ယူနိုက်တက်တို့ လက်လျှော့ရမယ့်အနေအထားရောက်နေတဲ့ ထရစ်ပီယာ

အက်သလက်တီကိုအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူထရစ်ပီယာဟာ

ပြီးခဲ့တဲ့နွေရာသီကာလတစ်လျှောက်လုံး မန်ချက်စတာယူနိုက်တက်အသင်းဆီပြောင်းဖို့

သတင်းတွေထွက်ခဲ့ပြီးတော့မှ အခု နယူးကာဆယ်အသင်းကိုရောက်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘစ်ဆာကာနဲ့အပြိုင်ဖြစ်အောင်လို့

ထရစ်ပီယာကိုခေါ်ယူလိုခဲ့တာဖြစ်ပြီး အက်သလက်တီကိုအသင်းဆီ

ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် အက်သလက်တီကိုအသင်းက

စာချုပ်ပါလျော်ကြေးပေါင်(၃၁)သန်းအထိလိုချင်နေတာကြောင့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ထရစ်ပီယာကိုခေါ်ယူဖို့ အားမလျှော့သေးဘဲ

ကစားသမားကိုယ်တိုင်ကလည်း အင်္ဂလန်မြေကို ပြန်လာချင်တာကြောင့်

ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ဆန္ဒပြင်းပြခဲ့တာပါ။

ဒါပေမဲ့ အခုအချိန်မှာတော့ နယူးကာဆယ်အသင်းက ထရစ်ပီယာအတွက်

တရားဝင်ကမ်းလှမ်းမှုစတင်ပြုလုပ်လိုက်ပြီလို့ အက်သလက်တီကိုအသင်းက

အတည်ပြုခဲ့တာကြောင့် ယူနိုက်တက်တို့ လက်လျှော့ရမယ့်အနေအထားပါပဲ။

နယူးကာဆယ်အသင်းက ထရစ်ပီယာရဲ့စာချုပ်လျော်ကြေးပမာဏအတိုင်း

ပေးချေသွားဖို့ရှိနေပြီး ထရစ်ပီယာဟာ ဗယ်လက်ကာနိုနဲ့ကစားခဲ့တဲ့ပွဲအပြီးမှာ

ပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့လို့ အသင်းကနေထွက်ခွာဖို့

နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

zawgyi

ယူႏိုက္တက္တို႔ လက္ေလွ်ာ့ရမယ့္အေနအထားေရာက္ေနတဲ့ ထရစ္ပီယာ

အက္သလက္တီကိုအသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူထရစ္ပီယာဟာ

ၿပီးခဲ့တဲ့ေႏြရာသီကာလတစ္ေလွ်ာက္လုံး မန္ခ်က္စတာယူႏိုက္တက္အသင္းဆီေျပာင္းဖို႔

သတင္းေတြထြက္ခဲ့ၿပီးေတာ့မွ အခု နယူးကာဆယ္အသင္းကိုေရာက္ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဘစ္ဆာကာနဲ႔အၿပိဳင္ျဖစ္ေအာင္လို႔

ထရစ္ပီယာကိုေခၚယူလိုခဲ့တာျဖစ္ၿပီး အက္သလက္တီကိုအသင္းဆီ

ကမ္းလွမ္းမႈလုပ္ခဲ့ေပမယ့္ အက္သလက္တီကိုအသင္းက

စာခ်ဳပ္ပါေလ်ာ္ေၾကးေပါင္(၃၁)သန္းအထိလိုခ်င္ေနတာေၾကာင့္ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ ထရစ္ပီယာကိုေခၚယူဖို႔ အားမေလွ်ာ့ေသးဘဲ

ကစားသမားကိုယ္တိုင္ကလည္း အဂၤလန္ေျမကို ျပန္လာခ်င္တာေၾကာင့္

ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ဆႏၵျပင္းျပခဲ့တာပါ။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ နယူးကာဆယ္အသင္းက ထရစ္ပီယာအတြက္

တရားဝင္ကမ္းလွမ္းမႈစတင္ျပဳလုပ္လိုက္ၿပီလို႔ အက္သလက္တီကိုအသင္းက

အတည္ျပဳခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ လက္ေလွ်ာ့ရမယ့္အေနအထားပါပဲ။

နယူးကာဆယ္အသင္းက ထရစ္ပီယာရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးပမာဏအတိုင္း

ေပးေခ်သြားဖို႔ရွိေနၿပီး ထရစ္ပီယာဟာ ဗယ္လက္ကာႏိုနဲ႔ကစားခဲ့တဲ့ပြဲအၿပီးမွာ

ပရိသတ္ေတြကို လက္ျပႏႈတ္ဆက္ခဲ့လို႔ အသင္းကေနထြက္ခြာဖို႔

နီးစပ္ေနၿပီဆိုတဲ့ သတင္းေတြထြက္ေပၚေနပါတယ္။