မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေဟာ အသင်းရဲ့အဓိကကွင်းလယ်လူ
တစ်ဦးဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ် ဒီရာသီမှာရုန်းကန်နေရတဲ့အတွက်
သူ့ခြေစွမ်းအပေါ် စိုးရိမ်မကင်းဖြစ်နေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ
ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာကတည်းက ပုံမှန်စွမ်းဆောင်ရည်မရှိတာကြောင့်
နောက်ပိုင်းမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရခဲ့ဘဲ နည်းပြဖာနန်ဒိုဆန်းတို့စ်က
ရီနာတိုဆန်းချက်ဇ်ကို ဦးစားပေးအသုံးပြုခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီကပြိုင်ပွဲစုံ(၂၈)ဂိုးအထိသွင်းပြီးတော့ ယူနိုက်တက်အသင်းရဲ့
သွင်းဂိုးအများဆုံးကစားသမား အဖြစ်ရပ်တည်ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ
ဒီရာသီမှာတော့ (၄)ဂိုးသာသွင်းယူထားတာပါ။
ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ပြီးခဲ့တဲ့(၁၈)လအတွင်း နိုင်ငံနဲ့ကလပ်အသင်းအတွက်
ပွဲတွေအများကြီးကစားခဲ့ရတာကြောင့် ပွဲပန်းတဲ့ဒဏ်ခံစားနေရတဲ့အတွက်
အခုလိုခြေစွမ်းမပြနိုင်ဖြစ်နေတာလားဆိုပြီးတော့ ယူနိုက်တက်တာဝန်ရှိသူတွေ
စိုးရိမ်နေကြတယ်လို့ The Athletic ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။
၂၀၂၀-၂၁ ရာသီကစတင်ပြီး ဘရူနိုဖာနန်ဒက်စ်ဟာ နိုင်ငံနဲ့ကလပ်
အသင်းအတွက် စုစုပေါင်း(၉၄)ပွဲအထိကစားခဲ့ရသလို ဆိုးလ်ရှားကလည်း
ဘရူနိုဖာနန်ဒက်စ်ကို ပွဲတိုင်းအသုံးပြုခဲ့တာကြောင့် အခုအချိန်မှာ ပုံမှန်
ခြေစွမ်းပြဖို့ရုန်းကန်နေရပြီး အသင်းကလည်း ရလဒ်ဆိုးတွေနဲ့ဆက်တိုက်
ရင်ဆိုင်နေရတာဖြစ်ပါတယ်။
zawgyi
ယူနိုက်တက်တာဝန်ရှိသူတွေ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီရာသီစွမ်းဆောင်ရည်အပေါ် စိုးရိမ်နေကြ