ျဖစ္ေပမယ့္ တခ်ိဳ႕ဆုံးျဖတ္ခ်က္ေတြကေတာ့ ရွိေနပါတယ္။ အဲဒီမွာ ရွာကာဆုိရင္ သူ႕ကို ကၽြန္ေတာ္မႀကိဳက္ေပမယ့္ အသင္းကေတာ့ သူ႕ကို အားကိုးေနပါတယ္”

”သူက Foul Play အရမ္းမ်ားၿပီး ေဘာလုံးဆုံး႐ံႈးတာလည္း ခဏခဏပါပဲ။ ၀ီလ်ံကေတာ့ ပိုဆုိးပါတယ္။ သူဟာ အာဆင္နယ္ကို ေရာက္လာခ်ိန္ကတည္းက အရမ္းဆုိးရြားခဲ့ၿပီး ယူႏုိက္တက္မွာ ကစားခဲ့တဲ့ ဆန္းခ်က္ဇ္လုိပါပဲ”လုိ႔ ကက္စ္ကာရီႏိုက ေျပာပါတယ္။
ဒါ့ျပင္ အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ေဟာင္း အဘြန္လေဟာ္ကလည္း ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ အာဆင္နယ္ပရိသတ္ေတြ ကြင္းထဲလာၾကည့္ခြင့္မရတာ ၀ီလ်ံအတြက္ ကံေကာင္းသြားတယ္လုိ႔ ေျပာပါတယ္။
”၀ီလ်ံလုိကစားသမားမ်ိဳးကို အာဆင္နယ္ပရိသတ္ေတြမႀကိဳက္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိတာ အာဆင္နယ္ဖန္ေတြရဲ႕အႀကိဳက္ကို ကၽြန္ေတာ္သိထားလုိ႔ပါ။ အာဆင္နယ္ပရိသတ္ေတြ ကြင္းထဲလာၾကည့္ခြင့္မရတာ ၀ီလ်ံ ကံေကာင္းသြားပါတယ္”လုိ႔ အဘြန္လေဟာ္က ေျပာပါတယ္။