ယူနိုက်တက်ဆီ အားကစားဒါရိုက်တာ ရောက်လာတော့မှာလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ကစားသမားခေါ်ယူမှုနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခံရတဲ့ ယူနိုက်တက်အသင်းဟာ အခုအခါမှာတော့ အားကစားဒါရိုက်တာရောက်ရှိလာတော့မယ်ဆိုတဲ့ အသံတွေကြားလာရပါတယ်။

ဒီနေ့ခေတ်မှာ အားကစားဒါရိုက်တာတစ်ယောက်ရဲ့ အသင်းတစ်သင်းမှာ ပါဝင်မှုက အရမ်းကိုအရေးပါလာပါတယ်။ ဒါကြောင့်လည်းယူနိုက်တက်ကစားသမားဟောင်းတွေအပါအဝင် ယူနိုက်တက်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကယူနိုက်တက်အနေနဲ့ အားကစားဒါရိုက်တာတစ်ယောက်ခန့်အပ်ဖို့အတွက်တိုက်တွန်းပြောဆိုခဲ့ကြတာပါ။

အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ဟာ ဘောလုံးနဲ့ဆိုင်တဲ့ အသင်းရဲ့ ကွင်းပြင်ပ ကိစ္စတွေကို ကိုင်တွယ်နိုင်ဖို့ အားကစားဒါရိုက်တာတစ်ဦး ခန့်အပ်ဖို့ စိတ်ကူးရှိနေပြီး လိုင်လီ အားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်ကို စောင့်ကြည့်နေတယ်လို့ သတင်းတွေကြားရပါတယ်။ ဝုဒ်ဝါ့ဒ်ဟာ အသင်းရဲ့အဓိကပစ်မှတ်ကစားသမားတွေကို မခေါ်ယူပေးနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကမ်ပို့စ်ဟာ လက်ရှိဘောလုံးလောကမှာ အကောင်းဆုံးအားကစားဒါရိုက်တာတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်သလို၊ ဥရောပတစ်ဝှမ်းမှာ အတွေ့အကြုံရင့်ကျက်တဲ့ အားကစားဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ နည်းပြဂျိုဆေးမော်ရင်ဟိုလက်ထက်က ရီးရဲလ်မက်ဒရစ် ကင်းထောက်အဖွဲ့ကို မဝင်ခင် ၂၃ နှစ်ကြာ နည်းပြတစ်ယောက်အဖြစ် ကျင်လည်ခဲ့ပါတယ်။ ဂေးလ်ဗီဆန်တီ အသင်းနဲ့အတူ ပေါ်တိုအသင်းရဲ့ ၂၇ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ခဲ့ဖူးပါတယ်။ ကမ်ပို့စ်ဟာ အားကစားဒါရိုက်တာ ရာထူးကို မိုနာကိုအသင်းမှာ ၂၀၁၃ ခုနှစ်က စတင်တာဝန်ယူခဲ့ပါတယ်။

ဘနာဒိုဆေးလ်ဗား၊အန်တိုနီမာရှယ်၊ ဖာဘင်ဟို၊ ဘာကာယိုကို တို့လို ကစားသမားတွေကို ကမ်ပို့စ်ဟာ မိုနာကိုအသင်းဆီကိုခေါ်ယူနိုင်ခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ လိုင်လီကိုရောက်ရှိချိန်မှာလည်းနီကိုးလ်ပီပီလိုကစားသမားမျိုးတွေကို အသင်းဆီခေါ်ဆောင်နိုင်ခဲ့ကာ အာဆင်နယ်အသင်းဆီဈေးကြီးကြီးနဲ့ ပြန်လည်ရောင်းချနိုင်ခဲ့ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ကမ်ပို့စ်ဟာ ဒါရိုက်တာချုပ် မာ့ခ်အင်ဂလာနဲ့ ပဋိပက္ခဖြစ်ပြီးနောက်မှာ လိုင်လီအသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး ယူနိုက်တက်က ၅၆ နှစ်အရွယ် ဝါရင့်အားကစား ဒါရိုက်တာကြီးကို အိုးလ်ထရက်ဖို့ဒ်မှာ ရာထူးတစ်ခုပေးပြီး အသင်းကိုဦးဆောင်စေဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။

ကမ်ပို့စ်ရဲ့ အားကစားဒါရိုက်တာဘဝတစ်လျှောက် သူပြန်လည်ရောင်းချခဲ့တဲ့ ကစားသမား(၉)ဦးကနေ ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း(၅၀၀)ကျော်လောက်အထိကိုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ပိုက်ဆံကိစ္စကြောင့် ခေါင်းခဲပြီး လိုတဲ့နေရာ မဖြည့်နိုင်၊ ပိုတဲ့သူတွေကို ရောင်းမထုတ်နိုင်ဖြစ်နေတဲ့ ယူနိုက်တက်အတွက် ကမ်ပို့စ်ဟာ အသက်ကယ်ဆေးဖြစ်လာနိုင်ပါတယ်။ ကမ်ပို့စ်တစ်ယောက် ယူနိုက်တက်ဆီရောက်လာမလားဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

zawgyi

ယူႏိုက္တက္ဆီ အားကစားဒါ႐ိုက္တာ ေရာက္လာေတာ့မွာလား

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတုန္းက ကစားသမားေခၚယူမႈနဲ႔ပတ္သက္ၿပီး ေဝဖန္ျပစ္တင္ခံရတဲ့ ယူႏိုက္တက္အသင္းဟာ အခုအခါမွာေတာ့ အားကစားဒါ႐ိုက္တာေရာက္ရွိလာေတာ့မယ္ဆိုတဲ့ အသံေတြၾကားလာရပါတယ္။

ဒီေန႔ေခတ္မွာ အားကစားဒါ႐ိုက္တာတစ္ေယာက္ရဲ႕ အသင္းတစ္သင္းမွာ ပါဝင္မႈက အရမ္းကိုအေရးပါလာပါတယ္။ ဒါေၾကာင့္လည္းယူႏိုက္တက္ကစားသမားေဟာင္းေတြအပါအဝင္ ယူႏိုက္တက္နဲ႔နီးစပ္တဲ့ အသိုင္းအဝိုင္းေတြကယူႏိုက္တက္အေနနဲ႔ အားကစားဒါ႐ိုက္တာတစ္ေယာက္ခန႔္အပ္ဖို႔အတြက္တိုက္တြန္းေျပာဆိုခဲ့ၾကတာပါ။

အမႈေဆာင္ခ်ဳပ္ အက္ဒ္ဝုဒ္ဝါ့ဒ္ဟာ ေဘာလုံးနဲ႔ဆိုင္တဲ့ အသင္းရဲ႕ ကြင္းျပင္ပ ကိစၥေတြကို ကိုင္တြယ္ႏိုင္ဖို႔ အားကစားဒါ႐ိုက္တာတစ္ဦး ခန႔္အပ္ဖို႔ စိတ္ကူးရွိေနၿပီး လိုင္လီ အားကစားဒါ႐ိုက္တာ လူးဝစ္ကမ္ပို႔စ္ကို ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြၾကားရပါတယ္။ ဝုဒ္ဝါ့ဒ္ဟာ အသင္းရဲ႕အဓိကပစ္မွတ္ကစားသမားေတြကို မေခၚယူေပးႏိုင္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ႏွစ္ပိုင္းအတြင္း ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ကမ္ပို႔စ္ဟာ လက္ရွိေဘာလုံးေလာကမွာ အေကာင္းဆုံးအားကစားဒါ႐ိုက္တာေတြထဲကတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာျဖစ္သလို၊ ဥေရာပတစ္ဝွမ္းမွာ အေတြ႕အႀကဳံရင့္က်က္တဲ့ အားကစားဒါ႐ိုက္တာတစ္ဦးလည္းျဖစ္ပါတယ္။ ေပၚတူဂီသားဟာ နည္းျပဂ်ိဳေဆးေမာ္ရင္ဟိုလက္ထက္က ရီးရဲလ္မက္ဒရစ္ ကင္းေထာက္အဖြဲ႕ကို မဝင္ခင္ ၂၃ ႏွစ္ၾကာ နည္းျပတစ္ေယာက္အျဖစ္ က်င္လည္ခဲ့ပါတယ္။ ေဂးလ္ဗီဆန္တီ အသင္းနဲ႔အတူ ေပၚတိုအသင္းရဲ႕ ၂၇ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ကို ရပ္တန႔္ခဲ့ဖူးပါတယ္။ ကမ္ပို႔စ္ဟာ အားကစားဒါ႐ိုက္တာ ရာထူးကို မိုနာကိုအသင္းမွာ ၂၀၁၃ ခုႏွစ္က စတင္တာဝန္ယူခဲ့ပါတယ္။

ဘနာဒိုေဆးလ္ဗား၊အန္တိုနီမာရွယ္၊ ဖာဘင္ဟို၊ ဘာကာယိုကို တို႔လို ကစားသမားေတြကို ကမ္ပို႔စ္ဟာ မိုနာကိုအသင္းဆီကိုေခၚယူႏိုင္ခဲ့တဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ လိုင္လီကိုေရာက္ရွိခ်ိန္မွာလည္းနီကိုးလ္ပီပီလိုကစားသမားမ်ိဳးေတြကို အသင္းဆီေခၚေဆာင္ႏိုင္ခဲ့ကာ အာဆင္နယ္အသင္းဆီေဈးႀကီးႀကီးနဲ႔ ျပန္လည္ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြအရ ကမ္ပို႔စ္ဟာ ဒါ႐ိုက္တာခ်ဳပ္ မာ့ခ္အင္ဂလာနဲ႔ ပဋိပကၡျဖစ္ၿပီးေနာက္မွာ လိုင္လီအသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ သိရပါတယ္။ အဲဒါေၾကာင့္ အဲဒီအေျခအေနကို အခြင့္ေကာင္းယူၿပီး ယူႏိုက္တက္က ၅၆ ႏွစ္အ႐ြယ္ ဝါရင့္အားကစား ဒါ႐ိုက္တာႀကီးကို အိုးလ္ထရက္ဖို႔ဒ္မွာ ရာထူးတစ္ခုေပးၿပီး အသင္းကိုဦးေဆာင္ေစဖို႔ စဥ္းစားလာတာ ျဖစ္ပါတယ္။

ကမ္ပို႔စ္ရဲ႕ အားကစားဒါ႐ိုက္တာဘဝတစ္ေလွ်ာက္ သူျပန္လည္ေရာင္းခ်ခဲ့တဲ့ ကစားသမား(၉)ဦးကေန ရရွိခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္သန္း(၅၀၀)ေက်ာ္ေလာက္အထိကိုရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ပိုက္ဆံကိစၥေၾကာင့္ ေခါင္းခဲၿပီး လိုတဲ့ေနရာ မျဖည့္ႏိုင္၊ ပိုတဲ့သူေတြကို ေရာင္းမထုတ္ႏိုင္ျဖစ္ေနတဲ့ ယူႏိုက္တက္အတြက္ ကမ္ပို႔စ္ဟာ အသက္ကယ္ေဆးျဖစ္လာႏိုင္ပါတယ္။ ကမ္ပို႔စ္တစ္ေယာက္ ယူႏိုက္တက္ဆီေရာက္လာမလားဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ပါ။