
စကော့တလန်ထိပ်သီးကလပ် ရိန်းဂျားအသင်းဂန္ထဝင်ကစားသမားအယ်လီမက်ကွိုက်စ်က
မန်ချက်စတာယူနိုက်တက်နည်းပြသစ် ကွန်တီဖြစ်လာဖို့က
ဖြစ်နိုင်ခြေရှိနေဆဲလို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီကုန်ကျရင် ယာယီနည်းပြရန်နစ်ခ်ရဲ့နေရာမှာ
အမြဲတမ်းနည်းပြတစ်ဦးခန့်အပ်သွားမှာဖြစ်ပြီး
အခုလောလောဆယ် PSG နည်းပြပိုချက်တီနိုနဲ့
အေဂျက်စ်အသင်းနည်းပြအဲရစ်တန်ဟက်တို့က
အဲဒီရာထူးအတွက် ရေပန်းစားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက နည်းပြဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ခဲ့ချိန်မှာ
ယူနိုက်တက်အသင်းနည်းပြဖြစ်လာဖို့ ကွန်တီရေပန်းစားခဲ့ပေမယ့်
လက်တွေ့မှာဖြစ်မလာခဲ့ဘဲ အဲဒီနောက် ကွန်တီဟာ
စပါးအသင်းနည်းပြရာထူးကို လက်ခံခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းပစ်မှတ်ထားနေတဲ့ နည်းပြတွေထဲမှာ
ကွန်တီမပါဝင်ပေမယ့် မက်ကွိုက်စ်ကတော့
ကွန်တီဟာ ယူနိုက်တက်နည်းပြရာထူးအတွက်
အသင့်တော်ဆုံးဖြစ်တယ်လို့ဆိုခဲ့ပါတယ်။
မက်ကွိုက်စ်က “ပိုချက်တီနိုဟာ ယူနိုက်တက်အသင်းကို မကိုင်တွယ်လိုဘဲ
အသင်းဟောင်းစပါးအသင်းဆီ ပြန်ဖို့ဆန္ဒရှိနေတယ်ဆိုတဲ့
ကောလာဟလသတင်းတွေထွက်နေတာကြောင့်
ယူနိုက်တက်နည်းပြသစ်အဖြစ်ကွန်တီဖြစ်လာနိုင်ခြေရှိပါတယ်။
ကွန်တီကလည်း ကစားသမားခေါ်ယူအားဖြည့်ဖို့အတွက်
အသင်းဆီကနေ ငွေကြေးထောက်ပံ့မှုလိုချင်နေတာကြောင့်
စပါးအသင်းရဲ့အနေအထားအရ ကွန်တီ စိတ်ကျေနပ်မှုရှိလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။
ယူနိုက်တက်အသင်းမှာ ကစားသမားကောင်းတွေရှိပေမယ့်
အသင်းက အရင်လိုထိပ်တန်းအဆင့်မရှိတော့ဘဲ
ကွန်တီဟာ ကစားသမားတွေကို ခြေစွမ်းပြနိုင်အောင်ကူညီပေးနိုင်မယ်လို့
ကျွန်တော်ယူဆပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။
zawgyi
ယူႏိုက္တက္နည္းျပသစ္ ကြန္တီျဖစ္လာဖို႔ကျဖစ္ႏိုင္ေျခရွိေနဆဲလို႔ ခန႔္မွန္းေျပာဆိုလိုက္တဲ့ ရိန္းဂ်ားစ္အသင္းဂႏၴဝင္
စေကာ့တလန္ထိပ္သီးကလပ္ ရိန္းဂ်ားအသင္းဂႏၴဝင္ကစားသမားအယ္လီမက္ကြိဳက္စ္က
မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ ကြန္တီျဖစ္လာဖို႔က
ျဖစ္ႏိုင္ေျခရွိေနဆဲလို႔ ခန႔္မွန္းေျပာဆိုလိုက္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ရာသီကုန္က်ရင္ ယာယီနည္းျပရန္နစ္ခ္ရဲ႕ေနရာမွာ
အၿမဲတမ္းနည္းျပတစ္ဦးခန႔္အပ္သြားမွာျဖစ္ၿပီး
အခုေလာေလာဆယ္ PSG နည္းျပပိုခ်က္တီႏိုနဲ႔
ေအဂ်က္စ္အသင္းနည္းျပအဲရစ္တန္ဟက္တို႔က
အဲဒီရာထူးအတြက္ ေရပန္းစားေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလတုန္းက နည္းျပဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ခဲ့ခ်ိန္မွာ
ယူႏိုက္တက္အသင္းနည္းျပျဖစ္လာဖို႔ ကြန္တီေရပန္းစားခဲ့ေပမယ့္
လက္ေတြ႕မွာျဖစ္မလာခဲ့ဘဲ အဲဒီေနာက္ ကြန္တီဟာ
စပါးအသင္းနည္းျပရာထူးကို လက္ခံခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းပစ္မွတ္ထားေနတဲ့ နည္းျပေတြထဲမွာ
ကြန္တီမပါဝင္ေပမယ့္ မက္ကြိဳက္စ္ကေတာ့
ကြန္တီဟာ ယူႏိုက္တက္နည္းျပရာထူးအတြက္
အသင့္ေတာ္ဆုံးျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။
မက္ကြိဳက္စ္က “ပိုခ်က္တီႏိုဟာ ယူႏိုက္တက္အသင္းကို မကိုင္တြယ္လိုဘဲ
အသင္းေဟာင္းစပါးအသင္းဆီ ျပန္ဖို႔ဆႏၵရွိေနတယ္ဆိုတဲ့
ေကာလာဟလသတင္းေတြထြက္ေနတာေၾကာင့္
ယူႏိုက္တက္နည္းျပသစ္အျဖစ္ကြန္တီျဖစ္လာႏိုင္ေျခရွိပါတယ္။
ကြန္တီကလည္း ကစားသမားေခၚယူအားျဖည့္ဖို႔အတြက္
အသင္းဆီကေန ေငြေၾကးေထာက္ပံ့မႈလိုခ်င္ေနတာေၾကာင့္
စပါးအသင္းရဲ႕အေနအထားအရ ကြန္တီ စိတ္ေက်နပ္မႈရွိလိမ့္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။
ယူႏိုက္တက္အသင္းမွာ ကစားသမားေကာင္းေတြရွိေပမယ့္
အသင္းက အရင္လိုထိပ္တန္းအဆင့္မရွိေတာ့ဘဲ
ကြန္တီဟာ ကစားသမားေတြကို ေျခစြမ္းျပႏိုင္ေအာင္ကူညီေပးႏိုင္မယ္လို႔
ကြၽန္ေတာ္ယူဆပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။